Yangon News

0 0
Read Time:2 Minute, 7 Second

မင်္ဂလာဒုံမြို့နယ်၊ လှော်ကားလမ်းဆုံအနီးရှိ ခမရ ၁၀၆ တပ်ရင်းကို အဝေးထိန်းမိုင်ဖြင့် ဖောက်ခွဲ တိုက်ခိုက်

 

D Day News

အောက်တိုဘာလ ၁၇

 

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန်မြို့၊ လှော်ကားလမ်းဆုံအနီးရှိ ခမရ ၁၀၆ တပ်ရင်းကို အဝေးထိန်းမိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Dark Shadow တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ အောက်တိုဘာလ ၁၆ ရက် ညနေ ၆ နာရီ ၃၀ မိနစ်အချိန်က ထောက်ကြန့်မြို့၊ လှော်ကား လမ်းဆုံအနီးရှိ အကြမ်းဖက်စစ်ကောင်စီတပ်က ခမရ ၁၀၆ တပ်ရင်းကို Dark Shadow တပ်ဖွဲ့မှ အဝေးထိန်း မိုင်း ၂ လုံး အသုံးပြု၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ ထိ ခိုက်မှု တစ်စုံတစ်ရာ ရှိ၊ မရှိ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

Photo – ရန်ကုန်မြို့ရှိ အကြမ်းဖက်စစ်တပ် ဘန်ကာကင်းတစ်ခု (ပုံဟောင်း)

အဆိုပါ တိုက်ခိုက်မှုအတွင်း Dark Shadow တပ်ဖွဲ့ဝင်ရဲဘော်များဘေးကင်းစွာပြန်လည် ဆုတ်ခွာနိုင် ခဲ့ပြီး ပြည်သူများအားနေ့စဉ် ဒုက္ခပေးနေသော အကြမ်းဖက်စစ်ကောင်စီ၏ စစ်သားများကို သတိပေး သည့်အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဆက်လက်၍ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများ၊ ကင်းစခန်းများ ၊ ရဲစခန်းများအပါအဝင် အ ကြမ်း ဖက်စစ်ကောင်စီထောက်တိုင်များကို ဆက်တိုက် တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ နှင့် ပတ်သတ်သော နေရာများ၊ စစ်သား၊ ရဲ၊ ပျူ၊ အရပ်ဝတ် စစ်ကောင်စီဘက်တော်သားများ စုဝေးနေထိုင်ရာ နေရာများကို သွားရောက်ခြေင်း၊ အနီး ကပ်နေထိုင် ခြင်းမပြုကြရန်နှင့် ဝေးဝေးမှ ရှောင်ရှားသွားလာပေးကြပါရန် မေတ္တာရပ်ခံထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *