International News

0 0
Read Time:4 Minute, 51 Second

စစ်ကောင်စီ၏ ဓါတု လက်နက်အသုံးပြုမှု အစီရင်ခံစာ မှတ်တမ်းများ သက်သေအထောက်အထား များကို သေချာစွာ စိစစ်၍ အချိန်နှင့် တစ်ပြေးညီ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် တိုက်တွန်း

 

D Day News

အောက်တိုဘာလ ၂၄

 

စစ်ကောင်စီ၏ ဓါတု လက်နက်အသုံးပြုမှု အစီရင်ခံစာ မှတ်တမ်းများ သက်သေအထောက်အထား များကို သေချာစွာ စိစစ်၍ အချိန်နှင့် တစ်ပြေးညီ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် ဓာတုလက်နက် အသုံး ပြုမှု ပိတ်ပင်ရေးဆိုင်ရာအဖွဲ့အစည်း (OPCW) နှင့် စာချုပ် အဖွဲ့ဝင်နိုင်ငံများကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောကြားသည်။

 

အောက်တို့ဘာလ ၂၃ ရက် နေ့က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်ရုံးတွင် ကျင်းပသည့် (၇၉) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီ (လက်နက်ဖျက် သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေးကော်မတီ) ၏ ဘာသာရပ်ဆိုင်ရာဆွေးနွေးမှုအစီအစဉ်မှ “အခြား အဖျက် စွမ်းအားပြင်း လက်နက်များ” ခေါင်းစဉ်ဖြင့်ဆွေးနွေးမှုတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီ အနေဖြင့် နိုင်ငံတဝှမ်း ပြည်သူများအပေါ် ဓါတုလက်နက်များ ကျယ်ကျယ် ပြန့်ပြန့် အသုံးမပြုလာမီ ကြိုတင်ကာကွယ်မှုများလိုအပ်လျက်ရှိရာ ဓာတုလက်နက်အသုံးပြုမှု ပိတ် ပင် ရေးဆိုင်ရာအဖွဲ့အစည်း (OPCW) နှင့် စာချုပ် အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် စစ်ကောင်စီ၏ ဓါတု လက်နက်အသုံးပြုမှု အစီရင်ခံစာ မှတ်တမ်းများ သက်သေအထောက်အထားများ ကို သေချာစွာ စိစစ်ကာ အချိန်နှင့် တစ်ပြေးညီ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် လိုအပ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောကြားသည်။

 

မြန်မာနိုင်ငံအတွင်း ပဋိပက္ခများဖြစ်ပွားရာဒေသများတွင် စစ်တပ်က ဓါတုပစ္စည်းများ အသုံးပြုမှုခဲ့ရာ ထိခိုက်ခံရသည့်သူများတွင် ဒါဏ်ရာရရှိမှု၊ ယာယီ မသန်စွမ်းဖြစ်မှု၊ အာရုံ ဝေဝါးမှု ခံစား ကြရသည်ကို ကျယ်ကျယ်ပြန့်ပြန့် မှတ်တမ်း သက်သေ အထောက် အထားများ ရှိကြောင်း၊ စစ်ကောင်စီ၏ သဘော သဘာဝကို သိရှိပြီးဖြစ်သည့် အတိုင်း ၎င်းတို့အနေဖြင့် စာချုပ် ပါအချက်များ လိုက်နာခြင်း မရှိသည့် ကိစ္စမှာ အားလုံးအတွက် အရေးကြီးသဖြင့် နိုင်ငံတကာ အသိုက်အဝန်းက အလေထား အရေးယူ ဆောင် ရွက်ရန်လိုအပ်ကြောင်း ဆက်လက်တိုက်တွန်းထားသည်။

 

မြန်မာနိုင်ငံနှင့် ပတ်သက်၍ မြန်မာစစ်တပ်သည် ဓာတုလက်နက် ထုတ်လုပ်မှု အစီအစဉ်နှင့် ယင်း ကို ထုတ်ဖော်ကြေညာခြင်း မရှိခဲ့သည့် စာချုပ်ပါအချက်ကို လိုက်နာခြင်း မရှိခဲ့သည့် ကိစ္စကို ယခုထိ ဖြေ ရှင်းနိုင်ခြင်း မရှိသေးကြောင်း၊ ၁၉၈၀ ခုနှစ်များ အတွင်း က စစ်တပ်မှ မြန်မာနိုင်ငံ အလယ်တောင် ပိုင်း ရှိ ထုံးဘိုအနီး တွင် နောက်ဆက်တွဲ (၁) ဓါတုပစ္စည်းဖြစ်သော ဆာလဖာဓာတုပစ္စည်း (sulfur mustard) များ ထုတ်လုပ်သည့်စက်ရုံ တည်ဆောက်မှု လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ ရွေးချယ်ခံ အရပ်သားအစိုးရ အနေဖြင့် စစ်တပ်မှ တရားမဝင် အာ ဏာသိမ်းသည့် ၂၀၂၁ ခုနှစ် မတိုင်မီ တစ်နှစ် အလိုခန့်ကသာ သိရှိခဲ့ကြောင်း၊ ယင်းကိစ္စကို ကိုင်တွယ် ဆောင်ရွက်ရေးအတွက် စစ်တပ်က ငြင်းဆန်ခဲ့ကြောင်း၊ ဤသို့ဖြစ်ခြင်းကြောင့် စာချုပ်အဖွဲ့ဝင်မြန်မာ နိုင်ငံသည် စာချုပ်၏အာတီကယ် ၁၊ အပိုဒ် (က)၊ ၂ နှင့် ၄ နှင့် အာတီကယ် ၃၊ စာပိုဒ် ၁ ကိုချိုးဖောက် ခြင်းဖြစ်ကြောင်း ထောက်ပြထားသည်။

 

ပြည်သူများ၏ အသက်များ နှင့် အနာဂတ်ကိုကယ်တင်ပေးနိုင်ရန် စစ်ကောင်စီထံသို့ လက်နက်၊ တိုက်လေယာဉ်လောင်စာဆီ၊ စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံးနိုင်သည့် ပစ္စည်းများ (dual-use items) နှင့် ဆက်စပ်နည်းပညာများ မရောက်ရှိရေးအတွက် ထိရောက်သော အရေးယူ ဆောင်ရွက်မှု များပြုလုပ်ရန် ထပ်လောင်းမေတ္တာရပ်ခံကြောင်း ၎င်းပြောဆိုသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *