Mon State News

0 0
Read Time:3 Minute, 7 Second

ရေးမြို့နယ်၊ စံပြကျေးရွာအနီးယာယီတပ်စွဲထားသော စစ်တပ်အထိုင်စခန်းကို တိုက်ခိုက်မှု ဗိုလ်ကြီး လှိုင်ဝင်းထွဋ်ပါ ၅ ဦးသေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ဦး ကျဆုံး

 

D Day News

အောက်တိုဘာလ ၁၉

 

မွန်ပြည်နယ်၊ စံပြကျေးရွာအနီးရှိ အကြမ်းဖက်စစ်ကောင်စီတပ် ယာယီအထိုင်စခန်းကို သွားရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ ဗိုလ်ကြီး လှိုင်းဝင်းထွဋ် အပါအဝင် ၅ ဦးသေဆုံးခဲ့ကြောင်း ဒေါနစစ်ကြောင်းထံမှ သိရသည်။

 

အောက်တိုဘာလ ၁၇ ရက် နံနက် ၄ နာရီ ၃၀ မိနစ်အချိန်တွင် ရေးမြို ရေး – သံဖြူဇရပ် ကားလမ်း မပေါ် စံပြကျေးရွာအနီး တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၈၈ မှ ယာယီအထိုင် စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ရန်သွားရောက်ခဲ့ကြောင်း၊ နံနက် ၅ နာရီ ၄၅ မိနစ် အချိန်တွင် အကြမ်းဖက်စစ်တပ်စခန်းကုန်းမှ ကင်းလှည့်ရန် ဆင်းလာသော အကြမ်းဖက်စစ်သားများ နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား မျက်နှာချင်းဆိုင်တွေ့ရှိကာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ ကြောင်း သိရသည်။

နှစ်ဖက်ထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ ဗိုလ်ကြီးလှိုင်ဝင်းထွဋ် အပါဝင် ၅ ဦး သေဆုံးခဲ့ပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြာင်း၊ သေဆုံး၊ဒဏ်ရာရ စစ်‌ကောင်စီ တပ်သားများကို လူနာတင် ယာဉ် ၄ စီးဖြင့် ရေးမြို့ပြည်သူ့ဆေးရုံကြီးသို့ သယ်‌ဆောင်သွာကြောင်းသိရသည်။

 

ထို့အပြင် အကြမ်းဖက်စစ် သားများ အသုံးပြုသော MA1 အမျိုးအစား သေနတ် ၁ လက်၊ MA 2 အမျိုးအစား သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

 

ထို့သို့ တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း ခမရ ၁၀၆ မှ ၈၁ မမဖြင့် ၄ ကြိမ် လက်နက်ကြီးပစ်ကူပေးခဲ့ရာ ၃ လုံး သည် စံပြကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ့ နေအိမ်တစ်လုံးထိခိုက် ပျက်စီးခဲ့ ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်း တပ်ရင်းလုံခြုံရေး တပ်ခွဲ ၊ ဒေါန တပ်ခွဲ ၃ ရေးပြောက်ကျားတပ် YGF တပ်ခွဲ၊ ဗျူဟာ ၃၃ အထူးစစ်ဆင်ရေးတပ်ဖွဲ့၊ မွန်ပြည်တော် လှန်ရေးတပ် MSRF၊KNLA တပ်ရင်း ၂၇ ၊ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ (NMSP – AD) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တပ်ရင်း ၁ နှင့် YPDFတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် တပ်ဖွဲ့ဝင်၂ ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရကာ ၁ ဦးမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *