Sagaing News

0 0
Read Time:2 Minute, 19 Second

ကောလင်းမြို့နယ်၊ ဥက္ကံရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက် မှု ပြည်သူ ၃ ဦးသေဆုံးပြီး နေအိမ်အများအပြားပျက်စီး

 

D Day News

အောက်တိုဘာလ ၂၁

 

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အနောက်ခြ်မးရှိ ဥက္ကံကျေးရွာကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပဲ လေကြောင်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦးသေဆုံးပြီးနေအိမ်အများအပြား ပျက်စီးခဲ့ကြောင်း Kawlin Revolution – KR ထံမှ သိရသည်။

 

ယနေ့အောက်တိုဘာလ ၂၁ ရက် နံနက် ၁၀ နာရီ မိနစ် ၂၀ အချိန်ခန့်က ကောလင်းမြို့နယ်၊ အ နောက် ခြမ်းရှိ ဥက္ကံကျေးရွာသို့ အကြမ်းဖက်စစ်ကောင်စီ၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ တစ်စီးဖြင့် ၂ ကြိမ်ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း၊ ထို့အပြင် ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကာ နေအိမ်များလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရ သည်။

” ဗုံး ၃ လုံး ကျဲသွားတာ နေအိမ်ပျက်စီးမှုရှိတယ်၊ အရေအတွက် အတိအကျ မသိရသေးဘူး။ ပြည်သူ ၃ ဦးသေတယ်။ ထိခိုက်မှုလည်း ရှိတယ်။ အဲ့ဒီဘက်က စစ်ကြောင်းမထိုးဘူး။ ကောလင်းမြို့ အ နောက်ဘက် ၂၅ မိုင်ခန့်မှာရှိတယ်။ အဲ့ဒီဒေသ တိုက်ပွဲမဖြစ်ဘဲ အရင်တစ်ခါကလည်း လေကြောင်း ကနေ အပစ်ခံထားရတယ်။” ဟု ဒေသသတင်းရင်းမြစ်က ပြောကြားသည်။

 

ထိုသို့ ဗုံးကြဲတိုက်ခိုက်ပြီးနောက် ယင်းအကြမ်းဖက်စစ်တပ် လေယာဉ်သည် နံနက် ၁၀ နာရီ ၄၃ မိနစ် အချိတွင် လာရာလမ်းအတိုင်း လှည့်ပြန်သွားဆင်းသွားကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီက ကောလင်းမြို့နယ် အပါအဝင် စစ်ကိုင်းတိုင်းအ တွင်း ထိုးစစ်များ ဆင် ခြင်း၊ စစ်ကြောင်းထိုးခြင်းများကို ယခုအောက်တို ဘာလအတွင်း အရှိန်အဟုန်မြှင့်တင်လာပြီး လေ ကြောင်းတိုက်ခိုက်မှုများကိုလည်း တိုးမြှင့်လာနေကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *