0
0
Read Time:50 Second
ကဗျာကဏ္ဍ “ညီညာဖျဖျ ပုန်ကန်ကြ”
ပျိုးကြဲလက်
သူပုန်တက်ချိန်မို့
ပျက်ခဲ့ပေါ့ မြို့ရွာ
စစ်ကြောင်းရယ်လာ
ပြေးရရှာ ဝေးရာထွက်ကာပါ့
အသက်ကယ်ပိုမပါလို့
အခါခါရွှေရင် နာပါဘိတယ်လေး ။
ဝေဟင်က တနည်း
လက်နက်ကြီး တသွယ်
မီးရှို့မယ် သူပုန်ယုတ်ရယ်က
တအုပ်တသင်း စစ်ကြောင်းနင်းလို့
နှိမ်းနင်းလူသတ်
မုဒိမ်းမပြတ်စေရပါဘု
ခံမချရင်ဖြင့်
အပြန်တရာမက ဆိုးလှတာမို့
အမျိုးယုတ်တဲ့ အာဏာသူခိုးကိုဖြင့်
အတိုးချကာ နည်းလမ်းအစုံစုံနဲ့
ပုန်ကန်ကြလေး ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက် မွန်းလွဲ ၁ နာရီ ၃၆ မိနစ်
D Day News