MNDAA News

0 0
Read Time:4 Minute, 11 Second

ကွမ်းလုံမြို့နယ်၊ နမ့်ဟူးကျေးရွာကိုအကြမ်းဖက်စစ်တပ် သန်းခေါင်ယံအချိန် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိပြီးနေအိမ်များလည်း ပျက်စီး

 

D Day News

အောက်တိုဘာလ ၂၀

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်းလုံမြို့နယ်၊ နမ့်ဟူးကျေးရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်က သန်းခေါင်ယံအချိန် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိမှုရှိပြီး နေအိမ်များ ပျက်စီးခဲ့ ကြောင်း MNDAA က သတင်းထုတ်ပြန်သည်။

 

ယနေ့ အောက်တိုဘာလ ၂၀ ရက် နံနက်အစောပိုင်း ၀၀ နာရီ ၅၂ မိနစ်အချိန်က ကွမ်လုံမြို့နယ်၊ နမ့်ဟူးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းဖြင့် ပြင်းအားမြင့်ဗုံးများ အသုံးပြုပြီး နမ့်ဟူးကျောင်းအနီးရှိ လူနေရပ်ကွက်များတွင် ကျဲချတိုက်ခိုက်ခဲ့ရာ ဗုံးတစ်လုံးသည် နှစ်ထပ်တိုက်၏ ပထမထပ်နှင့်ဒုတိယထပ်ရှိလူနေအိပ်ခန်းကို တိုက်ရိုက် ထိုးဖောက်ဝင်ရောက်ခဲ့သော်လည်း ကံကောင်း ထောက်မစွာဖြင့် ဗုံးကျရောက်ရာသည် အနည်းငယ်လွဲချော်ပြီး ကုတင်ကို မထိသော ကြောင့် ကုတင်ပေါ်တွင် အိပ်ပျော်နေသူသည် အသက်အန္တရာယ်မှ လွတ်မြောက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် အခြားသော ဗုံးများသည် အနီးနားရှိ အရပ်သား နေအိမ် အများအပြား အတွင်းသို့ ကျ ရောက် ပေါက်ကွဲခဲ့ပြီး အရပ်သား တစ်ဦး ဒဏ်ရာ အနည်းငယ် ရရှိခဲ့သည့်အပြင် အခြားနေအိမ်အများ အပြား ပျက်စီးခဲ့ပြီး ခြံဝင်းအတွင်း ရပ်ထားသည့် ကားအများအပြားလည်း ပျက်စီးခဲ့ကြောင်း သိရ သည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်က ဗုံးကျဲတိုက်ခိုက်ခဲ့သည့် ကွမ်းလုံမြို့နယ်၊ နမ့်ဟူးကျေးရွာအုပ်စုသည် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားများ‌နေထိုင်ရာရပ်ကွက်ဖြစ်ပြီး လက်နက်ကိုင် တပ်ဖွဲ့များ တပ်စွဲ ထားမရှိကြောင်း၊ တိတ်ဆိတ်သော ညအောက် တွင် တိုက်လေယာဉ်၏ ပျံသန်းသံ ရုတ်တရက် ထွက်ပေါ်လာပြီး လေကြောင်းမှ ဗုံးများ ကျဲချခဲ့‌သော ကြောင့် လူအများ အထိတ်တလန့်နှင့် ပရမ်း ပတာ ဖြစ်ခဲ့ရကြောင်း MNDAA က ပြောဆိုသည်။

 

အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုအပြီးတွင် နမ့်ဟူးမြို့နယ် အုပ်ချုပ်မှုကော်မတီသည် ပေါက်ကွဲမှုဖြစ်ပွားရာနေရာကို အလျင်အမြန်သွားရောက်ကာ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ ကြောင်း သိရသည်။

 

လားရှိုးစစ်ပွဲစတင်ချိန်နှင့် စစ်ပွဲအပြီးတွင် မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်သည် အထူးဒေသ ၁ ၏ မြို့တော် လောက်ကိုင်မြို့အပြင် ကွတ်ခိုင်ခရိုင်၊ သိန္နီခရိုင်နှင့် လားရှိုးမြို့တို့ကို ဆက်တိုက် လေ ကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ စစ်ကောင်စီဖက်က စစ်ရေးနှင့်လုံးဝသက်ဆိုင်ခြင်း မရှိသည့် အရပ်သားများနေထိုင်ရာနေရာများ၊ လူများစုဝေးရာနေရာများ နှင့် ကျောင်းများ၊ ဆေးရုံများ နှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများကဲ့သို့သော အခြေခံ အသက်မွေးဝမ်းကျောင်း အဆောက်အအုံ များ ကိုသာ ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း MNDAA က ပြောကြားသည်။

ယခုကဲ့သို့ အခြေခံအဆောက်အဦများကို ဗုံးကျဲခြင်းဖြင့် ပြည်သူတို့၏ အသက်မွေးဝမ်းကြောင်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများကို ဖျက်ဆီးရန် ကြိုးပမ်းကာ ဒေသခံများအား ၎င်းတို့၏ မွေးရပ်မြေသို့ ပြန်၍ အလုပ်ပြန်လုပ်ခြင်းကို တားမြစ်ခြိမ်းခြောက်ရန်ဖြစ်ပြီး စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ် များသည် လွန်စွာစက်ဆုပ်ရွံရှာမုန်းတီးစရာကောင်းကြောင်း ဆက်လက်ပြောဆိုသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *