War Crime News

0 0
Read Time:4 Minute, 48 Second

ဘုတလင်မြို့နယ်အတွင်းသို့ အကြမ်းဖက်စစ်တပ်က ကြည်း၊ လေ ၂ ခု ပေါင်းကာ လှည့်လည်နေခြင်း ဖြစ်ပြီး ပြည်သူ ၂၂ ဦးထက်မနည်းကို ရက်ရက်စက်စက် လူမဆန်စွာ သတ်ဖြတ်၊ ပြည်သူ ၅၀ ဦးထက် မနည်း ဓားစာခံဖမ်းဆီးထားပြီး ပြည်သူ့နေအိမ်များကိုလည်း မီးရှို့ ဖျက်ဆီးနေ

 

D Day News

အောက်တိုဘာလ ၂၂

 

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်းသို့ အကြမ်းဖက်စစ်တပ်က ကြည်းကြောင်း၊ လေကြောင်း ၂ ခု ပေါင်းကာ လှည့်လည်နေခြင်းဖြစ်ပြီး ပြည်သူ ၂၂ ဦးထက်မနည်းကို ရက်ရက်စက်စက် လူမဆန်စွာ သတ်ဖြတ်၍ ပြည်သူ ၅၀ ဦးထက်မနည်းကိုလည်း ဓားစာခံဖမ်းဆီးထားကြောင်း ကျောင်းသားလက် ရုံး တပ်တော် – SAF က ထုတ်ပြန်ထားသည်။

 

စက်တင်ဘာလကုန်တွင် ဘုတလင်မြို့နယ် ကူ​တော်ရွာရှိ စစ်ကောင်စီရဲစခန်းမှ ဘုတလင်မြို့သို့ ပြန် လာ သော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ​တော်လှန်ရေးတပ်များက တိုက်ခိုက်ချေမှုန်းခဲ့ အပြီး တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ စစ်ကြောင်းတကြောင်း ထပ်မံထွက်ရှိလာကာ ဘုတလင်နယ်မြေအတွင်း စစ်ကြောင်းထိုး​ တိုက်ခိုက်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းများ ဆက် တိုက် ပြုလုပ်လျက်ရှိကြောင်း သိရသည်။

 

အကြမ်းဖက်စစ်သား ခန့်မှန်းအင်အား ၁၀၀ ခန့် ရှိသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းသည် နီးစပ် ရာ ကျေးရွာများမှ ပြည်သူများအား ဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားခြင်း၊ ပေါ်တာဆွဲခြင်း၊ ရွာ ကို မီးရှို့ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

အောက်တိုဘာလ ၁၂ ရက်နေ့က ​ဘုတလင်မြို့တွင်းရှိ ဈေးဆိုင်အိမ်တအိမ်တွင် ၇ နှစ်အရွယ် ကလေး ငယ် တဦးအပါအဝင် ပြည်သူ (၆) ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပြီး ထိုနေ့တွင်ပင် ငပယင်းရွာ အား လေကြောင်းတိုက်ခိုက်မှု (၈​) ကြိမ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အောက်တိုဘာလ ၁၃ ရက်နေ့တွင် ဘုတလင်မြို့နှင့် မြောက်ကျီရွာတွင် ပြည်သူ (၈) ဦးကို ထပ်မံ သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

 

အောက်တိုဘာလ ၁၇ ရက်နေ့ (သီတင်းကျွတ်လ​ပြည့်နေ့) တွင် စီပါရွာ၌ အမျိုးသား (၅) ဦး၊ အမျိုး သမီး (၃) ဦး ကို လူမဆန်စွာ ရက်ရက်စက်စက် သတ်ဖြတ်၍ ခေါင်းဖြတ်ခြင်း၊ ခြေလက်များဖြတ် ခြင်း၊ အရေခွံစုတ်ခြင်း၊ အမျိုးသားလိင်အင်္ဂါကိုဖြတ်၍ အမျိုးသမီးရုပ်အလောင်း၏ ပါးစပ်တွင်းထည့် ထားခြင်းများ ပြုလုပ်ပြီး အဆိုပါရုပ်အလောင်းများကို ထန်းလက်ကာ ခြံစည်းရိုးတွင် စိုက်ထူထားခြင်း များ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

စီပါရွာမှ ပြည်သူ (၁၀) ဦးကို ဓားစာခံအဖြစ် ထပ်မံဖမ်းဆီးခေါ်ဆောင်သွားပြီး စီပါရွာကို မီးရှို့ ဖျက် စီးခဲ့ကြောင်း သိရသည်။

 

အောက်တိုဘာလ ၁၈ ရက်နေ့တွင် ညောင်ကန်ရွာအား လေကြောင်းမှ (၉) ကြိမ်၊ ဟော်ဝေဇာဖြင့် (၉) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ အောက်တိုဘာလ ၂၀ ရက်နေ့တွင် သခွတ္တနယ် ရွာနှင့် ဂွေးပင်ကျင်းရွာအား လေကြောင်းတိုက်ခိုက်မှု (၉) ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အောက်တိုဘာလ ၂၁ ရက်နေ့ ညပိုင်းတွင် စိုင်​ပြင်လေးရွာကို မီးရှို့ဖျက်စီးခဲ့ကြောင်း သိရသည်။

 

လက်ရှိ အကြမ်းဖက်စစ်တပ် စစ်ကြောင်းတွင် ဓားစာခံအဖြစ် ပြည်သူ (၅၀) ဦးခန့် ဖမ်းဆီးထားပြီး အပြစ်မဲ့ပြည်သူ (၂၂) ဦး ထက်မနည်းကို သတ်ဖြတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

ယင်းအကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် ဘုတလင်မြို့နယ်တွင် ယာယီစစ်ဘေးရှောင် ပြည်သူ (၁၀,၀၀၀) ခန့် ရှိနေပြီဖြစ်ပြီး နေရာဒေသအသီးသီးမှ မိဘပြည်သူလူထုအနေဖြင့် စစ်ဘေးရှောင် ပြည်သူများ နှင့် ဘုတလင်ဒေသရှိပြည်သူများအား ကူညီထောက်ပံ့ကြရန် ကျောင်းသား လက်ရုံး တပ်တော်က အလေးအနက် မေတ္တာရပ်ခံထားသည်။

 

ထို့အပြင် ကျောင်းသားလက်ရုံးတပ်တော်၏ အညာစစ်ဒေသရှိ တပ်ရင်းတပ်ဖွဲ့များ အပါအဝင် တော် လှန်ရေးတပ်ဖွဲ့များအနေဖြင့်လည်း စစ်ရေးဆောင်ရွက်မှုများ ဆက်လက်အရှိန်မြှင့်ဆောင်ရွက်နေ ကြောင်း ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *