Shan State News

0 0
Read Time:2 Minute, 38 Second

လားရှိုးမြို့၊ မန်ဆူဘုရားအနီးကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၃ ဦး ဒဏ်ရာရရှိ ပြီး နေအိမ်များပျက်စီး

 

D Day News

အောက်တိုဘာလ ၂၂

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ မန်ဆူဘုရားအနီးကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကြောင့် ပြည်သူ ၃ ဦး ဒဏ်ရာရရှိပြီး နေအိမ်များပျက်စီးခဲ့ကြောင်း MNDAA က သတင်းထုတ်ပြန် သည်။

 

ယနေ့ အောက်တိုဘာလ ၂၂ ရက် နံနက်အစောပိုင်းအချိန် ၀၀ နာရီ ၁၈ မိနစ်ခန့်က လားရှိုးမြို့၊ မန်ဆူ ဘုရားအနီးရှိ ၁၂ ရပ်ကွက်အတွင်းသို့ တိုက်လေယာဉ်ဖြင့် ဗုံးသီး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်အများအပြား ပျက်စီးခဲ့ကြောင်း သိရသည်။

 

ထိုသို့ အကြမ်းဖက်စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခံရသည့်နေရာသို့ လားရှိုးမြို့ရှိ သက်ဆိုင်ရာ ဌာနများက ပေါက်ကွဲမှုဖြစ်ပွားရာနေရာနှင့် အနီးနားရှိ လူနေအဆောက်အအုံများသို့ အမြန်သွား ရောက်ကာ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ကာ ဒဏ်ရာရရှိသူ ပြည်သူ ၃ ဦးကို ဆေးရုံသို့ ကုသရန် ချက်ချင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ပေါက်ကွဲမှုဖြစ်ပွားရာနေရာနှင့် အနီးတစ်ဝိုက်ရှိ လူနေအိမ်အများအပြား ပျက်စီးခဲ့ပြီး ပြိုကျ ပျက်စီးနေသော နံရံအပျက်အစီးများကို နေရာတိုင်းတွင် တွေ့မြင်ရပြီး အနည်းငယ် အကွာအဝေးရှိ အခြားလူနေအဆောက်အအုံများလည်း ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။

 

မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်သည် အထူးဒေသ(၁) လောက်ကိုင်မြို့ ၊ သိန္နီခရိုင်နှင့် လားရှိုး မြို့စ သောဒေသသို့ ပစ်မှတ်ထားဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်သည့်မှာ ၃ လကျော်ပြီဖြစ်ပြီး သေဆုံး ထိခိုက်ဒဏ်ရာရရှိသူ ပြည်သူ ဦးရေ စုစုပေါင်း          ၁၀၀ ကျော်ပြီဖြစ်ကြောင်း၊ထို့အပြင် အရပ်သားများ နေထိုင်ရာ နေအိမ်များ၊ ဈေးများနှင့် အခြေခံ အသက်မွေးဝမ်းကျောင်း အဆောက်အအုံများ ဖြစ်သည့် ကျောင်း၊ ဆေးရုံ၊ လျှပ်စစ်ဓာတ်အားပေး စက်ရုံများ ပျက်စီးခဲ့ကြောင်း MNDAA က ပြော ဆို သည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *