International News

0 0
Read Time:4 Minute, 31 Second

မြေပြင်တွင် စစ်ရေးရှုံးနိမ့်လျက်ရှိသော စစ်ကောင်စီကစာသင်ကျောင်းများ၊ ဘာသာရေး အဆောက် အဦများနှင့် ဆေးရုံများကို မဆင်မခြင် လေကြောင်းမှတဆင့် ဗုံးကျဲ တိုက်ခိုက်မှုများလုပ်ဆောင်နေ

 

D Day News

အောက်တိုဘာလ ၂၄

 

မြေပြင်တွင် စစ်ရေးရှုံးနိမ့်လျက်ရှိသော စစ်ကောင်စီကစာသင်ကျောင်းများ၊ ဘာသာရေး အဆောက် အဦများနှင့် ဆေးရုံများကို မဆင်မခြင် လေကြောင်းမှတဆင့် ဗုံးကျဲ တိုက်ခိုက်မှုများလုပ်ဆောင်နေ ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြော ကြားသည်။

 

အောက်တိုဘာလ ၂၁ ရက်နေ့က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်း ပလျက်ရှိသော (၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးအတွင်း လူမှုရေး၊ လူသားချင်းစာနာမှုနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ (တတိယကော်မတီ) ၌ ၎င်းက ထည့်သွင်းပြော ကြားခဲ့ခြင်းဖြစ်သည်။

 

အာဏာသိမ်းစစ်တပ်အနေဖြင့် မြေပြင်တွင် ရှုံးနိမ့်လျက်ရှိသဖြင့် စာသင်ကျောင်းများ၊ ဘာသာရေး အဆောက်အဦများနှင့် ဆေးရုံများကို မဆင်မခြင် လေကြောင်းမှတဆင့် ဗုံးကျဲ တိုက်ခိုက်မှုများ အပါ အဝင် အကြမ်းဖက် တိုက်ခိုက်မှုအမျိုးမျိုးကို ရည်ရွယ်ချက်ရှိရှိ တိုးမြှင့် လုပ်ဆောင်လျက်ရှိကြောင်း၊ ရက် စက်စွာ သတ်ဖြတ်ခြင်း၊ မတရား ဖမ်းဆီး ချုပ်နှောင် ထိန်းသိမ်း ခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်း တို့မှာ စစ်တပ်မှ နိုင်ငံတစ်ဝန်းတွင်လူမဆန်သည့် ရက်စက် ကြမ်းကြုတ်မှုများကို နေ့စဉ်နှင့်အမျှ ကျူးလွန်လျက်ရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြောကြားသည်။

ထို့ပြင် စစ်တပ်အနေဖြင့် သံသယရှိသူများအား စစ်ဆေးမေးမြန်းရန်၊ အကျဉ်းထောင်များ တွင် ပြု လုပ် လျက်ရှိသော ရက်စက်သည့် ပြစ်မှုများအား ဖုံးကွယ်ရန်၊ ပြည်သူလူထုအပေါ် ၌ အကြောက် တရား သွတ်သွင်းရန်နှင့် စစ်အာဏာရှင်အား ဆန့်ကျင်နေသည့် ပြည်သူ့ ခုခံ တော်လှန်ရေး အား ဟန့်တားရန် အတင်းအကျပ် ပျောက်ကွယ်စေမှုကို နည်းလမ်းတစ်ခု အဖြစ် အသုံးချလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

ဖြစ်စဉ်အများစုတွင် ကျေးလက်နေပြည်သူများအား အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်သည် သို့မဟုတ် တော်လှန်ရေး အင်အားစုများနှင့် ဆက်နွယ်နေသည် ဟူ၍ စွပ်စွဲကာ ဖမ်းဆီး သတ်ဖြတ်လျက်ရှိပြီး အသက်ကြီးငယ်မရွေး အမျိုးသားများအနေဖြင့် စစ်တပ်မှ ထိုသို့ မတရား ဖမ်း ဆီးမှု များ လုပ်ဆောင်သည့် အဓိက ပစ်မှတ်များ ဖြစ်လျက်ရှိပြီး ၎င်းတို့ ရောက်ရှိနေသည့် နေရာ ကိုပင် မသိရှိရကြောင်း၊ အလွန်အမင်း ဆို့နင့်ဖွယ်ဖြစ်စဉ်များဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကထောက်ပြပြောကြားသည်။

 

အာဏာသိမ်းစစ်ကောင်စီအနေဖြင့် မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေးကို လုံးဝ ဥဿုံ ဖျက်ဆီး ထားသဖြင့် စစ်ကောင်စီ နှင့် စစ်အာဏာရှင်စနစ်သည် မြန်မာပြည်သူများ ခံစား နေရသည့် ဒုက္ခ ၏ အရင်းခံဇစ်မြစ် ဖြစ်သည်မှာ လွန်စွာ ထင်ရှားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

မြန်မာနိုင်ငံတွင် စစ်အုပ်စုမှ ကျူးလွန် လျက်ရှိသော ဖမ်းဆီး၊ သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများ ချုပ်ငြိမ်းနိုင်ရန် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် ကြားဝင်ဆောင်ရွက်မှုကို လိုလားပြီး မည် သို့သော ထိရောက်သည့် လုပ်ဆောင်ချက်များနှင့် ယန္တရား များကို အသုံးပြုသင့်သည်ကို သိရှိလို ကြောာင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက မေးမြန်းထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *