International News

0 0
Read Time:4 Minute, 57 Second

မြန်မာနိုင်ငံရှိ ကလေးငယ် ၅ သိန်း နီးပါး အလွန်အမင်းအာဟာရချို့တဲ့မှု ခံစားနေရဟု ကုလသမဂ္ဂ ဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ထောက်ပြပြောဆို

 

D Day News

အောက်တိုဘာလ ၂၀

 

မြန်မာနိုင်ငံရှိ ကလေးငယ် ၅ သိန်းနီးမှာ အလွန်အမင်း အရဟာရချို့တဲ့မှု ခံစားနေရကြောင်း ကုလ သမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ထောက်ပြပြောဆို သည်။

 

အောက်တိုဘာလ ၁၇ ရက်နေ့က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်ရုံး၌ ကျင်းပပြုလုပ်သည့် (၇၉) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ဒုတိယကော်မတီ (စီးပွား ရေးနှင့် ဘဏ္ဍာရေး‌) ၏ ဘာသာရပ် အစီအစဉ် (၂၂) နှင့် (၂၄) တို့မှ ဆင်းရဲမွဲတေမှုလျော့ချရေး၊ စား နပ်ရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာခေါင်းစဉ်ဆိုင်ရာ ဆွေးနွေးမှုအစီစဉ်တွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် (၁၅) နှစ်အတွင်း အကြီးမားဆုံးသော ဆင်းရဲမွဲတေမှုကိုရင်ဆိုင်နေရပြီး မြန်မာနိုင်ငံ လူဉီးရေ၏ ထက်ဝက် နီးပါး မှာ ဆင်းရဲ မွဲတေမှုသတ်မှတ်မျဉ်းအောက်တွင် နေထိုင်နေရကြောင်း၊ ကလေးငယ်များ၏ (၅၅) ရာခိုင်နှုန်းကျော်မှာ ဆင်းရဲမွဲတေမှုနှင့် ရင်ဆိုင်နေရပြီး ၅၀၀,၀၀၀ နီးပါးမှာ ၂၀၂၄ ခုနှစ်အတွင်း အလွန်အမင်းအာဟာရချို့တဲ့မှုကို ခံစားရမည်ဟု ခန့်မှန်းထားပြီး၊ ယမန်နှစ် က ထက် (၅၄) ရာခိုင်နှုန်းမြင့်တက်လာကြောင်း ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ် စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကထောက်ပြပြောကြားသည်။

 

ဝင်ငွေနည်းပါးလာမှုနှင့် ဝင်ငွေရရှိရန် ခက်ခဲလာမှုများသည် မိသားစုများ၏ ကျန်းမာရေး၊ ပညာရေး အသုံးစရိတ်များ လျော့ချရသည့် အတွက် အနုတ်လက္ခဏာဖြစ်ရာ အလွန်ဆင်းရဲသော မိသားစုများ သည် အသုံးစရိတ်၏ (၂) ရာခိုင်နှုန်းသာ ပညာရေးအတွက် အသုံးပြုနိုင်ကြောင်း သိရသည်။

 

လူ့စွမ်းအားအရင်းအမြစ်ကျဆင်းမှုသည် တိုင်းပြည်၏မျိုးဆက်သစ်များအတွက် နောင်နှစ်ပေါင်း များ စွာ အထိ သက်ရောက်မှုဖြစ်စေမည်ဖြစ်ရာ မိမိတို့၏ ရေရှည်ဖွံဖြိုးတိုးတက်ရေးရည်မှန်းချက် အ ကောင် အထည်ဖော်ရေးတွင် “Leaving no one behind” ကိုထိခိုက်မည်မှာ သေချာကြောင်း ယင်း မှာ မြန်မာနိုင်ငံ၏အနာဂတ်မျိုးဆက်သစ်များအား နောက်ချန်ထားခဲ့သည်ကို အထင်အရှား ပြသ လျက် ရှိကြောင်း၊ ယခုကဲ့သို့သော ဝမ်းနည်းစရာအဖြစ်အပျက်များနှင့် ကိန်းဂဏန်းအချက် အလက် များကို ပြောကြားရသည်မှာ လွန်စွာစိတ်မကောင်းသော်လည်း လက်ရှိဖြစ်ပေါ်နေသည့် အခြေ အနေ များကို ရှင်းရှင်းလင်းလင်းနှင့် ဓမ္မဓိဌာန် ကျကျ သိရှိစေလိုသည့် အတွက် ဆက်လက် ပြောကြား နေရ မည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကပြောကြားသည်။

 

မြန်မာပြည်သူများခံစားနေရသည့် ဆင်းရဲမွဲတေမှု၊ စားနပ်ရိက္ခ္ခမလုံလောက်မှုနှင့်အတူ အစစသော အကျပ်အတည်းများ၏ အဓိကခံ ဇစ်မြစ်မှာ စစ်အာဏာရှင်ဖြစ်ကြောင်း ထောက်ပြစရာများမှာ ကုန် နိုင်မည်မထင်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဆင်းရဲမွဲတေမှု ပပြောက်ရေး၊ စားနပ်ရိက္ခာဖူလုံ မှုရှိရေး နှင့် စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု ရှိရေး စသည့် ကတိကဝတ်များကို ထပ်လောင်းအတည်ပြုပါ ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

သို့ဖြစ်ပါ၍ မြန်မာပြည်သူများလိုလား တောင်းတဆောင်ရွက်နေသည့် စစ်အာဏာရှင်စနစ် အပြီး တိုင် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ရေးတို့အပေါ် နိုင်ငံတကာမှ ထိရောက်မြင်သာသည့် ကူညီမှုများပံ့ပိုးပေးရန် တိုက်တွန်းကြောင်း၊ မိမိတို့ ဘုံရည်မှန်းချက် ဖြစ်သော ဆင်းရဲမွဲတေမှုနှင့် ဆာလောင်မွတ်သိပ်သူ မရှိသော ကမ္ဘာကြီးဖြစ်စေရန် အမှန်တကယ် အလိုအပ် ဆုံးသောသူများမှ စတင်ဆောင်ရွက်ရန် တိုက်တွန်းပါကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *