KNLA News

0 0
Read Time:4 Minute, 7 Second

လေးကေမြို့သစ်အနီး အမြောက်တပ်စခန်းကုန်းကို ၇ ကြာပိတ်ဆို့ထားပြီး တိုက်ခိုက်သိမ်းပိုက်မှု ၁၂၀ မမ စိန်ပြောင်း ၂ လက်၊ ပွိုင့်ဖိုက်ကျည် အတောင့် ၁၀၀၀ တောင်အပါအဝင် လက်နက်ခဲယမ်း များစွာသိမ်းဆည်းရရှိ

 

D Day News

အောက်တိုဘာလ ၁၈

 

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ်အနီး စွယ်တော်ကုန်းနယ်စပ်အမြောက်တပ် စခန်းကို ၇ လကြာ ပိတ်ဆို့ထားမှုပြီးနောက် ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ၁၂၀ မမ စိန်ပြောင်း ၂ လက်၊ ပွိုင့်ဖိုက်ကျည် အတောင့် ၁၀၀၀ တောင်အပါအဝင် လက်နက်ခဲယမ်း များစွာသိမ်းဆည်းရရှိ ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

 

ယမန်နေ့‌ အောက်တိုဘာလ ၁၇ ရက် နံနက် ၅ နာရီခန့်က မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ် အနီး ဝင်ရောက်ကျူးကျော်တပ်စွဲထားသော အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ မစခ−၆၀၆ လက်အောက်ခံအမြောက်တပ်ဖွဲ့ ပူးတွဲတာဝန်ယူထားသော စွယ်တော်ကုန်း နယ်စပ် ခြေကုတ်အမြောက်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ဦးဆောင် သော တော်လှန်ရေးပူးပေါင်းတပ်တို့မှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

စွယ်တော်ကုန်း နယ်စပ်ခြေကုတ်အမြောက်စခန်း သည် ၂၀၀၃ ခုနှစ်မှ စတင်ကာ ထိုင်း−မြန်မာ နယ် စပ် တပ်စခန်း အဖြစ် စတင်တပ်စွဲခဲ့ပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) လက်အောက်ခံ တပ် များမှ တာဝန်ယူခဲ့ကာ ၂၀၂၁ ခုနှစ် မြန်မာစစ်တပ်မှ အာဏာသိမ်းသည့် အချိန်မှစပြီး တပ်မ (၂၂) တပ်မ (၄၄) နှင့် ကမ်းရိုးတမ်းတပ်များပါ လာရောက်တပ်စွဲခဲ့သော တပ်စခန်းတစ်ခု ဖြစ်ကြောင်း သိရသည်။

 

၎င်းတပ်စခန်းသည် ထိုင်းမြန်မာနယ်စပ်၌တည်ရှိကာ နယ်မြေစိုးမိုးရေးနှင့် နယ်စပ်လုံခြုံရေးအတွက် ရည်ရွယ်တည်ဆောက်ထားသော တပ်စခန်းတစ်ခုဖြစ်ပြီး လေကေ့ကော် မြို့သစ်သို့ ကျူးကျော် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးသည့် အချိန်မှစပြီး မြဝတီနှင့် ဖလူးဒေသတစ်လျှောက် လက်နက်ကြီးများနှင့် ပစ်ခတ်ကာ ပြည်သူလူထုအား အမြဲတစေ လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေသော တပ် စခန်း တစ်ခုဖြစ်ကြောင်း KNU ဗဟိုက ပြောဆိုသည်။

 

ထိုတပ်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (K.N.L.A) ဦးဆောင်သော တော် လှန်ရေး ပူးပေါင်းတပ်တို့မှ (၇) လကြာ ဝန်းရံ ပိတ်ဆို့ပြီးနောက် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ပြီး စခန်း သိမ်းပိုက်စဉ် အတွင်း စစ်သုံ့ပန်းများအပြင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များထံမှ (၁၂၀) မမ လက်နက်ကြီး (၂) လက်၊ ပွိုင့်ဖိုက် (၁) လက်နှင့် လက်နက်ငယ်များအပါအဝင် ခဲယမ်း အမြှောက်အများ ကိုလည်း သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်တပ်စခန်းမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများမှာ ၁၂၀ မမ စိန်ပြောင်း ၂ လက်၊ ၁၂၀ မမ စိန်ပြောင်း အထိုင် ၂ ခု၊ ၁၂၀ မမ ဒေါက် ၃ ခု၊ ၁၂၀ မမ ပြောင်းရှင်းတံ ၂ ချောင်း ၊ ပွိင့်ဖိုက် ၁ လက် (မောင်းတုံးမပါ) ၊ ပွိုင့်ဖိုက် (ပြောင်းအပို) ၁ ချောင်း၊ MA – 1 ၁၆ လက်၊ MA 3 ၃ လက်၊ MA 4 (ပူးတွဲ) ၃ လက် (ပျက်စီး) ၊ ၆၀ မမ ပြောင်းရှည် ၁ လက် ပျက်စီး၊ ၆၀ မမ အထိုင် ၁ ခု၊ RPG 7 ၁ လက်(မောင်းတုံးမပါ) ၊ ၁၂၀ မမ ဗုံးသီး ၂၄ လုံး၊ ပွိင့်ဖိုက် ကျည် အတောင့် ၁၀၀၀ ၊ ၆၀ မမ ဗုံးသီး ၃၆ လုံး၊ MA ကျည် ( ၅ ဒသမ ၅၆ ) အတောင့် ၂၀၀၀ ဝန်းကျင် ၊ နာတိုကျည် ( ၇ ဒသမ ၆၂ ) အတောင့် ၁၅၀၀ ၊ တိုက်မိုင်း/နင်းမိုင်း ၁၀ လုံး၊ စစ်သုံးမြေပုံ ၁ ခု၊ Jammer စက် ၄ ခုတို့ဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *