လားရှို့မြို့၊ နားမခေါ် ဓာတ်အားပေးစက်ရုံနှင့် သိန္နီခရိုင် ၊ နမ့်မျှော်ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ဓာတ် အားပေးစက်၊ လျှပ်စစ်ဓာတ်ကြိုးများနှင့်အဆောက်အဦအများအပြား ပျက်စီး
D Day News
အောက်တိုဘာလ ၁၈
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှို့မြို့၊ နားမခေါ် ဓာတ်အားပေးစက်ရုံနှင့် သိန္နီခရိုင် ၊ နမ့်မျှော်ရေအား လျှပ်စစ် ဓာတ်အားပေး စက်ရုံကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ဓာတ် အားပေးစက်၊ လျှပ်စစ်ဓာတ်ကြိုးများနှင့် အဆောက်အဦအများအပြား ပျက်စီး ခဲ့ကြောင်း MNDAA က ထုတ်ပြန်သည်။
အောက်တိုဘာလ ၁၆ ရက်နေ့ ညနေပိုင်းက သိန္နီခရိုင် နောင်မွန်ကျေးရွာအုပ်စု ၊ နမ့်မျှော်ရေအားလျှပ် စစ်ဓာတ်အားပေးစက်ရုံကို မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်က တိုက်လေယာဉ်ဖြင့် ဗုံးသီး ၄ လုံး ကြဲချခဲ့ရာ လျှပ်စစ်ဓာတ်အားပေးစက်ရုံရှိ ဓာတ်အားပေးစက်၊ လျှပ်စစ်ဓာတ်ကြိုးများနှင့်အ ဆောက် အဦအများအပြား ပျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ အောက်တိုဘာ ၁၄ ရက် ညနေပိုင်းကလည်း လားရှိုးမြို့ ၊ရပ်ကွက် ၁ ရှိ နားမခေါ် ဓာတ် အားပေး စက်ရုံကို မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်က တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက် ခိုက်ခဲ့ရာ ဓာတ် အားပေးစက်ရုံရှိ စက်အချို့ ပျက်စီးခဲ့ပြီး အရပ်သားပြည်သူ တစ်ဦး သေဆုံးကာ တစ် ဦး ဒဏ်ရာရရှိခဲ့ ကြောင်း၊ ထို့အပြင် နေအိမ်အများအပြားလည်း ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။
လားရှိုးမြို့နှင့် သိန္နီမြို့ရှိ လူနေရပ်ကွက်များအပြင် စာသင်ကျောင်းများ၊ ဈေးများနှင့် အခြားအများ ပြည်သူဆိုင်ရာ အဆောက်အအုံများကို မင်းအောင်လှိုင်၏ အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက် မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ရာ အရပ်သားပြည်သူ အများ အပြားသေဆုံးခဲ့ရကြောင်း MNDAA က ပြောဆိုသည်။
မကြာသေးမီကာလများက မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်သည် ပြည်သူတို့ နေထိုင်ရေး အတွက် အခြေခံအဆောက်အအုံများကို လေကြောင်းမှ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး ပြည်သူတို့ နေထိုင်ရေးအတွက် အခြေခံအဆောက်အအုံများကို ဖျက်စီးကြောင်း၊ ပြည်သူတို့ နေထိုင်ရေးအတွက် အခြေခံအဆောက်အဦများကို ဗုံးကြဲခြင်းဖြင့် ဖျက်ဆီးရန် ကြိုးပမ်းကာ အလုပ်နှင့် ထုတ်လုပ်မှု ပြန်လည်စတင်ခြင်းကို အဟန့်အတား ဖြစ်စေကြောင်း MNDAA က ဆက်လက်ပြောကြားသည်။
D Day News