Human Right News

0 0
Read Time:2 Minute, 21 Second

အကြမ်းဖက်စစ်အုပ်စုက မတရားထောင်ဒဏ်ချမှတ်ထားသည့် ရှေ့နေဒေါ်ရွက်နုအောင်ကို ၂၀၂၄ ခုနှစ် လူ့အခွင့်အရေးဆု (XXVIII International Human Rights Award Ludovic Trarieux 2024) ချီးမြှင့်

 

D Day News

အောက်တိုဘာလ ၁၈

 

အကြမ်းဖက်စစ်အုပ်စုက မတရားထောင်ဒဏ်ချမှထားသည့် ရှေ့နေ ဒေါ်ရွက်နုအောင်ကို ၂၀၂၄ ခုနှစ် လူ့အခွင့်အရေးဆု (XXVIII International Human Rights Award Ludovic Trarieux 2024) ဆုချီးမြှင့်လိုက်ကြောင်း သိရသည်။

 

အီတလီနိုင်ငံအခြေစိုက် Institut des droits de l’homme des avocats européens (IDHAE) Via Emilio de’ Cavalieri အဖွဲ့အစည်းက ၂၀၂၄ ခုနှစ် လူ့အခွင့်အရေးဆု (XXVIII International Human Rights Award Ludovic Trarieux 2024 ) ကို အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတော်အာဏာ ကို မတရားသဖြင့်ရယူရန်ကြိုးပမ်းမှုဖြစ်စဉ်ဖြစ်ပွားပြီးနောက် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅ နှစ် မတရားချမှတ်ခံထားရသူ  ရှေ့နေ ဒေါ်ရွက်နုအောင်ကို ပေးအပ်ချီးမြှင့်လိုက်ခြင်းဖြစ်ကြောင်း သိရ သည်။

ရှေ့နေတစ်ဦးဖြစ်သည့် ဒေါ်ရွက်နုအောင်၏ လွတ်လပ်သော တရားရေးဆိုင်ရာ လုပ်ငန်းများလုပ် ဆောင်နေမှု၊ နိုင်ငံရေးအကျဉ်းသားများနှင့်ပတ်သက်၍ တက်ကြွစွာ လူ့အခွင့်အရေး ကာကွယ် လုပ်ဆောင်နေမှုကို အကြောင်းပြု၍ ယခုကဲ့သို့ လူ့အခွင့်အရေးဆုကို ချီးမြှင့်ခြင်းဖြစ်ကြောင်း စီစဉ်သူများဘက်က ထုတ်ဖော်ပြောဆိုထားသည်။

 

ဒေါ်ရွက်နုအောင်သည် ယခုချိန်ထိ အကြမ်းဖက်စစ်အုပ်စု၏ မန္တလေးအိုးဘိုထောင်တွင် တိုက်ပိတ် ချုပ်နှောင်ခြင်း ခံထားရဆဲဖြစ်ကာ ဆုကို လာရောက်လက်ခံယူနိုင်ခြင်းမရှိပါသဖြင့် အမျိုးသား ညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ဦးအောင်မျိုးမင်းက ကိုယ်စားဆုလက်ခံရယူသွားမည်ဖြစ်ကြောင်း သိရသည်။

 

ယင်းအခမ်းအနားကို ၂၈ ကြိမ်မြောက်အဖွဲ့၏ညီလာခံနောက်ဆုံးနေ့တွင်ထည့်သွင်းပြီး အထူးအစီ အစဉ် အနေဖြင့် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *