PDF News

0 0
Read Time:4 Minute, 41 Second

တောင်ပိုင်းတိုင်း စစ်ဒေသ၌ စက်တင်ဘာလအတွင်း စစ်ကောင်စီကို စခန်းသိမ်းတိုက်ပွဲ ၃ ကြိမ် အပါအဝင် တိုက်ခိုက်မှု ၉၄ ကြိမ်ရှိပြီး ၁၄၇ ဦး သေဆုံးကာ လက်နက်ခဲယမ်းနှင့်ရိက္ခာများ သိမ်းဆည်းရရှိ

 

D Day News

အောက်တိုဘာလ ၁၆

 

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသနယ်မြေတွင် စက်တင် ဘာလအတွင်း အာဏာသိမ်းစစ်ကောင်စီ၏ တပ်စခန်းသိမ်းတိုက်ပွဲ ၃ ကြိမ်အပါအဝင် စစ်ကောင်စီကို တိုက်ခိုက်မှု ၉၄ ကြိမ်လုပ်ဆောင်ခဲ့ရာ စစ်သား ၁၄၇ ဦးသေဆုံးပြီး လက်နက်ခဲယမ်းနှင့်ရိက္ခာများ သိမ်းဆည်းရရှိခဲ့ကြောင်း တောင်ပိုင်းတိုင်း စစ်ဒေသက ထုတ်ပြန်သည်။

 

စက်တင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ တောင်ပိုင်းစစ်ဒေသနယ်မြေတွင် အာဏာသိမ်း အ ကြမ်း ဖက်စစ်ကောင်စီ၏ တပ်စခန်းကို သိမ်းပိုက်မှု ၃ ကြိမ်အပါအဝင် ထိတွေ့တိုက်ပွဲပေါင်း ၆၆ ကြိမ်၊ အကြမ်းဖက်စစ်တပ် အတွက် အလုပ်လုပ်ပေးနေသူ ဒေါက်တိုင်များကို ရှင်းလင်းတိုက်ခိုက်မှု ၄ ကြိမ်၊ အကြမ်းဖက်စစ်တပ်စခန်းများ၊ စစ်ကြောင်းများကို ဒရုန်းဖြင့်တိုက်ခိုက်မှု ၂၄ ကြိမ် နှင့် လက် နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု၊ မိုင်းဆွဲတိုက်ခိုက်မှု၊ စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်မှုများစွာကို ဖော် ဆောင်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဖော်ဆောင်ခဲ့သည့် စစ်ဆင်ရေးများအတွင်း စစ်ကောင်စီတပ်သား ၁၄၇ ဦး သေဆုံး၍ ၉၆ ဦး ဒဏ်ရာရကာ သုံ့ပန်းအနေဖြင့် အရှင်လက်ရဖမ်းဆီးရမိခဲ့သူ ၈ ဦးရှိကြောင်း၊ အရှင်ဖမ်းမိသည့် စစ် သုံ့ပန်းများကို စစ်သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရ သည်။

 

ထိုတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီထံမှ ရိက္ခာကားတစီး၊ လက်နက်ကြီး၊ လက်နက်ငယ် နှင့် ခဲယမ်းအမြောက်အများ၊ ဆန်အိတ် ၄၀၀ ကျော်၊ RPG-7 ကျည် အလုံး ၁၀၀၊ ၆၀မမ ကျည် ၅၂ လုံး၊ လက်ပစ်ဗုံးများနှင့် ဆွဲမိုင်းများကို သိမ်းဆည်းရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကလည်း ပျက်စီးဆုံးရှုံးမှုအနည်းငယ် ရှိခဲ့ကြောင်း သိရသည်။

 

စက်တင်ဘာလ တိုက်ပွဲများအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် မဟာမိတ်များဘက်မှ ရဲ ဘော် ၁၇ ဦး တိုင်းပြည်အတွက် ရဲဝံ့စွာအသက်ပေးလှူသွားပြီး၊ ၄၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ပွဲများကို တောင်ပိုင်းစစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း တပ်ဖွဲ့ များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)များ ၊ LDF များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသား များ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ မွန်ပြည်သစ် (AD)ပူးပေါင်းတပ်ဖွဲ့များ၊ KNU (KNLA,KNDO) နှင့် ဒရုန်းပူးပေါင်းတပ်ဖွဲ့များ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

လက်ရှိအချိန်တွင် အာဏာသိမ်းစစ်ကောင်စီအား အဘက်ဘက်မှ ထိုးနှက်နေပြီး တော်လှန်ရေး တပ်ဖွဲ့များကလည်း တန်ပြန်တိုက်စစ်အနေဖြင့် အပြင်းအထန် တိုက်ခိုက်လျက်ရှိကြောင်း အသိပေး ထုတ်ပြန်ထားသည်။

 

ယခုထုတ်ပြန်သော အချက်အလက်များတွင် မြေပြင်အခြေအနေအရ တိကျသေချာမှုမရှိသော အချက် အလက်များကို ချန်လှပ်ထားသောကြောင့် စစ်ကောင်စီ တပ်သား ထိခိုက်သေဆုံးဦးရေမှာ ယခုထက်ပိုမိုများပြားနိုင်ကြောင်း တောင်ပိုင်းတိုင်း စစ်ဒေသက အသိပေးသည်။

 

စစ်ကောင်စီတပ်သည် ပြည်သူများနေထိုင်ရာ ကျေးရွာများအတွင်းသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်း ဗုံးသီးများ ကျဲချခြင်း၊ လက်နက်ကြီးဖြင့် နေ့စဥ်ရမ်းသမ်းပစ်ခတ်ခြင်း၊ လေကြောင်းမှတိုက်ခိုက်ခြင်း နှင့် ပြည်သူများအား အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်ခြင်းများကြောင့် စက်တင်ဘာလအတွင်း အပြစ် မဲ့ ပြည်သူ ၁၂ ဦး သေဆုံးပြီး ၄၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၂၉၃ ဦး မတရားဖမ်းဆီးခံခဲ့ရကြောင်း သိရ သည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *