International News

0 0
Read Time:3 Minute, 43 Second

ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်တစ်ရပ်ရေးဆွဲပြီးနောက်မှသာ အားလုံးပါဝင်နိုင် သည့် ရွေးကောက်ပွဲတစ်ရပ် ကျင်းပသွားရန်ဖြစ်နိုင်မည် ဖြစ်သည်ဟု တော်လှန်ရေးအင်အားစုများ ကြား သဘောတူညီထားပါကြောင်း CRPH က နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ကို တင်ပြ

 

D Day News

အောက်တိုဘာလ ၁၈

 

ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်တစ်ရပ်ရေးဆွဲပြီးနောက်မှသာ အားလုံးပါဝင်နိုင် သည့် ရွေးကောက်ပွဲတစ်ရပ် ကျင်းပသွားရန်ဖြစ်နိုင်မည် ဖြစ်သည်ဟု တော်လှန်ရေးအင်အားစု များကြား သဘောတူညီထားပါကြောင်း CRPH က နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ကို တင်ပြခဲ့ ကြောင်း သိရသည်။

 

အောက်တိုဘာလ ၁၇ ရက် နေ့လည်ပိုင်းက ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့၌ ကျင်းပခဲ့သည့် ၂၁၄ ကြိမ် မြောက် အမှုဆောင်ကောင်စီအစည်းအဝေးအား (၁၄၉) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များ ညီ လာခံကာလတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအား IPU က တင်ပြခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၌ အကြမ်းဖက်စစ်တပ်သည် မြေပြင် တွင် နယ်မြေဆုံးရှုံးမှုများ ပိုမိုများပြားနေခြင်း ကြောင့် လေကြောင်းတိုက်ခိုက်မှုများ၊ အရပ်သားပြည် သူများကို ပစ်မှတ်ထားတိုက်ခိုက်မှုများကို ပိုမို လုပ်ဆောင်လျက်ရှိပါကြောင်း၊ လက်ရှိပဋိပက္ခ များအ ကြားမှ အာဏာသိမ်းစစ်တပ်သည် ၂၀၂၅ ခုနှစ် တွင် အတုအယောင်ရွေးကောက်ပွဲတစ်ရပ်ပြုလုပ်ရန် ပြင်ဆင်လျက်ရှိပါကြောင်း၊ ယင်းသည် ဒီမိုကရေစီနည်းမကျနိုင်သည်သာမက ပြည်သူ့ဆန္ဒကိုလည်း ထင်ဟပ်နိုင်မည် မဟုတ်ပါကြောင်း၊ တော်လှန်ရေးအင်အားစုများသည် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်း ပုံ အခြေခံဥပဒေသစ်တစ်ရပ် ရေးဆွဲပြီးနောက်မှသာ အားလုံးပါဝင်နိုင်သည့် ရွေးကောက်ပွဲတစ်ရပ် ကျင်းပသွားရန်ဖြစ်နိုင်မည် ဖြစ်သည်ဟု သဘောတူညီထားပါကြောင်း၊ ယင်းသည် တိုင်းပြည်အတွင်း ထာဝရငြိမ်းချမ်းရေးနှင့် ရေရှည်တည်တံ့ဖွံ့ဖြိုးရေးအတွက် တစ်ခုတည်းသော လမ်းကြောင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် အာ ဏာ သိမ်းစစ်တပ်၏ ရွေးကောက်ပွဲအား အသိအမှတ်မပြုရန်နှင့် ပြည် ထောင်စုလွှတ်တော် ကိုယ်စား ပြုကော်မတီအား ဆက်လက်အသိအမှတ်ပြုရန် ၂၀၂၀ ပြည့်နှစ်၊ မြန်မာ့ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်သူများကိုယ်စား အမှုဆောင်ကော်မတီက တိုက်တွန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

 

နိုင်ငံတကာပါလီမန်များအဖွဲ့(IPU) သည် အကြမ်းဖက်စစ်တပ်၏ တရားမဝင်အာဏာသိမ်းမှုနောက် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော် ကိုယ် စား ပြုကော်မတီအား မြန်မာနိုင်ငံ၏ တရားဝင်ကိုယ်စားပြုအဖွဲ့အစည်းအဖြစ် ဆက်လက် အသိ အမှတ်ပြုခဲ့ကြောင်း သိရသည်။

 

နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ၏ ညီလာခံအစည်းအဝေးများအား (၆) လတစ်ကြိမ် ကျင်းပပြီး (၁၅၀) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံအား ဥဇဘက်ကစ္စတန်နိုင်ငံတွင် ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *