ကျိုက်ဒုံဗျူဟာခံစစ်စခန်းမှ ဖမ်းမိသူ စစ်သုံ့ပန်း ဗမအောင်မျိုးထက်နှင့်အင်တာဗျူး (ရုပ်သံ)
D Day News
အောက်တိုဘာလ ၂၃
“ကျနော်တို့ မမျှော်မှန်းထားတဲ့ ခံစစ်စည်းပေါက်ကနေ ကျိုးပေါက်ပြီး ဝင်ရောက်လာခဲ့တယ်။ အဲဒီ တော့ ခံစစ်စည်းကျိုးပေါက်တဲ့အချိန်မှာ ကျနော်တို့ဆီက စစ်သည်တော်တော်များများ ကျဆုံးခဲ့ တယ်။ ကျဆုံးခဲ့တာကို ကြည့်ပြီးတော့ နောက်ထပ် ကျန်ရှိ နေတဲ့ စစ်သည်တွေ မိသားစုတွေကိုလည်း ထိခိုက်ကျဆုံးမှု မရှိအောင်ဆိုပြီးတော့ ကျနော်တို့ခေါင်း ဆောင်တွေ အားလုံးစုဖွဲ့ပြီးကာမှ တိုင်ပင်ပြီး တော့ လက်နက်ခဲ့တာပါ။”
မေး = အမည်၊ ရာထူး၊ တာဝန်က ဘာလဲ။
ဖြေ = ဗိုလ်မှူးအောင်မျိုးထက်၊ တာဝန်ကတော့ ကျိုက်ဒုံဗျူဟာစခန်းမှာ ညှိနှိုင်းကွက်ကဲရေးမှူးတာဝန်နဲ့ ထမ်းဆောင်နေပါတယ်။
မေး = အာဏာသိမ်းမှုအပေါ် ဘယ်လိုမြင်လဲ။
ဖြေ = အာဏာသိမ်းလိုက်ခြင်းအားဖြင့် ကျနော်တို့နိုင်ငံက အဖက်ဖက်ကနေ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးအဖက်ဖက်ကနေ ကျဆင်းနေတယ်လို့တော့ ထင်မြင်ယူဆတယ်။
မေး = ဘာကြောင့်လက်နက်ချဖြစ်ခဲ့လဲ။
ဖြေ = လက်နက်ချရတဲ့အဓိကအကြောင်းအရင်းကတော့ ကျနော်တို့ စစ်ပွဲတစ်ပွဲမှာဆိုရင် တိုက်စစ် နဲ့ခံစစ်ပေါ့။ ကျနော်တို့ ကျိုက်ဒုံဗျူဟာစခန်းက ခံစစ်စခန်းဖြစ်တယ်။ ခံစစ်စခန်းဆိုတာက ကြိုတင် ပြင်ဆင်တဲ့ခံစစ်ပေါ့။ ပြီးရင်တော့ အဓိက ကိုယ့်စခန်းကိုလာတိုက်မယ့် တဖက်အဖွဲ့အစည်းရဲ့လမ်း ကြောင်းပေါ့။ ဘယ်လမ်းကြောင်းကနေ လာနိုင်မလဲမျှော်မှန်းပြီးတော့ ကျနော်တို့ ခံစစ်ပြင်ကြတယ်။ အခုဒီမှာ ဖြစ်သွားတဲ့အကြောင်းအရင်းကတော့ ကျနော်တို့ မမျှော်မှန်းထားတဲ့ ခံစစ်စည်းပေါက်ကနေ ကျိုးပေါက်ပြီး ဝင်ရောက်လာခဲ့တယ်။ အဲဒီတော့ ခံစစ်စည်းကျိုးပေါက်တဲ့အချိန်မှာ ကျနော်တို့ဆီက စစ်သည်တော်တော်များများ ကျဆုံးခဲ့တယ်။ ကျဆုံးခဲ့တာကို ကြည့်ပြီးတော့ နောက်ထပ် ကျန်ရှိ နေတဲ့ စစ်သည်တွေ မိသားစုတွေကိုလည်း ထိခိုက်ကျဆုံးမှု မရှိအောင်ဆိုပြီးတော့ ကျနော်တို့ခေါင်း ဆောင်တွေ အားလုံးစုဖွဲ့ပြီးကာမှ တိုင်ပင်ပြီးတော့ လက်နက်ခဲ့တာပါ။
မေး = လက်နက်ချအညံ့ခံလိုက်တာဟာ တပ်မတော်အပေါ် သစ္စာဖောက်တယ်လို့ ထင်ပါသလား။
ဖြေ = တပ်မတော်အပေါ် သစ္စာဖောက်တာ မဟုတ်ပဲနဲ့ ပြည်သူလူထုနဲ့ ပူးပေါင်းပါဝင်တယ်လို့ပဲ ယူဆပါတယ်။ ပြည်သူလူထုရဲ့ မေတ္တာ ပြန်ရရှိတယ်လို့လည်း ကြားရတဲ့အတွက်ကိုလည်း အတိုင်း မသိ ဝမ်းသာရပါတယ်။
မေး။ လက်နက်ချအညံ့ခံပြီးနောက် လက်ရှိအခြေအနေ ဘယ်လိုရှိပါသလဲ။
ဖြေ = လက်နက် စ ချချခြင်းမှာတော့ ကျနော်တို့ ထင်မြင်ယူဆတာက သတ်ပစ်မှာလား။ ပြီးတော့မှ နင့်ပဲငဆ ရိုက်နှက်ခြင်း၊ ခိုင်းစေခြင်းတွေရှိမှာဆိုတဲ့ စိတ်ခံစားချက်တော့ရှိတာပေါ့။ ဒါပေမယ့် တ ကယ့် တကယ်မြေပြင်မှာတော့ နင်ပဲငဆတောင်မှ ဆက်ဆံမခံရဘူး။ အားလုံးက အရာရာ ညီလို အစ် ကို လိုပဲ သွားတာဖြစ်တဲ့အတွက်ကိုတော့ အတိုင်းမသိဝမ်းသာရပါတယ်။ နေထိုင်မှုအနေနဲ့ကတော့ ချုပ်နှောင်ထားခြင်းမရှိပဲနဲ့ ကန့်သတ်ထားတဲ့နယ်နမိတ်တွေရှိတယ်။ အဲဒီနယ်မြေတွေမှလွဲပြီးတော့ တခြားနေရာတွေမှာ လွတ်လွတ်လပ်လပ်သွားလာနေထိုင်ခွင့်ရှိပါတယ်။ စားသောက်မှုအနေနဲ့ ကတော့ တစ်ပတ်ကို အသားဟင်းတစ်ရက်နဲ့ ကောင်းကောင်းမွန်မွန်ကျွေးမွေးထားပါတယ်လို့ပဲ ပြောချင်ပါတယ်။
မေး = ပြည်သူလူထုကိုရော ဘာပြောချင်လဲ။
ဖြေ = ပြည်သူလူထုကိုတော့ အခုဖြစ်ပေါ်နေတဲ့ တိုက်ပွဲကြီးတွေ အမြန်ဆုံးပြီးမြောက်ရှင်းလင်းပြီး တော့မှ သာယာဝပြောတဲ့နိုင်ငံ တစ်နိုင်ငံကို ပိုင်ဆိုင်တဲ့ ပြည်သူလူထုရပါစေလို့ပဲ စကားလက်ဆောင် ပါးချင်ပါတယ်။
မေး = ကျန်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ဘာပြောချင်လဲ။
ဖြေ = အကျိုးအကြောင်းနဲ့ အဆိုးအကောင်း အမှားအမှန်ကို သေချာလေး ဝေဖန်ပိုင်းခြား ဆုံးဖြတ်နိုင် တဲ့ သူများဖြစ်ကြပါစေလို့ပဲ အကြံပြုပါတယ်။
အဆိုပါ အင်တာဗျူးကို အမျိုးသားညီညွတ်ရေအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက တင်ဆက်ထား သည့် “စစ်သုံ့ပန်းတို့စကား ပြည်သူကြားစေ” – အပိုင်း (၃) အစီအစဉ်ဖော်ပြချက်ကို ပြန်လည်ဖော်ပြ ထားဖြစ်ကြောင်း သိစေအပ်ပါသည်။
D Day News