International News

0 0
Read Time:9 Minute, 2 Second

အကြမ်းဖက်စစ်တပ်က အဓမ္မပြုကျင့်ခြင်း အပါအဝင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု မြောက်များစွာ ကို အလွန်အမင်း ရုန့်ရင်းကြမ်းတမ်းသော၊ လူ မဆန်သော နည်းလမ်းများဖြင့် စနစ်တကျ၊ တွင်ကျယ် စွာ ကျူးလွန်လျက်ရှိဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲ တမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော် မိုးထွန်း ပြောဆို

 

D Day News

အောက်တိုဘာလ ၁၈

 

အကြမ်းဖက်စစ်တပ်က အဓမ္မပြုကျင့်ခြင်း အပါအဝင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု မြောက်များစွာ ကို အလွန်အမင်း ရုန့်ရင်းကြမ်းတမ်းသော၊ လူမဆန်သော နည်းလမ်းများဖြင့် စနစ်တကျ၊ တွင်ကျယ် စွာ ကျူးလွန်လျက်ရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲ တမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော် မိုးထွန်း ပြောကြားသည်။

 

အောက်တိုဘာလ ၁၆ ရက်နေ့က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်ရုံး၌ ကျင်းပ ပြုလုပ်သည့် ၇၉ ကြိမ်မြောက် ကုလ သမဂ္ဂ အထွေထွေညီလာခံ၊ လူမှုရေး၊ လူသားချင်း စာနာ မှု နှင့် ယဉ်ကျေးမှု ဆိုင်ရာကော်မတီ (တတိယ ကော်မတီ) ၌ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက် ရေးနှင့်စပ်လျဉ်း၍ အထွေထွေ ဆွေးနွေးမှုအစီအစဉ် (General Discussion) တွင် ၎င်းက အထက်ပါ အတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၌ မတရား စစ်အာဏာသိမ်းရန် ကြိုးပမ်းမှု ဖြစ်ပေါ် ခဲ့ချိန် မှစ၍ အကြမ်းဖက် စစ်တပ်သည် အဓမ္မပြုကျင့်ခြင်း အပါအဝင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု မြောက်များစွာကို အလွန်အမင်း ရုန့်ရင်းကြမ်းတမ်းသော၊ လူ မဆန်သော နည်းလမ်းများဖြင့် စနစ် တကျ၊ တွင်ကျယ်စွာ ကျူးလွန်လျက်ရှိရာ AAPP ၏ အချက်အလက်များအရ အမျိုးသမီး ၁,၁၃၂ ဦး သတ်ဖြတ်ခံခဲ့ရပြီး ၅,၆၄၉ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲ တမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြောကြားသည်။

လူသားချင်းစာနာထောက်ထားမှုအကူအညီ လိုအပ်နေသည့် ၁၈.၆ သန်းအနက် အများစုမှာ အမျိုး သမီ မသန်စွမ်းသူများ အပါအဝင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ ဖြစ်နေပြီး လူသားချင်း စာနာထောက်ထားမှု အခြေအနေအပြင် အမျိုး သမီးများနှင့် မိန်းကလေးငယ်များအနေဖြင့် လိင် အခြေပြု အကျိုးသက်ရောက်မှုများကို ပဋိပက္ခဒဏ်သင့် နေရာဒေသများတွင် အချိုးမညီမျှစွာ ကြုံ တွေ့ နေရကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

 

အကြမ်းဖက်စစ်တပ်သည် အမျိုးသမီးများကို စနစ်တကျ ပစ်မှတ်ထားကာ လိင်ပိုင်း ဆိုင်ရာ အကြမ်း ဖက်မှုကို စစ်လက်နက်တစ်ခုသဖွယ်နှင့် ခြိမ်းခြောက်ရန်အတွက် အသုံးပြု လျက်ရှိပြီး မတရား စစ် အာဏာသိမ်းရန် ကြိုးပမ်းနေသည့် ကာလတစ်လျှောက် ကျားမတန်းတူညီမျှမှုကို သိသာစွာ ထိခိုက် ခဲ့ကြောင်း၊ အမျိုးသမီးများ၊ မိန်းကလေးငယ်များ နှင့် LGBTIQ+ များမှာ ခွဲခြားဆက်ဆံခြင်း၊​ အကြမ်း ဖက်မှုနှင့် လိင်အမြတ်ထုတ်ခြင်းများကြုံတွေ့ခဲ့ရကြောင်း သိရသည်။

 

မြန်မာနိုင်ငံရှိ မသန်စွမ်းသော အမျိုးသမီးများ အပါအဝင် ရဲရင့်သော ကိုယ်ကျိုးစွန့်သော အမျိုးသမီး များ နှင့် မိန်းကလေးငယ်များ အနေဖြင့် ဤမျှ ထိတ်လန့်ဖွယ်ကောင်း၍ ဆိုးရွားသော အခြေအနေ များ နှင့် ရင်ဆိုင်နေရ သော်လည်း အမျိုးသမီး လူ့အခွင့်အရေး ကာကွယ်သူများက မြန်မာနိုင်ငံတွင် အကြမ်းဖက် စစ်တပ်အား ခုခံတော်လှန်ရန်၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရန်နှင့် ဖက်ဒရယ် ဒီမိုက ရေစီ စနစ် ထူထောင်ရန် ရှေ့တန်းမှ ပါဝင်လျက်ရှိကြောင်း သိရသည်။

 

ထို့ပြင် ၎င်းတို့အနေဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြသမှု၊ အကြမ်းမဖက် အာဏာ ဖီဆန်ရေး စသည့် ဒီမိုကရေစီ လှုပ်ရှားမှုများတွင် သာကမ အမျိုးသားညီညွတ်ရေး အစိုးရနှင့် အခြားသော ကဏ္ဍများ၌ရှိသော အဓိကခေါင်းဆောင်မှုနေရာများတွင် ပါဝင်ကာ ယခင်ကထက် ပို၍ ဦးဆောင်မှု အခန်းကဏ္ဍများကို တာဝန်ယူလာခဲ့ကြကြောင်း သိရသည်။

 

ထို့အတူ မြေပြင်တွင် လှုပ်ရှားနေကြသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် အမျိုးသမီး လူ့အခွင့် အရေး ကာကွယ်သူ အများစုအနေဖြင့်လည်း ကြီးလေးသော လုံခြုံရေးစိန်ခေါ်မှု များအား ကြုံတွေ့ နေ ရစေကာမူ အချက်အလက် ရယူစုဆောင်းခြင်း၊ အကြမ်းဖက် စစ်တပ် မှ ပဋိပက္ခဖြစ်ပွားသည့် နေရာများတွင် ကျူးလွန်သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ အပါအဝင် ၎င်းတို့၏ ရက်စက် ကြမ်း ကြုတ် မှုများကို တင်ပြခြင်း စသည့် လုပ်ငန်းများ၌ အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက် ရှိကြောင်း၊ ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားမှ အချက် အလက်စုဆောင်းမှု အစီအစဉ်များကိုလည်း အထောက်အကူ ပြုပေးလျက်ရှိကြောင်း အသိပေးထား သည်။

 

၎င်းတို့၏ ကြံ့ခိုင်မှုနှင့် ပြတ်သားသော ဆုံးဖြတ်ချက်များသည် မိမိတို့၏ ရေရှည်ဖွံ့ဖြိုး တိုးတက်မှု ပန်းတိုင်းများ၊ အထူးအားဖြင့် ပန်းတိုင် ၅ ပြည့်မှီရေးနှင့်တကွ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး အစီအစဉ်အတွက်လည်း မြှင့်တင်ပေးကြောင်း၊ ၎င်းတို့၏ အခန်းကဏ္ဍသည် မြန်မာနိုင်ငံတွင် ပို၍ တရားမျှတသော၊ ဒီမိုကရေစီနည်းကျသော အနာဂတ်ကို ဆောင်ကြဉ်းပေးနိုင်မည်ဟုလည်း ယုံ ကြည်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြောကြားသည်။

 

စစ်အာဏာရှင်အား ခုခံတော်လှန်ရာတွင် ၎င်းတို့၏ ရဲစွမ်းသတ္တိနှင့် ကိုယ်ကျိုးစွန့် အနစ်နာခံမှုတို့ကို ဦးညွတ် ဂုဏ်ပြုလိုကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်း များ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ အထူးသဖြင့် အမျိုးသမီး လူ့အခွင့်အရေး ကာကွယ်စောင့် ရှောက်သူများအနေဖြင့် အကြမ်းဖက်စစ်တပ်အား ၎င်းတို့ကျူးလွန်ထားသည့် ရာဇဝတ်မှုများ အတွက် တာဝန်ခံမှုရှိစေရန် အစဉ်တစိုက် လုပ်ဆောင်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

ထို့ကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့်လည်း အမျိုးသမီးများနှင့် မိန်းကလေးငယ်များ အပါ အဝင် မိမိတို့ ပြည်သူများ၏ စိတ်ဆန္ဒမျှော်မှန်းချက်နှင့်အညီ လုပ်ဆောင်းပေးကြပါရန် ကုလသမဂ္ဂ ဆိုင် ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က တိုက်တွန်း တောင်းဆို ထားသည်။

 

မြန်မာနိုင်ငံတွင် တန်းတူညီမျှ၍ အားလုံးပါဝင်သော အသိုက်အဝန်းတစ်ရပ် ဖော်ဆောင်နိုင်ရန် ရေ ရှည် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင် ၅ ပြည့်မှီရေးက အဓိကကျပြီး လူမဆန်သည့် အကြမ်းဖက်စစ်တပ်နှင့် ၎င်း၏ တရားမဝင် စစ်အာဏာသိမ်းရန် ကြိုးပမ်းမှုသည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အကျပ် အတည်း၏ အရင်းအမြစ်ပင်ဖြစ်ကြောင်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်မှု ရရှိစေရေးအတွက်လည်း အဓိကအတားအဆီးပင် ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ် ကြီး ဦးကျော်မိုးထွန်း က ထောက်ပြထားသည်။

 

ထို့ကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်အာဏာရှင်လက်ထဲသို့ လက်နက်၊ ခဲယမ်း၊ လေ ယာဉ်ဆီနှင့် ငွေကြေးများ မရောက်ရှိစေရန် ဖြတ်တောက်ပေးခြင်းအားဖြင့် မြန်မာနိုင်ငံတွင် စစ်အာ ဏာရှင်စနစ် ကျရှုံးရေးအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပေးရန် ၎င်းက ဆက်ဘက် တိုက်တွန်း တောင်းဆိုသည်။

 

မြန်မာနိုင်ငံရှိ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအနေဖြင့် ၎င်းတို့၏ အခွင့်အရေး အား အပြည့် အဝ အကာအကွယ်ပေး၍ ၎င်းတို့၏ စွမ်းဆောင်ရည်အား အသိအမှတ်ပြုသည့် အနာဂတ်ကို မျှော် မှန်းနိုင်သည့် တူညီသော အခွင့်အရေးကို ကမ္ဘာကြီးနှင့်အတူ ခံစားခွင့်ရသင့်ကြောင်း ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြောဆိုသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *