MNDAA News

0 0
Read Time:3 Minute, 19 Second

လားရှိုးမြို့သိမ်းတိုက်ပွဲမှ ဖမ်းမိသည့် စစ်သုံ့ပန်း မိသားစုဝင် ၃၁ ဦးကို MNDAA ပြန်လွှတ်ပေး (ရုပ်သံ)

 

D Day News

အောက်တိုဘာလ ၂၀

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်းမှ ဖမ်းမိသည့် စစ်သုံ့ပန်း မိသားစုဝင် ၃၁ ဦး ကို ပြန်လွှတ်ပေးလိုက်ကြောင်း MNDAA က ထုတ်ပြန်သည်။

 

အောက်တိုဘာလ ၁၆ ရက်န့က MNDAA၏ နိုင်ငံရေးဌာနမှ လားရှိုးအလုပ်အဖွဲ့သည် မင်းအောင်လှိုင် အာဏာသိမ်းတပ် စစ်သုံ့ပန်း၏ မိသားစုဝင်တစ်ချို့ကို နေရပ်ပြန်နိုင်ကြောင်း ပြောဆို စည်းရုံးခဲ့ပြီး မိသားစုဝင် ၃၁ ဦးကို အောက်တိုဘာလ ၁၉ ရက်နေ့တွင် စစ်ဘေးကြားခံဇုန်သို့ ဘေးကင်းစွာ ပို့ ဆောင်ပြီးနောက် မဟာမိတ်တပ်၏ ရှေ့တန်းအရာရှိများနှင့် စစ်သားများသက အာဏာသိမ်းတပ်၏ ထိန်းချုပ်နယ်မြေများသို့ မော်တော်ယာဉ်များဖြင့် သွားလာရန် စီစဉ်ပေးကြောင်း သိရသည်။

 

စစ်သုံ့ပန်းများကို ထိန်းသိမ်းထားစဉ်အချိန်အတွငး် ရိုက်နှက်ညှင်းပန်းခြင်း သို့မဟုတ် စစ်သုံ့ပန်းများ ၏ စိတ်ဓာတ်ရေးရာကို စော်ကားခြင်း လုံးဝမရှိသည်မှာ မဟာမိတ်တပ်၏ အမြဲလိုက်နာကျင့်သုံးခဲ့ သည့် ဦးစားပေး ကောင်းမွန်စွာဆက်ဆံရေးမူဝါဒကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး စစ်သုံ့ပန်း များကို စိတ်ချလက်ချဖြင့်ထားခဲ့ကာ မိသားစုဝင်များနေရပ်ပြန်နိုင်သည်ကို တောင်းဆိုခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ထို့သို့ စစ်သုံ့ပန်းမိသားစုဝင်များ နေရပ်ပြန်နိုင်ရေးအတွက် မဟာမိတ်တပ်၏ ရှေ့တန်းအရာရှိများနှင့် စစ်သည်များက အနီးကပ် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊စစ်သုံ့ပန်း၏ မိသားစုဝင် ၃၁ ဦး အပြန်ခရီး အတွက် စားနပ်ရိက္ခာနှင့် တည်းခိုခ ပြဿနာအချို့ကို ဖြေရှင်းရန်အတွက် သက်ဆိုင်ရာ ခရီးစရိတ် များလည်း ထုတ်ပေးခဲ့ကြောင်း သိရသည်။

 

နေရပ်ပြန်ကြသည့် စစ်သုံ့ပန်းမိသားစုဝင်များသည် ၎င်းတို့၏ မိသားစုဝင်များ ဖမ်းဆီးခံရစဉ် ယာယီ အခြေချ စခန်းသို့ လိုက်ပါနေထိုင်ကြခြင်းဖြစ်ပြီးမဟာမိတ်တပ်က ရန်သူမိသားစုဝင်များအားလုံးကို နေရပ်ပြန်ပို့ရန် ဆောင်ရွက်ခဲ့ကြသော်လည်း စစ်သုံ့ပန်းများကို ဂရုစိုက်မှုကြောင့် မိသားစုဝင် အနည်း ငယ်က နေရပ်ပြန်ရန် ငြင်းဆိုခဲ့သည်ဟု ဆိုသည်။

 

မကြာသေးမီက အထက်လူကြီးများ၏ ညွှန်ကြားချက်များအတိုင်း မဟာမိတ်တပ် နိုင်ငံရေးဌာန၏ အလုပ်အဖွဲ့သည် မင်းအောင်လှိုင် အာဏာသိမ်းတပ်၏ စစ်သည်မိသားစုဝင်များကို အိမ်ပြန်ရန် ထပ်မံ စည်းရုံးခဲ့သဖြင့် နောက်ဆုံးတွင် မင်းအောင်လှိုင် အာဏာသိမ်းတပ်၏ စစ်သည်မိသားစုဝင်များ အား လုံး နေရပ်သို့ ပြန်သွားကြခြင်းဖြစ်ကြောင်း MNDAA က ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *