ဖားဆောင်းနှင့် ဘော်လခဲကြားရှိ ထူးချောင်းစခန်းကို နေ့စဉ်ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် စစ်သား အများ အပြား သေဆုံးပြီး မခံနိုင်တော့သဖြင့် စခန်းစွန့်ခွာထွက်ပြေး
D Day News
အောက်တိုဘာလ ၁၆
ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်နှင့် ဘောလခဲကြားရှိ ထူးချောင်းစခန်းကို ဒရုန်းဖြင့် နေ့စဉ်ရက် ဆက် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သားအများအပြားသေဆုံးပြီး မခံနိုင်တော့သဖြင့် စခန်းစွန့် ခွာထွက်ပြေးသွားခြင်းဖြစ်ကြောင်း KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဖုန်းနိုင်က ပြောကြားသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ ရက်နေ့မှစ၍ ဖားဆောင်းမြို့နယ်နှင့် ဘောလခဲမြို့နယ်အကြားရှိ ထူး ချောင်းစခန်းကုန်းကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက နေ့စဉ်ရက် ဒရုန်းဖြင့် ဗုံးကျဲတိုက် ခိုက်ခဲ့ရာ စစ်သားအများအပြားသေဆုံးပြီး ဆက်လက်တောင့်ခံနိုင်ခြင်းမရှိတော့သဖြင့် အောက် တို ဘာလ ၁၂ ရက်နေ့တွင်အကြမ်းဖက်စစ်သားများ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း၊ ယင်းစခန်း အတွင်း နယ်မြေရှင်းလင်းစဉ် ရေမြောင်းများအတွင်း၌ စွန့်ပစ်ထားခဲ့သည့် စစ်သားအလောင်းများ နှင့်လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“ကျနော်တို့က ဝင်တိုက်တော့ တစ်ခါနှစ်ခါနာတယ်။ ဆုံးရှုံးမှုလည်းရှိတယ်။ ပြီးတော့ ကျနော်တို့ ဘက်က ဒရုန်းနဲ့ပဲချတယ်။ ဒရုန်းနဲ့ချတာက စက်တင် ဘာလ ၂၅ ရက်နေ့ကနေ ဒီအောက်တိုဘာလ အထိတောပါ့။ မခံနိုင်တော့ ဆုတ်ခွာထွက်ပြေးသွားတာပေါ့၊ အလာင်းတွေက မရေတွက်နိုင်ဘူး။ မြောင်းတွေထဲမှာ ပုပ်စော်နံလို့လေ။ ဝင်ရှင်းတယ်။ ဓာတ်ပုံရိုက်ပြီး တော့ပဲ ပြန်ထွက်ရတယ်။ ၁၂ ရက်နေ့မှ အကုန်ရှင်းလင်းပြီးပြီ။ စခန်းကုန်းနဲ့ ပင်မကုန်းပေါ့၊ နောက်ပြီးတော့ ၁၄ ရက်နေ့မှာ ပြန် သွားရှင်းတော့အလောင်းတွေဘာတွေတွေ့တာ။ ဓာတ်ပုံပဲရထားတယ်။ ရေမြောင်းတွေထဲမှာ ပစ်ထားခဲ့တာ” ဟု KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောကြားသည်။
အဆိုပါ ထူးချောင်းစခန်းရှိ အကြမ်းဖက်စစ်သားများမှာ ဘောလခဲမြို့နယ်ရှိ စစ်ဗျူဟာကုန်းဘက်သို့ ဆုတ်ခွာသွားခြင်းဖြစ်ပြီး ထူးချောင်းနှင့် ပွန်ချောင်းဆုံရာ စခန်းဖြစ်ပြီး ဘောလခဲနှင့် ဖားဆောင်းမြို့ နယ် အတွက် စစ်ရေးအရ အရေးပါသည်နေရာတစ်ခုဖြစ်ကြောင်း၊ နယ်မြေရှင်းလင်းမှုကို ဖားဆောင်း ပြည်သူ့ကာကွယ်ရေးတပ် – ဖားဆောင်း PDF၊ KA Drone Force နှင့် ကရင်နီတပ်ပေါင်းစုတို့က ပူး ပေါင်းလုပ်ဆောင်ခဲ့ဖြစ်ပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။
D Day News