စစ်ကိုင်းမြို့နယ်၊ ဆားတောင်နယ်မြေရဲစခန်း၌ မင်္ဂလာပွဲကျင်းပနေစဉ် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံးပြီး သတိုးသားအပါအဝင် ၁၂ ဦး ဒဏ်ရာ (ရုပ်သံ)
D Day News
အောက်တိုဘာလ ၂၃
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်ရဲစခန်းအတွင်း မင်္ဂလာပွဲကျင်းပနေစဉ် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး သတို့သား အပါအဝင် စစ်သား၊ ပျူစောထီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကြောင်လက်သည်းအဖွဲ့ထံမှ သိရသည်။
ယမန်နေ့ အောက်တိုဘာလ ၂၂ ရက် နံနက် ၇ နာရီ ၃၀ မိနစ်အချိန်က စစ်ကိုင်းမြို့နယ်၊ ဆားတောင် ရဲစခန်းအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၁ ဦးနှင့် ညောင်ငုတ်တိုပျူစောထီးကျေးရွာမှ ပျူ စောထီးခေါင်းဆောင်၏ သမီးတို့ မင်္ဂလာပွဲအခမ်းအနားကျင်းပနေစဉ် ဒရုန်းဖြင့် ပြင်းအားမြင့် ဗုံးသီး ၈ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး သတို့သားအပါအဝင် ၁၂ ဦးအပြင်း အထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ကျနော်တို့ Scout ဒရုန်းနဲ့ ကင်းထောက်ကြည့်တဲ့အချိန်မှာ ပူစီပေါင်းတွေ၊ အလှပန်းတွေနဲ့ စည်ကား နေတဲ့ အချိန် TNT ဗုံးသီး ၈ လုံးကျဲချခဲ့တာ။ ဗုံံးသီး ချပြီးပေါက်ကွဲတော့ စခန်းထဲ ပြေးဝင်သွားကြ တာ။ ဒဏ်ရာရတဲ့သူတွေကိုတော့ မျက်မြင်ကင်းထောက်ကနေ သိရတာပါ။ သတို့သားတော့ ခါး ပေါက် သွားတယ်။ အရေးပေါ် ဆေးကုသမှု ခံယူနေရတယ်။ စစ်ကောင်စီ တပ်သား ၄ ဦး သေနိုင် တယ်။ ဗုံးသီးတွေက သူတို့ ပေါ် တည့်တည့် ကျတာဆိုတော့ ထိချက် ပြင်းတယ်၊ ညနေပိုင်းတော့ စခန်းထဲကနေ ဂန်းဖောက်သံတွေကြားရတယ်” ဟု ကြောင်လက်သည်းအဖွဲ့ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို ကြောင်လက်သည်းတပ်ဖွဲ့ နှင့်အတူ တရားရေးမီးတောက် တပ်ဖွဲ့ ၊ ဇာမဏီ တပ်ဖွဲ့၊ phoenix တပ်ဖွဲ့ ၊ ရွှေဘို ခရိုင် တပ်ရင်း ၁၅ တို့ က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဒရုန်း တစ်စီး ပျက်စီးခဲ့ကြောင်း သိရသည်။
D Day News