Sagaing News

0 0
Read Time:2 Minute, 18 Second

ရွှေဘိုမြို့နယ်၊ မြင်းချင်းပျူရွာနှင့် စစ်ကူစစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား၊ ပျူ ၅ ဦးသေဆုံး

 

D Day News

အောက်တိုဘာလ ၁၆

 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းချင်းပျူရွာနှင့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၊ ပျူ ၅ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့ အောက်တိုဘာလ ၁၅ ရက် ညနေ ၆ နာရီခန့်က ရွှေဘိုမြို့နယ် မြင်းချင်းပျူရွာအတွင်း အထိုင် ချ တပ်စွဲထားသော အကြမ်းဖက်စစ်သား၊ ပျူစခန်းကို တော်လှန်ရေးတပ်ဖွဲ့များပူးပေါင်းပြီး ဝင် ရောက် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၃ နာရီခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း စစ်ကူပေးရန် ရွှေဘိုမြို့နယ်၊ ပန်းရံပျူရွာ ၊မင်္ဂလာပျူရွာတို့မှ အကြမ်းဖက်စစ် သား ၊ ပျူများသည် ဇီးကုန်းလေးပျူရွာဘက်သို့ အင်အားလာရောက်ပူးပေါင်းကာ စစ်ကူထွက်လာစဉ် ရွှေဘိုမြို့နယ်အတွင်းရှိ ပကဖ ဒရုန်းတပ်ဖွဲ့များ ပူးပေါင်း၍ ၆၀ မမ ဒရုန်းဗုံးသီးများ အကြိမ်ကြိမ်ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့သို့ တိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်သား၊ ပျူ ၅ ဦးသေဆုံးပြီး ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပြန်လည် အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာလာခဲ့ကြောင်း သိရ သည်။

 

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုမြို့နယ် ပကဖ-တာဝန်ခံ၏ ကွပ်ကဲမှုဖြင့် ရွှေဘိုမြို့နယ် ပကဖ တိုက် ခိုက် ရေးအဖွဲ့ PDO၊ တိုက်နယ် -၂ ပကဖ တိုက်ခိုက်ရေးအဖွဲ့၊ တိုက်နယ် (၅) ပကဖတိုက်ခိုက်ရေး အဖွဲ့၊ ဒီပဲယင်းမြို့နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့ – (Group 1၊ 3၊ အနောက်မြောက်လွင်ပြင်ပကဖ) ၊ ရွှေဘိုမြို့နယ်ပကဖ Shwebo Federal Tech Drone တပ်ဖွဲ့ ၊ တိုက်နယ် (၅) ပကဖ ဂဠုန်ကြီး Fixed wings Drone တပ်ဖွဲ့နှင့် နယ်မြေခံပကဖ အဖွဲ့များ ပူးပေါင်း၍ ပကဖအဖွဲ့များ သီးသန့်တိုက်ပွဲဆင်နွှဲ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *