Magway News

0 0
Read Time:2 Minute, 10 Second

ရေစကြိုမြို့ ခလရ ၂၅၇ တပ်ရင်းမှ မြိုင်၊လင်းကတောနယ်မြေရဲစခန်းသို့ ရိက္ခာပို့စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၂ ဦးအပြင်းအထန် ဒဏ်ရာရ

 

D Day News

အောက်တိုဘာလ ၂၁

 

မကွေးတိုင်း၊ ရေစကြိုမြို့အခြေစိုက် ခလရ ၂၅၇ တပ်ရင်းမှ မြိုင်မြို့နယ်၊ လင်းကတော နယ်မြေရဲ စခန်းကို ရိက္ခာပို့သွားသည့် စစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးအပြင်း အထန် ဒဏ်ရာ ရရှိခဲ့ကြောင်း ရေစကြို ပကဖ ထံမှ သိရသည်။

 

အောက်တိုဘာလ ၁၈ ရက် နံနက် အစောပိုင်းက ရေစကြို့မြို့ ခလရ ၂၅၇ တပ်ရင်းအတွင်း၌ လူစု၍ အင်အား ၇၀ ခန့်ဖြင့် မြိုင်မြို့နယ်၊ လင်းကတော နယ်မြေရဲစခန်းသို့ ရိက္ခာပို့ရန် ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို နံနက် ၆ နာရီအချိန် ရေစကြိုမြို့နယ်၊ သာစည်ရေစင်ရုံးအနီး အရောက် အသင့်ထောင်ထားသော မိုင်းများဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးအပြင်းအထန် ဒဏ်ရာရရှိပြီး ထမ်းစင်များဖြင့် သယ်ဆောင်သွားကြောင်း သိရသည်။

“ခလရ ၂၅၇ ထဲမှာ လူစုပြီးမနက်အစောပိုင်းထွက်လာတာ၊ ကျနော်တို့က သာစည်ရေစင်ရုံးအနီးမှာ မိုင်းဆွဲလိုက်တာ၊ မိုင်းဆွဲလိုက် လင်းကတောကို ချက်ချင်းမသွားတော့ပဲနဲ့ ဇီးတောကို ညဝင်အိပ် တယ်၊ ဇီးတော့ကို ညဝင်အိပ်ပြီးတော့ ၂ နာရီ လောက်မှ ဇီးတောကနေ ဆက်ထွက်သွားတာ၊ လင်း ကတောကိုတော့ မနေ့က ညနေ ၅ နာရီလောက်မှ ရောက်သွားတယ်။ ဒဏ်ရာရတဲ့ စခ ၂ ဦးကိုတော့ ခလရ ၂၅၇ တပ်ထဲကို ထမ်းစင်နဲ့သယ်သွားတယ်” ဟု ရေစကြို ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ ရဲဘော်များက တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *