CDM News

0 0
Read Time:4 Minute, 17 Second

ရန်ကုန်တိုင်းအတွင်းရှိ အခြေခံပညာရေး CDM ဝန်ထမ်းများ၊ ဖမ်းဆီးခံ CDM များနှင့် ပညာရေးလုပ် ငန်းများကို ကူညီဖော်ဆောင်နိုင်ရန်အတွက် တတ်စွမ်းသည့်ဘက်မှ ဝန်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံ

 

D Day News

အောက်တိုဘာလ ၁၈

 

ရန်ကုန်တိုင်းအတွင်းရှိ အခြေခံပညာရေး CDM ဝန်ထမ်းများ၊ ဖမ်းဆီးခံ CDM များနှင့် ပညာရေးလုပ် ငန်းများကို ကူညီဖော်ဆောင်နိုင်ရန်အတွက် တတ်စွမ်းသည့်ဘက်မှ ဝန်းဝန်းကူညီပေးကြပါရန် “ရန် ကုန် သားတို့ ပြန်ဆုံချိန်” ကမ်ပိန်းအဖွဲ့က မေတ္တာရပ်ခံထားသည်။

 

ရန်ကုန်ဒေသတွင်းရှိ အခြေခံပညာ CDM ပညာရေးဝန်ထမ်းများ အရေးပေါ်ကျန်းမာရေး ကူညီ ထောက်ပံ့နိုင်ရန်၊ ဖမ်းဆီးခံ ပညာရေးဝန်ထမ်းများကို ကူညီနိုင်ရန်နှင့် ပညာရေးလုပ်ငန်းများ လုပ် ဆောင်နိုင်ရန်အတွက် လိုအပ်ချက်များစွာဖြစ်ပေါ်လျက်ရှိသဖြင့်  အောက်တိုဘာလ ၁၅ ရက် နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ကမ်ပိန်းလှုပ်ရှားမှုပြုလုပ်ကာ ရန်ကုန် အခြေခံပညာ CDM ပညာ ရေး ဝန်ထမ်းများ ကွန်ရက် https://www.facebook.com/profile.php?id=100091148211208 နှင့်ရန်ကုန်ဒေသတွင်းရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့များ ၊ ပြည်သူ့ပညာရေးကျောင်းများမှ တဆင့် အလှူငွေများ ကောက်ခံသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ရန်ကုန် ဒေသတွင်းရှိ အခြေခံပညာ CDM ပညာရေးဝန်ထမ်း တစ်သောင်းနီးပါးသည် အခုအချိန်ထိ ကြံ့ကြံ့ခံ၍ တော်လှန်တိုက်ပွဲဝင်လျက်ရှိပြီး တော်လှန်ရေးကာလကြာမြင့်လာသည်နှင့်အမျှ လိုအပ် ချက်ပေါင်းများစွာဖြစ်ပေါ်လျက်ရှိကြောင်း၊ ၂၀၂၃ ခုနှစ် ၊ ဧပြီလမှ ယခုအချိန်အထိ အရေးပေါ် ကျန်း မာရေးအကူအညီအဖြစ် အခြေခံပညာ CDM ပညာရေး ဝန်ထမ်း (၁၀၈) ဦးကို ကူညီထောက်ပံ့ပေး ထားကြောင်း သိရသည်။

 

တော်လှန်ရေးကာအချိန်ကြာလာတာနဲ့ တော်လှန်ရေးရေချိန်အရ ပညာရေး CDM တွေအတွက် အ ရေးပေါ် အခက်အခဲတွေကို ကူညီဖြေရှင်းနိုင်ဖို့ မလွယ်ကူတော့ဘူး။ ဒါကြောင့် အရေးပေါ်အခက်အခဲ တွေကို တတ်စွမ်းသည့်ဖက်မှ ကူညီနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ဘာတွေလုပ်မှာ လဲ ဆိုရင် ကမ်ပိန်းမှာ အပိုင်း ၂ ပိုင်း ရှိပါတယ်။ ပထမအပိုင်းကတော့ မတည်ရန်ပုံ ငွေပါ တတ်စွမ်းသ၍ ငါးသောင်း ၊ တစ်သိန်း စသဖြင့် မတည်ရနိပုံငွေ အလှူခံပါတယ်။ ဒုတိယ အပိုင်း က တော့ ရန်ပုံငွေ ကံစမ်းမဲအစီအစဥ်ပါ၊ မဲလက်မှတ်တစ်စောင် (၅၀၀၀ ကျပ်) နဲ့ဝယ်ယူ အားပေးနိုင်ပါတယ်။” ဟု ကမ်းပိန်းလှုပ်ရှားမှုတွင် ပါဝင်သူ CDM ကျောင်းဆရာတစ်ဦးက ရှင်းပြ သည်။

 

ကံစမ်းမဲလက်မှတ်ရောင်းချမှုတွင် ၁၅ သိန်းတန် ရွှေနားကပ်တစ်ရံ၊ ၅ သိန်းတန်ကျောက် ဆွဲသီး ၊ ကျောက်စီ ပန်းချီကား တစ်ချပ် ၊ ငွေသား ၅ သိန်းဆုတစ်စု၊ ငွေသား ၃ သိန်းဆု တစ်ဆု နှင့် ငွေသား ၂ သိန်း ဆုတစ်ဆု တို့ကို မဲဖောက်ရွေးချယ်ကာ ပြန်လည်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

“ရရှိလာတဲ့ ရန်ပုံငွေကိုတော့ ရန်ကုန်ဒေသအတွင်းရှိ အခြေခံပညာကဏ္ဍအတွက် အရေးပေါ် ကျန်း မာရေး ကူညီထောက်ပံ့မှုအတွက် ၇၀ ရာခိုင်နှုန်း၊ ဖမ်းဆီးခံပညာရေးဝန်ထမ်းတွေအတွက် ၁၀ ရာခိုင် နှုန်းနဲ့ အခြေခံပညာရေးလှုပ်ရှားမှုတွေအတွက် ၂၀ ရာခိုင်နှုန်း အသုံးပြုသွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့်ပြည်သူဝွေအနေနဲ့ “ရန်ကုန်သားတို့ ပြန်ဆုံချိန်” ကမ်ပိန်းလေး အောင်မြင်အောင် တတ်စွမ်းသ၍ ပူး ပေါင်း ပါဝင်ပေးကြပါဦး” ဟု ကမ်းပိန်းလှုပ်ရှားမှုတွင် ပါဝင်သူ CDM ကျောင်းဆရာတစ်ဦးက မေတ္တာ ရပ်ခံပြောကြားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *