Sagaing News

0 0
Read Time:2 Minute, 32 Second

မြင်းမူမြို့နယ်၊ မုံရွာ -မန္တလေးလမ်းပေါ်တွင် ကြေးနီးတွင် ယာဉ်တန်းနှင့်လုံခြုံရေး စစ်သားများကို မိုင်းဆွဲ တိုက် ခိုက်မှု စစ်သား ၃ ဦးသေဆုံးပြီး ကား ၁ စီးပျက်စီး

 

D Day News

အောက်တိုဘာလ ၂၁

 

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ် အလ္လကပ္ပကျေးရွာအနီးတွင် အကြမ်းဖက် စစ်ကောင်စီ၏ ကြေးနီတင်ယာဉ်တန်းနှင့် လုံခြုံရေးယူပေးစစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးပြီး ကား ၁ စီးပျက်စီးခဲ့ကြောင်း ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ် တပ်ဦး BLDF တပ် ခွဲ အညာမိုင်း တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ အောက်တိုဘာလ ၂၀ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်က မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေး လမ်းမပေါ် အလ္လကပ္ပကျေးရွာ အနောက်ဘက် တံတားအနီးတွင် အကြမ်းဖက်စစ်ကောင်စီ၏ ကြေးနီ တင်ယာဉ်တန်း ၅၃ စီးအနက် အက်ဆစ်တင်ကား၊ ဒုဌာတင်ကားနှင့် လုံခြုံရေးယူပေးသော အကြမ်း ဖက်စစ်သားများကို မိုင်းပွိုင့် ၂ ပွိုင့်ဆွဲ၍ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးနေရာမှာပင်ပွဲချင်းပြီး ကား ၁ စီး ပျက်စီးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။

“မနေ့က ၁၁ နာရီ ၄၅ မိနစ်လောက်မှာ ဆွဲခဲ့တာပါ။ ကြေးနီတင်ကားတွေက များတယ်၊ Jammer ကား ၆ စီးပါတယ်။ စုစုပေါင်း ၅၃ စီးယာဉ်တန်းပါ။ အဲဒီထဲကမှ အက်ဆစ်တင်ကားနဲ့ ဒဌာတင်ကား ကို ပစ်မှတ်ထားပြီးတိုက်ခိုက်ခဲ့တာပါ။ လုံခြုံရေးယူပေးတဲ့ စခ ၃ ဦးသေတယ်။ ကားတွေက ဝမ်ပေါင် ကုမ္မဏီကဘက်နေ စစ်ကိုင်းဘက်ကိုသွားတဲ့ ကားတန်းပါ” ဟု ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ် တပ်ဦး BLDF တပ် ခွဲ အညာမိုင်း တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ် တပ်ဦး BLDF တပ်ခွဲအညာမိုင်း ချောင်းဦးမြို့နယ် ၊ ဇာမနီပြောက်ကျားတပ်ဖွဲ့နှင့် ဒေါင်းဘုရင် PDF တပ်ဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက် ခဲခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *