Magway News

0 0
Read Time:2 Minute, 9 Second

ထီးလင်းမြို့နယ်၊ ညောင်ရွာနှင့် အကြည်ဘန်းရွာကြား တနေရာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိပဲ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၂ ဦး ဒဏ်ရာရ

 

D Day News

အောက်တိုဘာလ ၁၇

 

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ ညောင်ရွာနှင့်အကြည့်ဘန်းရွာကြား တနေရာကို အကြမ်း ဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယောအလင်းတန်းထံမှ သိရသည်။

 

ယမန်နေ့ အောက်တိုဘာလ ၁၆ ရက် ညနေ ၄ နာရီ ၂၅ မိနစ်အချိန်က ထီးလင်းမြို့နယ်၊ ညောင်ရွာ နှင့် အကြည်ဘန်းကျေးရွာ ကြားတနေရာကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိပဲ ဂျက်ဖိုက်တာ တစ်စီးဖြင့် ၃ ကြိတ်လှည့်ပတ်ပျံဝဲကာ ဗုံးသီး ၄ လုံးကျဲချပြီး ရော့ကတ်၊ ပွိုင့်ဖိုက် လက်နက်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့သို့ ဗုံးကျဲပစ်ခတ်တိုက်ခိုက်မှုကြောင့် အကြည်ဘန်းကျေးရွာနေ ပြည်သူ အမျိုးသား ၂ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူများ မွေးထားသော ဝက်အမကြီး တစ်ကောင်၊ ဝက်အထီးကြီး တစ် ကောင်နှင့် ဝက်သားပေါက်ကလေး ၉ ကောင် နှင့် ညောင်ရွာမှ ပြည်သူပိုင် ကျွဲတစ်ကောင်တို့ သေ ဆုံးခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ပြည်သူများနေထိုင်ရာ ကျေးရွာများ၊ စာသင်ကျောင်းများ၊ ဘုရားစေတီပုထိုးများ၊ ဘုန်းကြီးကျောင်းများ၊ စစ်ဘေးရှောင်စခန်းများကို ရည် ရွယ်ချက်ရှိရှိ ဗုံးကျဲပစ်ခတ်တိုက်ခိုက်ကာ စစ်ရာဇဝတ်မှုများကို နေ့စဉ့်ကျူးလွန်နေခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *