Mandalay News

0 0
Read Time:2 Minute, 18 Second

မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်ရှိ ကားပစ္စည်းဆိုင် ဓားပြတိုက်ခိုက်ခံရပြီး အိမ်ရှင်အမျိုးသမီး ထံမှ လက်ကောက်၊ ရွှေဆွဲကြိုး နှင့်ငွေကျပ် ၃ သိန်းခန့်ပါသွား၊ အိမ်ရှင်အမျိုးသမီးလည်း ဓားထိုးခံရ

 

D Day News

အောက်တိုဘာလ ၁၇

 

မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်၊ ၂၈ လမ်း ၊ ၈၁ လမ်းနှင့် ၈၂ လမ်းကြား ကားပစ္စည်းဆိုင်အိမ် ဓားပြတိုက်ခံရပြီး ရွှေဆွဲကြိုး၊ ရွှေလက်ကောက်နှင့် ငွေကျပ် ၃ သိန်းခန့်ပါသွားကာ အိမ်ရှင် အမျိုး သမီးလည်း တစ်ဦး ဓားထိုးခံရကြောင်း ဒေသသတင်းရင်းမြစ်များထံက မှ သိရသည်။

 

ယနေ့ အောက်တိုဘာလ ၁၇ ရက် မွန်းလွဲ ၁ နာရီခန့်က ချမ်းအေးသားဇံမြို့နယ်၊ ၂၈ လမ်း ၊ ၈၁ လမ်း နှင့် ၈၂ လမ်းကြားရှိ ဗန္ဓာပင်ကိုလေး ကားပစ္စည်းဆိုင်ကို မုန့်မှာစားနေကျ Delicary သမား၏ နောက် မှ လူနှစ်ဦးက ကပ်လျက်လိုက်ပါလာကာ မုန့်ယူစဉ် အမျိုးသားတစ်ဦးမှ ဓားရှည်ကိုင်ဆောင်ပြီး ဦးကို လေးကို ဓားဖြင့်ထောက်ကာ ၎၏ ဇနီး၊ သမီးတို့ထံမှ ၁ ကျပ်သား ဆွဲကြိုး ၁ ကုံး၊ ၁ ကျပ်သား လက် ကောက် ၃ ကွင်းနှင့် ငွေကျပ် ၃ သိန်းတို့ကို ယူဆောင်ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။

“အခါကြီး ရက်ကြီးမှာ ဓားပြတိုက်ခံရတာ။ ၂၈ လမ်း၊ ၈၁ လမ်းနဲ့ ၈၁ လမ်းကြား ဗန္ဓာပင်ကိုလေး ကား ပစ္စည်းဆိုင် အတိုက်ခံရတာ၊ မုန့်မှာစားနေကျ Delivary နောက်ကနေ နှစ်ယောက် လိုက်လာပြီး ဓားပြတိုက်သွားတာလို့ပဲ သိရပါတယ်။ အိမ်ရှင် အမျိုးသမီးတော့ လည်းပင်း ဓားဒဏ်ရာ၊ လက်ဓား ဒဏ်ရာရတယ်လို့ သိရတယ်” ဟု Voice Of Mandalay မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ ဓားပြခိုက်ခံရသည့် နေအိမ်သို့ စစ်ကောင်စီတပ်သား၊ ရဲများ ရောက်ရှိလာကာ စစ်ဆေး နေ ကြောင်း၊ ဓားပြတိုက်မှုအတွင်း အိမ်ရှင်အမျိုးသမီး၌ လည်းပင်း နှင့် လက်တို့တွင် ဓားဒဏ်ရာ အသီး သီးရရှိခဲ့ပြီး စိုးရိမ်စရာမရှိကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *