လောင်းလုံးမြို့နယ်အတွင်း စစ်တပ်က အင်အားရာချီစစ်ကြောင်းထိုးနေသဖြင့် ခရီးသွားလာခြင်းမပြု ကြရန် လောင်းလုံးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထုတ်ပြန်
D Day News
အောက်တိုဘာလ ၁၇
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အင် အား ရာချီ အသုံးပြု ကာ စစ်ကြောင်းထိုးနေသဖြင့် မလိုအပ်ပဲ ခရီးသွားလာခြင်းမပြုကြရန် လောင်း လုံးမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က ယနေ့ အောက်တိုဘာလ ၁၇ နေ့တွင် ထုတ်ပြန်သည်။
လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ အင်အား ရာချီရှိသည့် အကြမ်းဖက်စစ်အုပ်စုမှ စစ် ကြောင်းထိုးဝင်ရောက်လျက်ရှိပြီး ပြည်သူများအား သတ်ဖြတ်ခြင်း၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးခြင်း၊ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းနှင့် ပြည်သူပိုင်ပစ္စည်းများအားဖျက်စီး ခြင်း၊ခိုးယူခြင်းများကဲ့သို့ သော အကြမ်းဖက်လုပ်ရပ်များ ဆက်တိုက် ကျူးလွန်လုပ်ဆောင်လျက်ရှိကြောင်း လောင်းလုံးမြို့ နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည် ။
သို့ပါသောကြောင့် ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များ ထိခိုက်မှုမရှိစေရန်အတွက် လောင်း လုံးမြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ စစ်ရေးသတိပေးချက်များအား လုံးဝ (လုံးဝ) လိုက်နာကြရန် ၊ လောင်းလုံးမြို့နယ်အတွင်း ပြည်သူများအနေဖြင့် အရေးပေါ်အခြေအနေများ ၊ ကျန်းမာရေးဆိုင်ရာ မဖြစ်မနေသွားလာလှုပ်ရှားရမည့် ကိစ္စရပ်များမှအပ ခရီးသွားလာခြင်း လုံးဝ မပြုလုပ်ရန် အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
အဆိုပါ ဒေသန္တရတည်မြဲအမိန့်များအား မြို့နယ်အတွင်း ပြည်သူများအနေဖြင့် လိုက်နာဆောင်ရွက် ပေးကြပါရန်နှင့် ဒေသန္တရအမိန့်အား မရုပ်သိမ်းမခြင်း လုံးဝ လိုက်နာပူးပေါင်းပါဝင်ပေးကြပါရန် လောင်းလုံးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးထုတ်ပြန်ထားသည်။
D Day News