Mandalay News

0 0
Read Time:1 Minute, 35 Second

ပုဂံမြို့သစ်ရဲစခန်းမှ ထွက်လာသော စစ်ကောင်စီ ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်

 

D Day News

အောက်တိုဘာလ ၁၆

 

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်ရဲစခန်းမှ ထွက်လာသော အကြမ်းဖက်စစ်ကောင်စီ ကား တစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း 21 Bagan People Defense Force ထံမှ သိရသည်။

 

အောက်တိုဘာလ ၁၄ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ပုဂံမြို့သစ်ရဲစခန်းမှ တောင်ဘက်သို့ ထွက် လာ သော အကြမ်းဖက် စစ် ကောင်စီ၏ 4 Wheel ကားတစ်စီးကို ဂန့်ဂါကျေးရွာတောင်ဘက် အရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း၊ မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်ရဲဘော် များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့်  သီတင်းကျွတ်ကာလတွင် အကြမ်းဖက်စစ်တပ်ထောက်တိုင်များ ၊ စစ်ကောင်စီနှင့်ပတ်သက်သော နေရာများ၊ စစ်ကောင်စီယာဉ် တန်းများနှင့် နီးကပ်စွာနေထိုင်ခြင်းမပြုကြရန်နှင့် လိုက်နာမှုမရှိပဲ အကြမ်းဖက်စစ်ကောင်စီနှင့်ပတ် သက်၍ ဖြစ်ပေါ်လာသည့် အကျိုးဆက်ကို လုံးဝတာဝန်ယူမည်မဟုတ်ကြောင်း 21 Bagan People Defense Force က ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *