International News

0 0
Read Time:4 Minute, 29 Second

စစ်အုပ်စုသည် တော်လှန်ရေး အင်အားစုများကို ဖိနှိပ်ရန် နိုင်ငံအဝှမ်းရှိ ပြည်သူတစ်ရပ်လုံးအပေါ် စက်ဆုတ် ဖွယ်ကောင်းသည့် အကြမ်းဖက် လုပ်ရပ်များကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြား

 

D Day News

အောက်တိုဘာလ ၂၂

 

စစ်အုပ်စုသည် တော်လှန်ရေး အင်အားစုများကို ဖိနှိပ်ရန် နိုင်ငံအဝှမ်းရှိ ပြည်သူတစ်ရပ်လုံးအပေါ် စက်ဆုတ် ဖွယ်ကောင်းသည့် အကြမ်းဖက် လုပ်ရပ်များကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြား သည်။

 

အောက်တိုဘာလ ၁၈ ရက်နေ့က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပ သော ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ဒုတိယကော်မတီ (စီးပွားရေးနှင့် ဘဏ္ဍာ ရေး) ၏ ဘာသာရပ်အစီအစဉ် (၂၀) (ခ) အောက်ရှိ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်မှုနှင့် ဖွံ့ဖြိုးတိုး တက်ရေး ဆိုင်ရာ အထွေထွေဆွေးနွေးမှုအစီအစဉ်တွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်အုပ်စုက တော်လှန်ရေးအင်အားစုများကို ဖိနှိပ်ရန် နိုင်ငံတဝှမ်းရှိ ပြည်သူ တစ်ရပ်လုံးအပေါ် စက်ဆုတ်ဖွယ်ကောင်းသည့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ ညှဉ်း ပန်းနှိပ်စက်ခြင်း၊ လူမဆန်စွာ သတ်ဖြတ်ခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို ကျယ်ကျယ်ပြန့် ပြန့်လုပ်ဆောင်နေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြား သည်။

မတရား စစ်အာဏာသိမ်းယူရန် ကြိုးပမ်းခဲ့ခြင်းနှင့် စစ်ကောင်စီ၏ ရက်စက်သည့်လုပ်ရပ်များသည် ရွှေ့ပြောင်းသူများဖြစ်ပေါ်စေရန် အဓိကခိုက်စေပြီး ငွေကြေးဖောင်းပွမှု၊ လုပ်အားခ ကျဆင်းမှုနှင့် အ ရွယ်ရောက်ပြီးသူ အလုပ်လက်မဲ့များပြားလာမှုနှင့် ဆင်းရဲမွဲတေမှုမြင့်တက် လာခဲ့ကြောင်း၊ အကြမ်း ဖက်စစ်တပ်၏ စစ်မှုထမ်းဥပဒေကြောင့် တိုင်း ပြည်၏ လူငယ်ပေါင်းများစွာသည် အိမ်နီးချင်းနိုင်ငံများ နှင့် နိုင်ငံတွင်း တောတောင်များရှိ လွတ် မြောက်ရာဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

စီးပွားရေးဆုတ်ယုတ်မှု၊ စစ်မှုထမ်းခိုင်းစေမှုနှင့် နိုင်ငံရေး မတည်ငြိမ်မှုများက ရွှေ့ပြောင်းသူများ အ များအပြားဖြစ်ပေါ်စေခဲ့ပြီး မြန်မာနိုင်ငံတွင် နေရပ် စွန့်ခွာသူ ၃.၄ သန်းကျော်ရှိသိရသည်။

 

နိုင်ငံတကာအသိုက်အဝန်း အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး အကြမ်းဖက်စစ်ကောင်စီအပေါ် ထိရောက် သည့် အရေးယူဆောင်ရွက်မှုများ လိုအပ်ကြောင်း၊ မြန်မာ နိုင်ငံတွင် ပဋိပက္ခများ ဖြစ်ပွားမှု၊ ရိုဟင်ဂျာ များ လုံခြုံစိတ်ချပြီး ဂုဏ်သိက္ခ္ခရှိရှိ နေရပ်ပြန်ရေးလုပ်ငန်းများ လုပ်ဆောင် နိုင်ခြင်း မရှိမှုတို့၏ အဓိက ဇစ်မြစ်သည် စစ်ကောင်စီ ဖြစ်သည်မှာ လွန်စွာ ထင်ရှားကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထောက်ပြထားသည်။

 

သို့ဖြစ်ပါ၍ နိုင်ငံတကာအသိုက်အဝန်း၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ များအနေဖြင့် မြန်မာနိုင်ငံတွင် စစ် အာ ဏာရှင်စနစ် အပြီးတိုင်းချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ကြိုးပမ်းမှုများအပေါ်ပိုမို ပံ့ပိုးကူညီမှုပြုလုပ် ပေးစေလိုကြောင်း ၎င်းက ဆက်လက်တောင်းဆိုထား သည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *