Jail News

0 0
Read Time:3 Minute, 57 Second

ထားဝယ်အကျဉ်းထောင်အတွင်း၌ လေဖြတ်ဝေဒနာခံစားနေရသည့် နိုင်ငံရေးအကျဉ်းသား တစ်ဦး ကျဆုံး၊ မိတ္ထီလာအကျဉ်းထောင်အတွင်း၌လည်း သောက်သုံးရေမရရှိသဖြင့် ရေနွေးကြိုသောက်နေရ

 

D Day News

အောက်တိုဘာလ ၂၄

 

တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ထားဝယ်အကျဉ်းထောင်အတွင်း၌ ဆေးဝါးကုသမှု လုံလောက်စွာ မရ သဖြင့် လေဖြတ်နေသော နိုင်ငံရေးအကျဉ်းသားတစ်ဦး ကျဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံ ရေး အကျဉ်းသားများကွန်ရက် (PPNM) ထံမှ သိရသည်။

 

အောက်တိုဘာလ ၁၇ ရက်နေ့က ထားဝယ်အကျဉ်းထောင်အတွင်း ဆေးဝါးကုမှု လုံလောက်စွာ မရရှိသဖြင့် ပုဒ်မ ၅၀ ည ၊ ပုဒ်မ ၅၂ ဖြင့် မတရားအကျဉ်းချခံထားရသူ အသက် ၆၂ ဦးအရွယ်ကို ရဲအောင် (ခေါ်) ကိုချင်းသည် ထားဝယ်ဆေးရုံကျ ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း၊ ကိုရဲအောင်(ခေါ်) ကိုချင်း သည် အကြမ်းဖက်စစ်ကောင်စီတပ်သားများက စစ်ကြောရေးစခန်း၌ နှိပ်စက်ခံရကာ စက် တင်ဘာလ ၂၇ ရက်နေ့တွင် လေဖြတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

 

၂၀၂၄ခုနှစ်အတွင်း အကျဉ်းထောင်များအတွင်း၌ ဆေးဝါးစောင့်ရှောက်မှု မလုံ လောက်၍ ကျဆုံးသူ ၁၅ ဦးအထိရှိလာပြီဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ထုတ်ပြန်ထားသည်။

မန္တလေးတိုင်း၊ မိတ္ထီလာအကျဉ်းထောင်ထဲတွင် သောက်သုံးရေသန့် မရရှိသဖြင့် ရေနွေးကိုသာ  သောက်သုံးနေကြရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ထံမှ သိရသည်။

 

မန္တလေးတိုင်း မိတ္ထီလာအကျဉ်းထောင်တွင် ရေသန့်စက်တပ်ဆင်ထားသော်လည်း စက်မှာ မကြာခဏ ပျက်သည့်အပြင် ရေညှိများမကြာခဏတက်လေ့ရှိသဖြင့် သောက်သုံးရေသန့်ရရှိခြင်းမရှိပဲ အကျဉ်း ထောင် တွင်း‌ ပေးသည့် ရေနွေးကိုသာ အအေးခံ၍ သောက်သုံးနေကြရကြောင်း စုံစမ်းသိရှိရသည်။

 

ထို့အပြင် သောက်ရေသန့် သောက်သုံးချင်သူများအနေဖြင့် အကျဉ်းထောင်မှ ရောင်းချသော သောက် ရေသန့်ဘူးများကို မြန်မာငွေ (၁၅၀၀) ကျပ်အထိ ဈေးကြီးပေး‌ဝယ်သောက်နေရပြီး သောက်ရေသန့် ဝယ်မသောက်နိုင်သည့် သူများမှာ ထောင်ကပေးသည့် ရေကိုသာ ကျိုချက်သောက်သုံးနေကြရခြင်း ဖြစ်ကြောင်း သိသည်။

 

လက်ရှိ မိတ္ထီလာအကျဉ်းထောင်တွင် သောက်သုံးရေသာမက ချိုးရေများမှာလည်း မလောက်ငှဖြစ် နေသဖြင့် ထောင်ပြင်ပမှ ရေများကို ဝယ်ယူ၍ ချိုးကြရပြီး ရေကားတစ်စီးကို မြန်မာငွေ (၆၀,၀၀၀) ကျပ်အထိ ပေးဝယ်ကြရကြောင်း၊ နှစ်ရက်ကို တစ်ကြိမ်ခန့် အနည်းဆုံး ဝယ်ယူနေရပြီး ချိုးရေမလုံ လောက်သည့်အတွက် နောက်ဆက်တွဲ ယားနာကဲ့သို့သော အရေပြားပြဿနာများလည်း ဖြစ်ပေါ်နေ ကြောင်း သိရသည်။

 

မိတ္ထီလာအကျဉ်းထောင်တွင် ဆရာဝန်နှင့်ထောင်ဆေးရုံမရှိသဖြင့် အကျဉ်းသား၊အကျဉ်းသူများ ကျန်း မာရေးစောင့်ရှောက်မှုများပင် လုံလောက်စွာမရရှိသည့် အခြေအနေများကို ရင်ဆိုင်နေကြရကြောင်း၊

လက်ရှိတွင် မိတ္ထီလာအကျဉ်းထောင်၌ နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူများအပါအဝင် အကျဉ်းသား ၅၀၀ ဝန်းကျင်ခန့် ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသား များ ကွန်ရက်(PPNM) က ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *