International News

0 0
Read Time:8 Minute, 50 Second

စစ်တပ်အနေဖြင့် မြေပြင်၌ ကျရှုံးလာသည်နှင့်အမျှ အငြိုးထားကာ ကလေးငယ်များအပေါ် အကြမ်း ဖက်မှု အမျိုးမျိုး ကျူးလွန်ခြင်းနှင့် အရပ်သား ပြည်သူများအပေါ် မဆင်မခြင် လေကြောင်းမှတဆင့် တိုက်ခိုက်ခြင်းတို့ ချဲ့ထွင်လာနေကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းပြောဆို

 

D Day News

အောက်တိုဘာလ ၁၆

 

အကြမ်းဖက်စစ်တပ်အနေဖြင့် မြေပြင်၌ ကျရှုံးလာသည်နှင့်အမျှ အငြိုးထားကာ ကလေးငယ်များ အပေါ် အကြမ်းဖက်မှု အမျိုးမျိုး ကျူးလွန်ခြင်းနှင့် အရပ်သား ပြည်သူများအပေါ် မဆင်မခြင် လေ ကြောင်းမှတဆင့် တိုက်ခိုက်ခြင်းတို့ ချဲ့ထွင်လာနေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။

 

အောက်တိုဘာလ ၁၀ ရက်နေ့နှင့် ၁၄ ရက်န့တို့တွင် ကျင်းပပြုလုပ်ခဲ့သည့် (၇၉) ကြိမ်မြောက် ကုလ သမဂ္ဂ အထွေထွေညီလာခံ၊ လူမှုရေး၊ လူသားချင်းစာနာမှုနှင့် ယဉ်ကျေးမှု ဆိုင်ရာကော်မတီ (တတိယ ကော်မတီ) ၌ ကလေးငယ်များ၏ အခွင့်အရေးများအား ကာကွယ်မြှင့်တင် ပေးရေးနှင့်စပ်လျဉ်း၍ အထွေ ထွေဆွေးနွေးမှုအစီအစဉ် (General Discussion) တွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

 

မြန်မာနိုင်ငံတွင် မြင့်တက်လာသည့် ပဋိပက္ခ၊ မလုံခြုံမှုနှင့် အလုံးအရင်းဖြင့် နေရပ်စွန့်ခွာ နေရခြင်း တို့၏ ကြီးမားသော ဆင်းရဲဒုက္ခကို ကလေးငယ်များက ခါးစည်းခံနေရပြီး ယင်း အခက်အခဲများမှာ ကလေးငယ်များ၏ ကောင်းမွန်စွာနေထိုင်မှုနှင့် အနာဂတ်တို့အပေါ် ခြိမ်းခြောက်မှုပြုနေကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း မတရား စစ်အာဏာသိမ်းရန် ကြိုးပမ်းခဲ့ချိန် မှစတင်၍ ပဋိပက္ခ များ အလွန်အမင်း မြင့်တက်လာခဲ့ပြီး လူဦးရေ ၃.၄ သန်းကျော်ကို နေရပ်စွန့်ခွာစေခဲ့ကြောင်း၊ ယင်း လူဦးရေအနက် ၄၀ ရာခိုင်နှုန်းမှာ ကလေးငယ်များဖြစ်ကြောင်း သိရသည်။

ထို့အတူ လူသားချင်းစာနာထောက်ထားမှုအကူအညီ အရေးတကြီး လိုအပ်နေသည့် လူဦးရေ ၁၈.၆ သန်းကျော်အနက် ၆ သန်းကျော်သော ကလေးငယ်များမှာ ၎င်းတို့ အတွက် အခြေခံလိုအပ်သည့် ကျန်းမာရေးနှင့် ပညာရေး ဝန်ဆောင်မှုများ ပြတ်တောက်နေ သည့် အခြေအနေနှင့် ရင်ဆိုင်နေရ ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်တပ်က စာသင်ကျောင်းများနှင့် ကျန်းမာရေးအဆောက်အဦများကို ပစ်မှတ်ထားကာ အရှိန်အဟုန် မြှင့်တင် တိုက်ခိုက်နေသဖြင့် ကလေးငယ်များအတွက် လုံခြုံသည့်ရပ်ဝန်းများ ယခင် က ထက် ပိုမို ပျောက်ကွယ်လာခဲ့ကြောင်း၊ အထူးသဖြင့် ပဋိပက္ခဒဏ်သင့် နေရာ များတွင် ရောက်ရှိ နေသော ကလေးငယ်များအတွက် ယာယီတဲများနှင့် ဗုံးခိုကျင်းများက တစ်ခုတည်းသော ပညာသင် ကြားရန် နေရာဖြစ်လာရသည်ဟု ဆိုသည်။

 

အကြမ်းဖက်စစ်တပ် ၏ မဆင်မခြင် ဗုံးကျဲ တိုက်ခိုက်မှုများကြောင့် အဆောက်အဦများတွင် ပညာ ဆည်းပူးနေသော၊ သူငယ်ချင်းများ၊ အပေါင်းအသင်းများနှင့် ဆော့ကစားနေသော ကလေးငယ်များ သည်ပင်လျှင် အသက်ဆုံးရှုံး နေရကြောင်း၊ ထိုမျှမက စားနပ်ရိက္ခာ မလုံလောက် မှု၊ အစာအာဟာရ မပြည့်ဝမှုနှင့် လိုအပ်သည့် ပုံမှန် ဆေးထိုးမှုများ မရရှိခြင်းတို့မှာ ကလေးငယ်များအတွက် လက်ငင်း ဖြစ်ပေါ်ဆဲ စိန်ခေါ်မှု များဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ် ကြီး ဦးကျော်မိုးထွန်းက ထောက်ပြပြောကြားသည်။

 

ပြီးခဲ့သော တစ်လခန့်တွင် ကလေးငယ်တစ်ဦးမှ ဖိနပ်တစ်ဖက်ကို ၎င်း၏ ပုခုံးသေးသေး အပေါ်တွင် ကိုင်ဆောင်လျက် ကောင်းကင်အားကြည့်ကာ ဝေဟင်ပေါ် ပျံဝဲနေသည့် လေယာဉ်အား အဝေးသို့ နှင်လွှတ်နေသည့် ရုပ်သံဗီဒီယိုတစ်ခု အွန်းလိုင်းပေါ်တွင် ကျယ်ကျယ် ပြန့်ပြန့် ပျံ့နှံ့ခဲ့ကြောင်း၊ ယင်း ဗီဒီယို အား ကြည့်ခြင်းအားဖြင့် မိမိတို့၏ နှလုံး သဲပွတ်ကို အင်မတန် ဆို့နင့်ကြေကွဲစေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

အလားတူ ယင်းဗီဒီယိုကတဆင့်ပင် စစ်တပ်မှ အဆက်မပြတ် ကျူးလွန်နေသည့် လေကြောင်းတိုက် ခိုက်မှုများကြောင့် ကလေးငယ်များ ရင်ဆိုင်နေရသည့် စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးကို အတိုင်းသား ပေါ်လွင်ခံစားရစေကြောင်း၊ ယင်းဖြစ်စဉ်မှာ တစ်ခုတည်းသော ဖြစ်စဉ်မဟုတ်ဘဲ မိမိတို့၏ ကလေး ငယ် မျိုးဆက်တစ်ခုလုံးမှာ စစ်တပ်၏ မြင့်တက်လာသော အကြမ်းဖက်မှုများကြောင့် ပြင်းပြင်း ထန် ထန် ခံစားနေရခြင်းဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။

 

စက်တင်ဘာလ ၆ ရက်နေ့ တစ်နေ့တည်းပင် ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် မကွေးတိုင်းဒေသကြီး တို့တွင် အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှု (၅) ခု ကျူးလွန်ခဲ့ရာ ကလေးငယ် (၁၀) ဦး ခန့် အပါအဝင် အရပ်သားပြည်သူ (၂၄) ဦး သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ (၈) ဦးရှိခဲ့ကြောင်း သိရသည်။

 

စစ်တပ်အနေဖြင့် လေကြောင်းတိုက်ခိုက်မှုများကို အရှိန်အဟုန်မြှင့်တင်ကာ ဆက်တိုက် ဆောင်ရွက် နေသည့်အားလျော်စွာ ယင်းလုပ်ဆောင်မှု ဆက်လက်ဖြစ်ပေါ်နေမည်ကို မိမိတို့ အလွန်အမင်း စိုးရိမ် ကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ် တစ်နှစ်တည်း၌ပင် ကလေးငယ် (၆၀၀) ခန့် သေဆုံးခြင်း သို့ မဟုတ် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကလေးငယ်များအား သတ်ဖြတ်ခြင်းနှင့် ကိုယ်လက် အင်္ဂါချို့ယွင်းစေ ခြင်း တို့အပြင် စာသင် ကျောင်း များအား တိုက်ခိုက်ခြင်းတို့မှာ ပြင်းထန်သော ချိုးဖောက်မှုမြောက် သည်ကို အဖွဲ့ဝင်နိုင်ငံများ အမှတ်ရစေရန် သတိပေးလိုကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။

 

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ လက်နက်ကိုင်ပဋိပက္ခနှင့် ကလေးငယ်များဆိုင်ရာ အထူးကိုယ် စားလှယ် ပြောကြားခဲ့သည့်အတိုင်း ပြစ်မှုကျူးလွန်သူများအား ပြစ်ဒဏ် ကျသင့်စေခြင်း၊ တာဝန်ခံမှု ရှိစေခြင်းနှင့် ၎င်းတို့ အကျိုးခံစားနေသည့် ပြစ်ဒဏ် ကင်းလွတ်ခွင့်အား အဆုံးသတ်စေခြင်းတို့၏ အရေးပါမှုကို ထောက်ခံပါကြောင်း၊မြန်မာနိုင်ငံဖြစ်စဉ်တွင် စစ်တပ်အနေဖြင့် မြေပြင်၌ ကျရှုံးလာ သည် နှင့်အမျှ အငြိုးထားကာ ကလေးငယ်များအပေါ် အကြမ်းဖက်မှု အမျိုးမျိုး ကျူးလွန်ခြင်းနှင့် အရပ်သား ပြည်သူများအပေါ် မဆင်မခြင် လေကြောင်းမှတဆင့် တိုက်ခိုက်ခြင်းတို့ကို ချဲ့ထွင်လာ သည်မှာ သိသာမြင်သာကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

စစ်တပ်အနေဖြင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝဝတ်မှုများ ကျူးလွန်ရန် လက်နက်၊ ခဲယမ်းနှင့် ငွေကြေး အပါအဝင် လေယာဉ်ဆီများအပေါ် အဓိက မှီခိုနေရသဖြင့် ၎င်းတို့၏ တိုက်ခိုက် စော်ကားမှုများကို ရပ်တန့်နိုင်ရန်အတွက် နိုင်ငံတကာအနေဖြင့် စစ်တပ်ထံသို့ ယင်းအထောက်အပံ့ ပစ္စည်းများ ပို့ဆောင်နေမှုကို ရပ်တန့်ခြင်းဖြင့် အရေးယူ ဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပေးထား သည်။

 

လုံခြုံရေးကောင်စီအနေဖြင့်လည်း ကုလသမဂ္ဂ အထူးအစီရင်ခံစာတင်သွင်းသူ/ အထူး ကိုယ်စားလှယ် (Special Procedure Mandate Holder) များ၏ အကြံပြုချက်များကို ထည့်သွင်း စဉ်းစား ကာ မြန် မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အကျပ်အတည်းအား ရေရှည်တည်တံ့သော နည်းလမ်းဖြင့် ဖြေရှင်းပေး ရန်နှင့် ကလေးငယ်များ၏ အသက် နှင့် အနာဂတ်တို့အား ကယ်တင်ပေးရန် ခိုင်မာပြတ်သားသည့် အရေးယူဆောင်ရွက်ချက်များ ချမှတ်ရမည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောဆိုသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *