International News

0 0
Read Time:7 Minute, 15 Second

မြန်မာပြည်သူများသည် နာကျင်စရာကောင်းသော အတွေ့အကြုံများဖြင့် ပြည့်နှက်နေကြရပြီး ပြဿ နာ၏ အရင်းခံဖြစ်သည့် စစ်အာဏာရှင်အပြီးတိုင် ချုပ်ငြိမ်းရေးကို မဆောင်ရွက်နိုင်လျင် ယင်းပဋိပက္ခ အကျပ်အတည်းမှာ ကြာရှည်စေမည်ကို ကောင်းစွာသိရှိနားလည်ထားကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောဆို

 

D Day News

အောက်တိုဘာလ ၁၆

 

မြန်မာပြည်သူများသည် နာကျင်စရာကောင်းသော အတွေ့အကြုံများဖြင့် ပြည့်နှက်နေကြရပြီး ပြဿ နာ၏ အရင်းခံဖြစ်သည့် စစ်အာဏာရှင်အပြီးတိုင် ချုပ်ငြိမ်းရေးကို မဆောင်ရွက်နိုင်လျင် ယင်းပဋိပက္ခ အကျပ်အတည်းမှာ ကြာရှည်စေမည်ကို ကောင်းစွာသိရှိနားလည်ထားကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။

 

အောက်တိုဘာလ ၁၄ ရက်နေ့က ပြုလုပ်ကျင်းပသည့် (၇၉) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီ လာခံ၊ ဒုတိယကော်မတီ (စီးပွားရေး နှင့်ဘဏ္ဍာရေး) ၏ ဘာသာရပ်အစီအစဉ် (၁၈) အောက်ရှိ ရေ ရှည်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပတ်သက်သည် အထွေထွေမူဝါဒရေးရာ ဆွေးနွေးမှုတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

နဂိုမူလကပင် ထိခိုက်လွယ်သော မြန်မာနိုင်ငံအနေဖြင့် ပဋိပက္ခနှင့်ရင်ဆိုင်နေရသည့် အခြေအနေ တွင် တိုးတက်မှုများ မြန်မြန်နှင့် ကြီးမားစွာ ဆုတ်ယုတ်လျက်ရှိပြီး စစ်တပ်မှ မတရား အာဏာသိမ်း ယူခဲ့သည့် (၃) နှစ်နှင့် (၉) လ အတွင်း ရေရှည်ဖွံ့ဖြိုးမှုရည်မှန်း ချက်၏ အဓိကမဏ္ဍိုင် ၃ ရပ်လုံးမှာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

မြန်မာနိုင်ငံတွင် တိုင်းပြည်လူဦးရေ ထက်ဝက်နီးပါးကို ဆင်းရဲမွဲတေမှုမျဉ်း အောက်သို့ ရောက်ရှိနေပြီး ထိုသို့ ရာက်ရှိစေရန် စစ်ကောင်စီမှ ကျေးလက်ဒေသနှင့် ပဋိပက္ခဖြစ်ပွားရာဒေသများရှိ ကျေးရွာ များ နှင့် ကောက်ပဲသီးနှံများ၊ မွေးမြူရေးလုပ်ငန်းများအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ထို့အပြင် စစ်ကောင်စီမှ ကျန်းမာရေးဝန်ထမ်းများနှင့် ကျန်းမာရေးအဆောက် အအုံများအား တိုက်ခိုက်မှုများအပါအဝင် ပြည် သူ တစ်ရပ်လုံးအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ တိုးမြှင့် လုပ်ဆောင်ခဲ့ကြောင်း ကုလသမဂ္ဂ ဆိုင် ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထောက်ပြထားသည်။

 

စစ်ကောင်စီမှ စာသင်ကျောင်းများအပေါ် လေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေးငယ်များ ဗုံးခိုကျင်းများတွင် ပုန်းခို၍ ယာယီစခန်းများတွင် ပညာသင်ကြား ရသည့် အခြေအနေမျိုးဖြစ်စေရန် လုပ်ဆောင်ခဲ့ပြီး ရုပ်ပိုင်းဆိုင်ရာနှင့် ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာများတွင် ကျား-မ အခြေပြု အကြမ်းဖက်မှု များကို ကျူးလွန်နေကြောင်း၊  လူငယ်များအား အတင်းအဓ္ဓမ စစ်မှုခိုင်းစေခြင်းနှင့် ဖမ်းဆီး ထိန်းသိမ်း ခြင်းများကြောင့် လုပ်သားအင်အားများ ဆုတ်ယုတ်စေရန် လုပ်ဆောင်လျက်ရှိကြောင်း ၎င်းက ဆက် လက်ထောက်ပြထားသည်။

စစ်ကောင်စီမှ တရားဥပဒေစိုးမှု၊ ဒီမိုကရေစီနှင့် တာဝန်ယူမှု တာဝန်ခံမှုအဖွဲ့အစည်း များကိုဖျက်ဆီး ခဲ့ပြီး နိုင်ငံဖြတ်ကျော်မှုခင်းများ ပြုလုပ်နိုင်ရန် အခြေအနေများ ဖန်တီး ပေး၍ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှုများ အပါအဝင် အကြမ်းဖက်ရက်စက်မှုများကို နေ့စဉ် ကျူးလွန်လျက်ရှိသည်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။

 

ပြီးခဲ့သည့် ၃ နှစ် ခွဲ ကျော် ကာလအတွင်း လူသားများခံစားရမှု၊ နေရပ်စွန့်ခွာမှုများ များပြားလာမှု၊ စီး ပွား ရေးချို့တဲ့မှု၊ ငွေရေးကြေရေး မခိုင်မာမှု၊ လူမှုရေး ဆုတ်ယုတ်မှုများ အားလုံး ဖြစ်ပေါ် စေခဲ့သည့် အဓိကအကြောင်းအရင်း ဇစ်မြစ်မှာ စစ်အာဏာရှင်စနစ်နှင့် စစ်အာဏာရှင်များ ဖြစ်သည်မှာ အားလုံး အသိ ဖြစ်ကြောင်းအသိပေးထားသည်။

 

မြန်မာပြည်သူများသည် နာကျင်စရာကောင်းသော အတွေ့အကြုံများဖြင့် ပြည့်နှက်နေကြရပြီး ပြဿ နာ၏ အရင်းခံဖြစ်သည့် စစ်အာဏာရှင်အပြီးတိုင် ချုပ်ငြိမ်းရေးကို မဆောင်ရွက်နိုင်လျင် ယင်းပဋိပက္ခ အကျပ်အတည်းမှာ ကြာရှည်စေမည်ကို ကောင်းစွာသိရှိနားလည်ကြောင်း၊ သို့ဖြစ်သည့်အတွက် စစ် ကောင်စီမှပြုလုပ်ရန် စီစဉ်နေသည့် အတုအယောင်ရွေးကောက်ပွဲသည် ပြည်သူများ၏ဆန္ဒနှင့် မကိုက်ညီ သကဲ့သို့ ပြည်သူများက လုံးဝ လက်ခံမည် မဟုတ်ပါကြောင်း၊ နိုင်ငံတကာ အသိုက်အဝန်း အနေဖြင့်လည်း ပြည်သူများ၏အသံကို နားထောင်ပြီး စစ်ကောင်စီ ၏ အတုအယောင်ရွေးကောက်ပွဲ ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရန်လိုမည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ် စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြောကြားသည်။

 

ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးသည် မြန်မာ နိုင်ငံတွင် ယခင်ကရရှိခဲ့သည့် တိုးတက်မှုအခြေအနေများ ပြန်လည်ရရှိရန် အခြေခံ အဓိကလိုအပ်ချက် ဖြစ်ကြောင်း၊ အမျိုးသားညီ ညွတ်ရေးအစိုးရနှင့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များ အနေဖြင့် အားလုံးပါဝင်သော ငြိမ်းချမ်းရေး နှင့် တရားမျှတမှု ရှိသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို သန္ဒိဌာန်ချ ထားကြောင်း ကြောင်း သိရသည်။

 

နိုင်ငံတကာအသိုက်အဝန်းမှလည်း ထိရောက်သည့် ချိတ်ဆက်မှုရှိသော အရေးယူမှုများ ချက်ချင်း ပြု လုပ် ရန် အချိန်ကျရောက်နေပြီဖြစ်ပြီး မြန်မာနိုင်ငံတွင် ပြည်သူများ၏ အသက်များ ဆုံးရှုံးမှု ထပ်မံ ဖြစ်ပွားမှုကို လက်မခံနိုင်သကဲ့သို့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု အောင်မြင်စွာ အကောင်အထည်ဖော်ရေး တွင် ဆုတ်ယုတ်မှုများ ထပ်မံ ဖြစ်ပေါ်မှုကိုလက်မခံနိုင်ကြောင်း မြန်မာပြည်သူများနှင့်၎င်းတို့၏ အနာ ဂတ်မျိုးဆက်များကို ချန်ထား၍ မရကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြောဆိုသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *