နတ်မောက်မြို့နယ်၊ ဆုံမကျီးပင်ကျေးရွာတွင် သန်းခေါင်စာရင်းကောက်နေသော ပျူခေါင်းဆောင် ဇော်မင်း ပစ်ခတ်ခံရပြီးသေဆုံး
D Day News
အောက်တိုဘာလ ၂၃
မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ဆုံမကျီးပင်ကျေးရွာ သန်းခေါင်စာရင်းကောက်နေသော ပျူခေါင်း ဆောင် ဇော်မင်းကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်သေဆုံးသွားကြောင်း နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
အောက်တိုဘာလ ၂၁ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က နတ်မောက်မြို့နယ်၊ ဆုံမကျီး ပင်ကျေးရွာ နေ ကြံ့ဖွတ်ရပ်ကျေးခေါင်းဆောင်လည်းဖြစ်၊ ပျူခေါင်းဆောင်လည်းဖြစ်သူ ဇော်မင်းသည် အကြမ်း ဖက် စစ်ကောင်စီပူးပေါင်းကာ ကျေးရွာနေပြည်သူများအပေါ် အနိုင်ကျင့်နှိပ်စက်ခြင်း၊ ပေါ်တာဆွဲ ခြင်း၊ သန်းခေါင်စာရင်းကောက်ရာတွင် ဦးဆောင်နေခြင်း စသည့် ပြစ်မှုများကျူးလွန် နေသဖြင့် ပြည် သူ့ကာကွယ်ရေးမဟာမိတ်တပ် ပေါင်းစု ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင် သေဆုံးသွား ကြောင်း သိရသည်။
“သူက ကြံ့ဖွတ်ရပ်ကျေးခေါင်းဆောင်၊ ပျူခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး စစ်သားစုဆောင်းတာ၊ ပေါ်တာဆွဲတာတာတွေကို စကစနဲ့ပေါင်းပြီး လုပ်နေတဲ့သူ၊ သန်းခေါင်စာရင်းကောက်တာတွေကို ဦးဆောင်လုပ်ပေးနေသူပါ။ ရွာမှဆိုရင် အုပ်ကြီးကိုတောင် သူက ပြန်ခိုင်းနေတာ၊” ဟု နတ်မောက် မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
သေဆုံးသွားသော ပျူစောထီးခေါင်းဆောင် ဇော်မင်း၏အလောင်းကို ညပိုင်းတွင် အကြမ်းဖက်စစ် သားများက လာရောက်သယ်ဆောင်သွားကြောင်း၊ အကြမ်းဖက်စစ်ကောင်စီနှင့်ပူးပေါင်းပြီး ပြည်သူ လူထုအပေါ် ဒုက္ခပေးနေသည့် မည်သူ့ကိုမဆို စစ်ရေးပစ်မှတ်သဖွယ်သဘောထားကာ ရှင်းလင်းသွား မည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုက သတိပေးထားသည်။
D Day News