Kachin News

0 0
Read Time:3 Minute, 52 Second

ဖားကန့်အခြေစိုက် Red News Agency သတင်းထောက် ကိုတာလင်းမောင်နှင့် အလွတ်တန်းသတင်း ထောက် ကိုနောင်ရိုးတို့ ဖမ်းဆီးထားမှုအပေါ် ပြန်လွှတ်ပေးရန် သတင်းအဖွဲ့အစည်းများတောင်းဆို

 

D Day News

အောက်တိုဘာလ ၂၃

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အခြေစိုက် Red News Agency သတင်းဌာန၏ သတင်းထောက် ကိုတာလင်းမောင်နှင့် အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးတို့ကို ဖမ်းဆီးထားမှုအား ပြန်လွှတ် ပေးရန် သတင်းသမားအဖွဲ့အစည်းများက တောင်းဆိုလိုက်ကြောင်း သိရသည်။

 

ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက်နေ့က ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တနေရာတွင် ကချင် လွတ် လပ်ရေးတပ်မတော် – KIA ဖားကန့်တိုက်နယ်တပ်ဖွဲ့ဝင်များက Red News Agency သတင်း ဌာန၏ ဖားကန့်သတင်းထောက် ကိုတာလင်းမောင်ကို ဖမ်းဆီးခဲ့ကြောင်း၊ နောက်တစ်နေ့ စက်တင် ဘာလ ၃၀ ရက်နေ့တွင်လည်း ဖားကန့်အခြေစိုက် အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးကို KIA တပ်ဖွဲ့က ထပ်မံဖမ်းဆီးခဲ့ကြောင်း သိရသည်။

Red News Agency သတင်းထောက် ကို တာလင်းမောင်နှင့် အလွတ်တန်းသတင်းထောက် ကိုနောင် ရိုး တို့သည် ဒေသတွင်းသတင်းမှန်များကိုရေးသားနေ သူများဖြစ်ကြောင်း၊ ထို့အပြင် Red News Agency သတင်းထောက် ကိုတာလင်းမောင်မှာ CDM ပြုလုပ်ထားသူဖြစ်ကြော်ငး၊ အလွတ်တန်း သတင်းထောက် ကိုနောင်ရိုးသည်လည်း စစ်ကောင်စီ၏ ဖမ်းဆီးထောင်ချမှုမှ လွတ်မြောက်လာ သော နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးလည်းဖြစ်ကြောင်း သိရသည်။

 

ထို့အတွက်ကြောင့် KIA အနေဖြင့် ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး ကြိုးပမ်းစဉ်ကာလ အ တွင်း သတင်းလွတ်လပ်ခွင့်ကို အလေးအနက်ထားသော အားဖြင့် ဖမ်းဆီးထားသည့် သတင်း ထောက် ၂ ဦးအား အမြန်ဆုံး ပြန်လွှတ်ပေးပါရန် Red News Agency သတင်းဌာနက တောင်း ဆို ထားသည်။

 

ကချင်လွတ်လပ်ရေးတပ်မတော် – KIAအနေဖြင့် သတင်းထောက် ၂ ဦးကို မည်သည့် နေရာတွင် ဖမ်းဆီးထားကြောင်း မိသားစုဝင်များကို အကြောင်းမကြားခဲ့သလို ယနေ့အချိန်အထိ အဆက် အသွယ် ပြတ်တောက်လျက်ရှိကြောင်း၊ ယခုကဲ့ သို့ သတင်းထောက် (၂) ဦးကို ဖမ်းဆီးထားပြီး အဆက်အသွယ် ဖြတ်တောက်ထားခြင်းနှင့် ပတ်သက်၍ လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး – IMJA က အထူးစိုးရိမ်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

 

ကချင်လွတ်လပ်ရေးတပ်မတော် – KIA အနေဖြင့် သတင်းလွတ်လပ်ခွင့်ကို အလေးအနက်ထားသော အားဖြင့် ဖမ်းဆီးထားသည့် သတင်းထောက် (၂) ဦးအား အမြန်ဆုံး ပြန်လွှတ်ပေးရန် လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး – IMJA က တောင်းဆိုထားသည်။

 

အလားတူ သတင်းထောက်များကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) ကလည်း သတင်း ထောက်ကိုတာလင်းမောင်နှင့် ကိုနောင်ရိုးတို့ကို ပြန်လွတ်ပေးရန် တောင်းဆိုလိုက်ပြီး မြန်မာပြည် တွင်း စစ်တွင် ပါဝင်နေသည့် အဖွဲ့အစည်းအတိုင်းသည် သတင်းထောက်များကို ကာကွယ်ပေးရန် တာဝန်ရှိကြောင်း၊ ပစ်မှတ်ထားကာ ဖမ်းဆီးခွင့်မရှိကြောင်း CPJ ၏ အရှေ့တောင်အာရှ ကိုယ်စားလှယ် Shawn Crispin က ပြောဆိုထားသည်။

 

CPJ ၏ ၂၀၂၃ ဒီဇင်ဘာ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် သတင်းလွတ်လပ်ခွင့်အတွက် ကမ္ဘာ့ဒုတိယအဆိုးဆုံးနိုင်ငံဖြစ်ပြီး အနည်းဆုံး သတင်းထောက် ၄၃ ဦးခန့် အကျဉ်းချခံထားရကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *