ဝေါမြို့နယ်၊ ရှမ်းကိုင်းကျေးရွာ ရေတံခါးဂိတ်ကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား၊ ပျူစောထီး ၅ ဦး သေဆုံးပြီး လက်နက် ၆ လက်သိမ်းဆည်းရရှိ
D Day News
အောက်တိုဘာလ ၂၂
ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ရှမ်းကိုင်းကျေးရွာ၊ ရေတံခါးဂိတ်ကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်သား၊ ပျူစောထီး ၅ ဦးသေဆုံးပြီး လက်နက် ၆ လက်သိမ်းဆည်းရရှိခဲ့ကြောင်း ဝေါမြို့နယ်ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
ယနေ့ အောက်တိုဘာလ ၂၂ ရက် နံနက် ၄ နာရီ ၁၅ မိနစ်အချိန်တွင် ဝေါမြို့နယ်၊ ရှမ်းကိုင်းကျေးရွာ၊ ရေတံခါးဂိတ်ရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး ၊ ပျူ စောထီး ၃ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းဂိတ်စခန်းကို ဦးဆောင်သူ အရာရှိမှာ ထွက် ပြေးလွတ်မြောက်သွားကြောင်း သိရသည်။
ထိုသို့ စခန်းသိမ်းပိုက်မှုအတွင်း အကြမ်းဖက်စစ်သား၊ ပျူစောထီးများ အသုံးပြုသော ပစ္စတို သေနတ် ၁ လက် ၊ ဂျီ-3 အမျိုးအစား သေနတ် ၄ လက် ၊ အူဂျီ အမျိုးအစား သေနတ် ၁ လက်နှင့်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ယင်းအကြမ်းဖက်စစ်ကောင်စီ ဂိတ်စခန်းသည် မှောင်ခိုလမ်းကြောင်းများကို ဆက်ကြေး တောင်း ၊ ပြည်သူကို ဒုက္ခပေး နေကြောင်း တိုင်ကြားလာသဖြင့် ဝင်ရောက် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ဝေါ မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA မှ ဦးဆောင်၍ ဝေါ မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
D Day News