Karen State News

0 0
Read Time:3 Minute, 22 Second

မြဝတီမြို့နယ်၊ လေ့ကေ့ကော်အနီး စွယ်တော်ကုန်း၌ အထိုင်ချထားသော လက်နက်ကြီး ဗျူဟာစစ် စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု တပ်မ ၄၄ ဗျူဟာမှူးအပါအဝင် စစ်သားများထွက်ပြေးသွားပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

 

D Day News

အောက်တိုဘာလ ၁၇

 

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေကော်အနီး စွယ်တော်ကုန်း၌ အထိုင်ချထားသော အကြမ်း ဖက်စစ်တပ် လက်နက်ကြီး ဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရရှိခဲ့ရာ တပ်မ ၄၄ ဗျူဟာမှူးအပါ အဝင်အကြမ်းဖက် စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားကြောင်း တော်လှန်ရေးသတင်းရင်းမြစ် များထံက သိရသည်။

 

ယနေ့ အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် ၅ နာရီအချိန် လေ့ကေ့ကော်မြို့သစ်အနီး စွယ်တော် ကုန်း၌ အထိုင်ချတပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီး စစ်တပ်ဗျူဟာစခန်းကို KNLA ၊ ကော်ဘရာစစ်ကြောင်း၊ PDF ပူးပေါင်းစစ်ကြောင်းများက ထိုးစစ်ဆင် တိုက်ခိုက်ကာ သိမ်း ပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး စစ်သုံ့ပန်းများလည်း ဖမ်းဆီးရရှိကာ ၁၂၀ မမ လက်နက်ကြီးနှင့် ပွိုင့်ဖိုက် လက် နက်ကြီးများအပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“လေ့ကေ့ကော်အနီး စွယ်တော်ကုန်း(ခ) ခွေးကုန်း ရန်သူဗျူဟာ စခန်းကို KNLA နဲ့ ကော်ဘရာ PDF ပူး ပေါင်းတပ်တွေ ဒီမနက် ၅ နာရီလောက် မှာ သိမ်းဆည်းရမိပြီ၊ ရန်သူ တပ်မ ၄၄ ဗျူဟာမှုးနဲ့ အများ စု စခန်းစွန့်ထွက်ပြေးပါတယ်။ လတ်တလောက် ၁၂၀ မမ၊ ပွိုင့်5 အပါ လက်နက်အများစု သိမ်းဆည်း ရမိထားပြီး ရန်သူ သုံ့ပန်းတချို့လည်း ရရှိထားပါတယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြော ကြားသည်။

 

အဆိုပါ အကြမ်းဖက်စစ်ကောင်စီ၏ စွယ်တော်ကုန်း လက်နက်ကြီး ဗျူဟာစခန်းသည် ပြည်သူများ နေထိုင်သော ကျေးရွာများသို့ လက်နက်ကြီးများဖြင့် အမြဲလိုလို ပစ်ခတ်နေသော စခန်းတစ်ခုဖြစ်ပြီး KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက ၃ လနီးပါး ပိတ်ဆို့ထားကာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းစခန်းအတွင်းမှ ထွက်ပြေးသွားသော အကြမ်းဖက်စစ်သားများမှာ မြဝတီမြို့ဘက်သို့ ထွက်ပြေး သွားခြင်းဖြစ်ပြီး ယခုနေ့လည်ပိုင်းတွင် မေတ္တာလင်းမြိုင်ဘက်သို့ ရောက်ရှိနေကြောင်း၊ မြဝတီမြို့နယ် အတွင်းရှိ ဝေါလေ စစ်ဗျူဟာစခန်း၊ ဥကရစ်ထ စစ်တပ်စခန်းတို့ ကျန်ရှိနေသေးကြောင်း သိရသည်။

 

ယခုသိမ်းပိုက်ရရှိသော စွယ်တော်ကုန်း လက်နက်ကြီး ဗျူဟာစခန်းသည် ၂၀၀၃ ခုနှစ်ခန့်က ထိုင်း -မြန်မာနယ်ခြားစစ်စခန်းအဖြစ် တပ်စွဲခဲ့ခြင်းဖြစ်ပြီး တပ်မ ၂၂ ၊ တပ်မ ၄၄ နှင့် ကမ်းရိုးတန်းတိုင်း လက်အောက်ခံတပ်ရင်းများ အထိုင်ချထားသည့် စခန်းဖြစ်ကြောင်း သိရသည်။

Photo – ယနေ့ နံနက်ပိုင်း လေ့ကေ့ကော်မြို့သစ်အနီးရှိ စစ်ကောင်စီ၏ လက်နက်ကြီးဗျူဟာ စွယ် တော်ကုန်းစခန်းကို ကော်ဘရာစစ်ကြောင်းက သိမ်းပိုက်ရရှိထားစဉ်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *