NUG News

0 0
Read Time:3 Minute, 38 Second

မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးကို တိုက်ခိုက်မှုကို NUG အစိုးရက ရှုတ်ချလိုက်ပြီး အကြမ်းဖက် စစ်အုပ်စုသည် အမျိုးသားရေးလှုပ်ရှားမှု အမည်ခံ၍ တရုတ်ဆန့်ကျင်ရေး ဆန္ဒ ပြပွဲများ၊ ဆန့်ကျင်လှုပ် ရှားမှုများ ဆောင်ရွက်နေဟု ထပ်လောင်းသတိပေး

 

D Day News

အောက်တိုဘာလ ၂၀

 

မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးကို တိုက်ခိုက်မှုကို NUG အစိုးရက ရှုတ်ချလိုက်ပြီး အကြမ်းဖက် စစ်အုပ်စုသည် အမျိုးသားရေးလှုပ်ရှားမှု အမည်ခံ၍ တရုတ်ဆန့်ကျင်ရေး ဆန္ဒ ပြပွဲများ၊ ဆန့်ကျင်လှုပ် ရှားမှုများ ဆောင်ရွက်နေဟု ထပ်လောင်းသတိပေးထားသည်။

 

အောက်တိုဘာလ ၁၈ ရက် ညနေပိုင်းက မန္တလေးမြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန် ချုပ်ရုံးအား ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ကို သတင်းရရှိပါကြောင်း၊ အမျိုးသား ညီညွတ်ရေးအစိုးရအနေ ဖြင့် ထိုကဲ့သို့သော အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးပျက်ပြားစေမည့် အကြမ်းဖက်လုပ်ရပ်များ၊ အကာအကွယ်ပေးရမည့် သံတမန်ဆိုင်ရာအဆောက်အအုံအား တိုက်ခိုက် သည့်လုပ်ရပ်များကို ကန့်ကွက်ရှုံ့ချကြောင်း NUG အစိုးရ ပြောဆိုထားသည်။

ထိုဖြစ်ရပ်‌ကြောင့် လူမျိုးရေးအမုန်းတရားပဋိပက္ခ ဖြစ်ပွားမည်ကိုလည်း အထူးပင်စိုးရိမ်မိပြီး အမျိုး သား ညီညွတ်ရေးအစိုးရအနေဖြင့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ ဖြစ်ပွားစေမည့် မည်သည့်လုပ်ရပ် မျိုးကို မဆို အစဥ်တစိုက်ဆန့်ကျင်သွားမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။

 

အမျိုးသားညီညွတ်ရေးအစိုးရသည် ၂၀၂၁ ခုနှစ် ဧပြီလကတည်းက အိမ်နီးချင်းနိုင်ငံများ အပေါ် သဘော ထားကြေညာချက်ကို ထုတ်ပြန်ထားသကဲ့သို့၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင်လည်း တရုတ် ပြည်သူ့ သမ္မတနိုင်ငံနှင့်စပ်လျဥ်းသည့်မူဝါဒကို ထုတ်ပြန်ကြေညာထားပြီးဖြစ်သည်ဟု ဆိုသည်။

 

အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် ထုတ်ပြန်ထားသည့် မူဝါဒသဘောထားများအတိုင်း ဆက် လက် ရပ်တည်သွားမည် ဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုသည် အမျိုးသားရေးလှုပ်ရှားမှု အမည်ခံ၍ တရုတ်ဆန့်ကျင်ရေး ဆန္ဒ ပြပွဲများ၊ ဆန့်ကျင်လှုပ်ရှားမှုများ ဆောင်ရွက်နေသကဲ့သို့ တချိန်တခါက တရုတ်-မြန်မာပဋိပက္ခ ဖြစ်ပွားစေခဲ့သည့် လက်သည်တရားခံဖြစ်ကြောင်းကိုလည်း ထပ်လောင်း သတိပေးထားသည်။

 

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် သဘောထားမတူကွဲပြားမှုများ ရှိခဲ့ပါကလည်း သံတမန်နည်း အရ ညှိနှိုင်းဆွေးနွေးအဖြေရှာသည့် နည်းလမ်းဖြင့်သာ ဆောင်ရွက်မည်ဖြစ်သကဲ့သို့၊ အိမ်နီးချင်းနိုင်ငံ များ အပါအဝင် နိုင်ငံအားလုံးနှင့် ချစ်ကြည်ရေး၊ ကောင်းမွန်သောဆက်ဆံရေး၊ ပြည်သူ အချင်းချင်း ပူးပေါင်း ဆောင်ရွက်ရေးကိုသာ အစဥ်တစိုက်ဦးတည်သွားမည်ဖြစ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံများ ၏ ပုံရိပ်ကို ထိခိုက်စေမည့် ကိစ္စရပ်များ၊ လူမျိုးရေး၊ ဘာသာရေး အမုန်းတရားဖြစ်ပွားစေမည့် ကိစ္စရပ် များ၊ ဆောင်ရွက်ချက်များကို ကန့်ကွက် ရှုံ့ချကြောင်း ထုတ်ပြန်ကြေညာထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *