AA News

0 0
Read Time:4 Minute, 57 Second

အကြမ်းဖက်စစ်တပ်က လက်နက်တပ်ဆင်ပေးကာ မွေးမြူခဲ့သည့် ARSA၊ RSO၊ ARA အကြမ်းဖက် လက်နက်ကိုင်တပ်ဖွဲ့များ၏ အန္တရာယ်မှာ အာရက္ခဒေသ အတွင်း၌သာမက ဘင်္ဂလားဒေ့ရှ်-အာရက္ခ နယ်စပ်တည်ငြိမ်ရေးအေးချမ်းရေးကို စိန်ခေါ်မှုအသစ်ဖြစ်လာ

 

D Day News

အောက်တိုဘာလ ၂၃

 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နှင့်မောင်တောမြို့နယ်တို့တွင် အကြမ်းဖက်စစ်တပ်က လက်နက် တပ်ဆင်ပေးကာ မွေးမြူခဲ့သည့် ARSA၊ RSO၊ ARA အကြမ်းဖက် လက်နက်ကိုင်တပ်ဖွဲ့များ၏ အန္တရာယ်မှာ အာရက္ခဒေသ အတွင်း၌သာမက ဘင်္ဂလားဒေ့ရှ်-အာရက္ခ နယ်စပ်တည်ငြိမ်ရေး အေးချမ်းရေးကို စိန်ခေါ်မှုအသစ်ဖြစ်လာခဲ့ကြောင်း ရခိုင့်တပ်တော် – AA က ပြောဆိုသည်။

 

မောင်တောမြို့တွင် ဖက်ဆစ်အကြမ်း ဖက်စစ်ကောင်စီ၏ နခခ (၅) စခန်းတစ်ခုသာ ကျန်ရှိနေပြီ ဖြစ် သော်လည်း မောင်တော နှင့် ဘူးသီးတောင်မြို့များ၌ အာရက္ခတပ်တော်မှ လောလောဆယ် လက် လှမ်း မမှီသေးသော နေရာအချို့နှင့် တောထူထပ်သောတောင်တန်းများထဲတွင် ARSA၊ RSO၊ ARA အစွန်းရောက်အကြမ်းဖက် လက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် တပ်စခန်းများကို အခိုင်အမာတည် ဆောက်၍ ခိုအောင်းလျက်ရှိကြောင်း သိရသည်။

 

ထိုအပြင် ၎င်းနေရာများကို ဗဟိုပြု၍ ARSA၊ RSO၊ ARA အစွန်းရောက် အကြမ်းဖက် လက်နက်ကိုင် တပ်ဖွဲ့ဝင်များမှ အရပ်သားပြည်သူလူထုများအား လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခြင်း၊ အကြမ်း ဖက် သတ်ဖြတ်သွားခြင်း၊ ပြန်ပေးဆွဲခြင်း၊ ငွေညှစ်ခြင်းတို့ကို ဆက်တိုက် ကျူးလွန်လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

ထိုအတူ အချို့နေရာများ၌ ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီနှင့် ARSA ၊ RSO၊ ARA အစွန်းရောက် အကြမ်းဖက် လက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် ပူးတွဲစစ်ရေးလှုပ်ရှားကာ လာရောက်တိုက်ခိုက်မှုများ ရှိခဲ့သည်ဟု ဆိုသည်။

 

အဆိုပါအစွန်းရောက် အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့များ၏ အကြမ်းဖက်အန္တရာယ်မှာ အာရက္ခ ဒေသ အတွင်း၌သာမက ဘင်္ဂလားဒေ့ရှ်-အာရက္ခ နယ်စပ် နှစ်ဖက်တွင်နေထိုင်ကြသော အရပ်သား ပြည်သူ လူထုများအတွက်ပါ များစွာစိုးရိမ်စရာ ကောင်းပြီး ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ပြည်သူ့လုံခြုံရေးတို့အတွက် စိန်ခေါ်မှု အသစ်တစ်ခု ဖြစ်လာခဲ့ကြောင်း ရခိုင့်တပ်တော် – AA က ထုတ်ပြန်ပြောဆိုထားသည်။

 

ထိုကြောင့် အာရက္ခတပ်တော်အနေဖြင့် မောင်တော နှင့်ဘူးသီးတောင်မြို့ပတ်ဝန်းကျင်များ၌  ARSA ၊ RSO ၊ ARA အစွန်းရောက် အကြမ်းဖက် လက်နက်ကိုင်တပ်ဖွဲ့ဝင်များ ခိုအောင်းနိုင်သော နေရာများ နှင့် စစ်ကောင်စီမှ သင်တန်းပေးထားပြီး ၎င်းတို့လက်နက်တပ်ဆင်ပေးထားသော မူဆလင်လက်နက် ကိုင် အချို့တို့အား လိုက်လံရှင်းလင်းလျက်ရှိရာ ဘူးသီးတောင်မြို့နယ်၊ ခရုချောင်း (မူဆလင်) ကျေး ရွာ၏ အနောက်မြောက်ဘက် (၆.၂) ကီလိုမီတာအကွာအဝေး၌ရှိသော တောင်တန်းတွင် အောက်တို ဘာလ ၁၉ ရက်၊ မွန်းတည့် ၁၂ နာရီ ၁၀ မိနစ်၌ စတင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ထို့နောက်တွင် အဆိုပါ ပတ်ဝန်းကျင်များ၌ ထိတွေ့တိုက်ပွဲ (၅) ကြိမ်ခန့်ဖြစ်ပွားခဲ့ပြီး ARSA အစွန်း ရောက် အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့ဝင်များ အခိုင်အမာစခန်းချနေထိုင်ခဲ့သော နေရာ ၄ နေရာ၊ အကြမ်းဖက် စစ်ကောင်စီမှ တပ်ဆင်ပေးထားသော လက်နက်ခဲယမ်းများအပြင် အစွန်းရောက် အကြမ်း ဖက်လက်နက် ကိုင်တပ်ဖွဲ့ဝင် အလောင်းအချို့တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အလားတူ  အောက်တိုဘာလ ၂၂ ရက်၊ မွန်းတည့် ၁၂ နာရီ ၁၀ မိနစ်ခန့်အချိန်တွင်လည်း မောင်တော မြို့ နယ်၊ ဂြင်းတောစခန်း၏ အရှေ့ဖက် (၃.၇) ကီလို မီတာအကွာ၌ ထွက်ပြေးနေသော ARSA အစွန်း ရောက် အကြမ်းဖက်လက်နက်ကိုင် တပ်ဖွဲ့ဝင်များနှင့် မိနစ်အနည်း ငယ်ခန့်ကြာ ထိတွေ့တိုက်ပွဲ ဖြစ် ပွား ခဲ့ကြောင်း သိရသည်။

 

တပြိုင်နက်တည်းတွင် ထွက်ပြေးလွတ်မြောက်နေသော အစွန်းရောက်အကြမ်းဖက်လက်နက်ကိုင် တပ်ဖွဲ့ဝင်များ နှင့် အကြမ်းဖက်စစ်ကောင်စီမှ စစ်သင်တန်းပေးပြီး   လက်နက်တပ်ဆင်ပေးထား သော မူဆလင်တပ်ဖွဲ့ဝင်များကို လိုက်လံရှင်းလင်းတိုက်ခိုက်လျက်ရှိကြောင်း အာရက္ခတပ်တော် – AA က ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *