စစ်တပ်၏ ရက်စက်ကြမ်း ကြုတ် သော ဖြတ်လေးဖြတ်ဗျူဟာ၊ ရွာများကို မီးရှို့ခြင်း၊လယ်ယာမြေ များ ဖျက်ဆီးခြင်း၊ အရပ်သား ပစ် မှတ်များအပါအဝင် ပစ်မှတ်မရွေးကို လေကြောင်းမှ ဗုံးကြဲ တိုက် ခိုက်ခြင်းနှင့် သတ်ဖြတ်ခြင်းတို့ကြောင့် ပြည်သူများ၏ ဆင်းရဲဒုက္ခများကို ပိုမိုဆိုးရွားလာ
D Day News
အောက်တိုဘာလ ၂၄
စစ်တပ်၏ ရက်စက်ကြမ်း ကြုတ် သော ဖြတ်လေးဖြတ်ဗျူဟာ၊ ရွာများကို မီးရှို့ခြင်း၊လယ်ယာမြေ များ ဖျက်ဆီးခြင်း၊ အရပ်သား ပစ် မှတ်များအပါအဝင် ပစ်မှတ်မရွေးကို လေကြောင်းမှ ဗုံးကြဲ တိုက် ခိုက်ခြင်းနှင့် သတ်ဖြတ်ခြင်းတို့ကြောင့် ပြည်သူများ၏ ဆင်းရဲဒုက္ခများကို ပိုမိုဆိုးရွားလာကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြား သည်။
အောက်တိုဘာလ ၂၁ ရက်နေ့က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် ကျင်းပပြုလုပ်သည့် (၇၉) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ဒုတိယကော်မတီ (စီးပွားရေးနှင့် ဘဏ္ဍာရေး) ၏ ဘာသာရပ်အစီအစဉ် (၂၁) အောက်ရှိ အထူးအခြေအနေရှိ နိုင်ငံအုပ်စုများ၊ ခေါင်းစဉ်ခွဲ (၁) – ပဉ္စမ အကြိမ် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများဆိုင်ရာ ကုလသမဂ္ဂညီလာခံ၏ ဆုံးဖြတ်ချက်များအား ဆက် လက်အရေးယူ ဆောင်ရွက်ခြင်းနှင့် ပတ်သက်သည့် အထွေထွေမူဝါဒရေးရာဆွေးနွေးမှုအစီအစဉ် တွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
တရားမဝင် စစ်အာဏာသိမ်းရန် ကြိုးပမ်းမှု သုံးနှစ်ခွဲကျော်ကာလအတွင်း မြန်မာပြည်သူများ သည် ပြည်သူ့ဝန်ဆောင်မှုများ လက်လှမ်းမီမှု၊ စားနပ်ရိက္ခာဖူလုံမှုနှင့် အလုပ်အကိုင်များအပါအဝင် ၎င်းတို့ ၏ အခြေခံလိုအပ်ချက်များကို ရရှိရန် ရုန်းကန်နေကြရကြောင်း၊ စစ်တပ်၏ ရက်စက်ကြမ်း ကြုတ် သော ဖြတ်လေးဖြတ်ဗျူဟာ၊ ရွာများကို မီးရှို့ခြင်း၊ လယ်ယာမြေ များ ဖျက်ဆီးခြင်း၊ အရပ်သား ပစ် မှတ်များအပါအဝင် ပစ်မှတ်မရွေးကို လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခြင်းနှင့် သတ်ဖြတ်ခြင်းတို့ ကြောင့် ပြည်သူများ၏ ဆင်းရဲဒုက္ခများကို ပိုမိုဆိုးရွား စေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲ တမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြောကြားသည်။
ပြည်သူ ၁၅ သန်းကျော်သည် စားနပ်ရိက္ခာမလုံလောက်မှုနှင့် ရင်ဆိုင်နေရပြီး ၁၈.၆ သန်းသည် လူ သားချင်းစာနာထောက်ထားမှုအကူအညီများ လိုအပ်နေကြောင်း၊ ထို့ပြင် လူပေါင်း ၃.၄ သန်းကျော် အိုးအိမ်မဲ့ဖြစ်နေကြရကြောင်း၊ အိုးအိမ်ပေါင်း ၁၀၀,၀၀၀ ကျော် ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ UNDP report အရ မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်နီးပါးသည် နိုင်ငံ၏ ဆင်းရဲမွဲတေမှုမျဉ်းအောက်၌ နေထိုင်နေရကြောင်း သိရသည်။
ထိုသို့ ခက်ခဲသော အခြေအနေတွင် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ၊ တိုင်းရင်းသား တော် လှန်ရေး အဖွဲ့အစည်းများ (ERO) နှင့် အခြားသော မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် အသက်ကယ် ထောက်ပံ့ရေး၊ လူသားချင်း စာနာထောက်ထားမှု၊ ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု ဝန် ဆောင်မှုများ အပါအဝင် ပြည်သူများအား အရေးပေါ် အကူအညီများ ဆက်လက် ပံ့ပိုးပေးလျက်ရှိ ကြောင်း သိရသည်။
စစ်အာဏာသိမ်းမှုနှင့် ၎င်း၏ ရက်စက်ယုတ်မာမှုများသည် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံအဆင့်မှ လွတ် မြောက်ရန်နှင့် နိုင်ငံတွင်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ (SDGs) အောင်မြင်ရန် ကြိုးပမ်းမှုများ ကို အဟန့်အတားဖြစ်စေသည်မှာ ထင်ရှားကြောင်း၊ မြန်မာနိုင်ငံကို ဖွံ့ဖြိုး တိုးတက်ရေး လမ်းကြောင်း ပေါ် ပြန်လည်ရောက်ရှိရေး မူလဆိုးကျိုး ဇစ်မြစ်ဖြစ်သော စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်း ရန်နှင့် မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရန်အတွက် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ၊ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ (ERO) ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ (CSO) နှင့် ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရမည်ဖြစ် ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြောဆိုသည်။
မြန်မာပြည်သူများအနေဖြင့် စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ တည်ထောင် ရေးအတွက် ခိုင်မာသော သိန္ဓိဌာန် ချထားပြီးဖြစ်ကြေင်း၊ ထို့ကြောင့် မြန်မာပြည်သူများအတွက် ထိ ရောက်ပြီး မြင်သာထင်သာသော အထောက်အပံ့များပေးရန်နှင့် မည်သူကိုမျှ နောက်ချန်မထားခဲ့ ရန် ဟူသော မူ ကို လိုက်နာဖြည့်ဆည်းပေးရန် နိုင်ငံတကာ အသိုက်အဝန်းအား တောင်းဆိုထား သည်။
D Day News