Shan State News

0 0
Read Time:2 Minute, 30 Second

နောင်ချိုမြို့နှင့် နမ့်ဆန်မြို့တို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်း၊နေအိမ်နှင့် ဈေးဆိုင်ခန်းများ ပျက်စီး

 

D Day News

အောက်တိုဘာလ ၂၁

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နှင့်နမ့်ဆန်မြို့တို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်း၊ နေအိမ်နှင့် ဈေးဆိုင်ခန်း များ ပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

 

ယနေ့ အောက်တိုဘာလ ၂၁ ရက် နံနက်အစောပိုင်း ၁ နာရီ ၁၀ မိနစ်အချိန်က နောင်ချိုမြို့၊ သပြေပင် ရပ်ကွက်အတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါင် ၃၀၀ ဗုံး ၂ လုံးနှင့် အခြား ဗုံး ၆ လုံးကြဲချတိုက်ခိုက်ခဲ့ရာ နေအိမ်တစ်လုံးနှင့် ပါဟတ်ရပ်ကွက်အတွင်းရှိ ဆိုင်ခန်းတစ်ချို့ ပျက်စီးကာ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ယနေ့ အောက်တိုဘာလ ၂၁ ရက် နံနက် ၈ နာရီ မိနစ် ၃၀ အချိန်တွင် နမ်ဆန်မြို့နယ်၊ ကျောက်ဖြူလေးကျေးရွာအား စစ်ရေးလှုပ်ရှားမှုတစ်စုံတရာမရှိဘဲ အကြမ်းဖက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းတော်ကြီးကျောင်းအတွင်းကျရောက်ပေါက်ကွဲပြီး ကျောင်းဆောင်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

လွန်ခဲ့သည့် အောက်တိုဘာလ ၁၉ ရက်နေ့ နံနက်စောစောအချိန်ကလည်း အကြမ်းဖက် စစ်ကောင်စီ တပ်မှ ဂျက်ဖိုက်တာဖြင့် ၂ ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ပြည်သူ (၄)ဦး သေဆုံးခဲ့ပြီး ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ပြောဆိုသည်။

 

သီတင်းကျွတ်လပြည့်ညလည်း စစ်ကောင်စီတပ်မှ နောင်ချိုမြို့အတွင်း လေကြောင်းတိုက်ခိုက်မှု ကြောင့် ဒေသခံပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *