International News

0 0
Read Time:5 Minute, 58 Second

စစ်တပ်၏အတုအယောင် ရွေးကောက်ပွဲ ပြုလုပ်မည့် အစီအစဉ်ကို ကူညီမှုသည် မြန်မာပြည်သူများ ၏ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို ဖျက်လို ဖျက်ဆီး ပြုလုပ်ခြင်းဖြစ်ဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆို

 

D Day News

အောက်တိုဘာလ ၁၆

 

စစ်တပ်၏အတုအယောင် ရွေးကောက်ပွဲ ပြုလုပ်မည့် အစီအစဉ်ကို ကူညီမှုသည် မြန်မာပြည်သူများ ၏ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို ဖျက်လို ဖျက်ဆီး ပြုလုပ်ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာ အ မြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။

 

အောက်တိုဘာလ ၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကျင်းပခဲ့သော (၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ အထူးနိုင်ငံရေးနှင့် ကိုလိုနီနယ်မြေများ လွတ်မြောက် ရေး ကော်မတီ (စတုတ္ထ ကော်မတီ) ၏ အထွေထွေရေးရာမိန့်ခွန်းပြောကြားရာတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ် သည်။

 

မြန်မာနိုင်ငံသည် ပြည်သူအားလုံး ၎င်းတို့၏ကိုယ်ပိုင်ဆုံး ဖြတ်ပိုင်ခွင့်၊ ဒီမိုကရေစီနှင့် တန်းတူညီမျှမှု ဆိုင်ရာအခြေခံအခွင့်အရေးများ အားလုံးခံစားနိုင်မည့် အနာဂတ်များရှိပြီး ရှေ့ဆက်ဆောင်ရွက်မည့် လမ်းကြောင်းတွင် စစ်အာဏာရှင်စနစ်သည် မည်သည့်နေရာ အခန်း ကဏ္ဍတွင်မှ ပါဝင်မှု မရှိ ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြားည်။

ရွေးကောက်ပွဲသည် ဒီမိုကရေစီ၏ အဓိကကျသော မူဝါဒတစ်ရပ်ဖြစ်ပြီး၊ ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့်၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ သို့သော်လည်း တရားမဝင် အာဏာသိမ်း စစ်ကောင် စီမှ ပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် အားလုံးပါဝင် သော ရွေးကောက်ပွဲတစ်ရပ် ဖြစ်မည် မဟုတ်သည်မှာ သေချာကြောင်း ထောက်ပြထားသည်။

 

အကြမ်းဖက်စစ်ကောင်စီက ပြုလုပ်မည်ရွေးကောက်ပွဲသည် ဒီမိုကရေစီကျသော၊ တရားမျှတသော၊ တာဝန်ယူ မှုတာဝန်ခံမှုရှိသော အဖွဲ့အစည်းတစ်ခု မျှ မရှိခြင်း၊ ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ နိုင်ငံရေး ပါတီကြီးများကို ဖျက်သိမ်းပြီးနောက် စစ်မှန်သော ပါတီစုံစနစ် ကင်းမဲ့ခြင်းနှင့် နိုင်ငံ့ခေါင်း ဆောင်များနှင့် တက်ကြွလှုပ်ရှားသူ များအား စစ်တပ်မှ မတရားဖမ်းဆီး ထောင်ချထားခြင်း၊ စစ်တပ် ၏ ပြည်သူများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် နိုင်ငံတဝှမ်းတွင်တည်ငြိမ်မှုမရှိခြင်း၊ စစ် ကောင်စီအနေဖြင့် နိုင်ငံ၏ ဒေသအများစုကို ထိရောက်စွာ ထိန်းချုပ်နိုင်ခြင်း မရှိခြင်း၊ တော်လှန်ရေး အင်အားစုများမှ နိုင်ငံအနှံ့ထိန်းချုပ်နယ်မြေများ ပိုမိုထိန်းချုပ်လာနိုင်နေခြင်း၊ အတင်းအကြပ် ကောက်ခံနေသည့် သန်းခေါင်စာရင်းအချက်အလက်များသည် လုံခြုံ စိတ်ချရမှုကင်းမဲ့နေပြီး၊ စစ် တပ်မှ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများနှင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူများအား စောင့်ကြပ်မှုပြုလုပ်ရန်အတွက် အသုံးချ နိုင်ခြေရှိနေခြင်း စစ်ကောင်စီသည် တရားဝင်မှုအလျဉ်း မရှိဘဲ  မြန်မာပြည်သူများ၏ လက်ခံမှု၊ ယုံကြည်မှု မရှိခြင်းတို့ကြောင့် လက်ခံနိုင်စရာမရှိဟု ဆိုသည်။

 

မြန်မာပြည်သူများအနေဖြင့် စစ်တပ်မှပြုလုပ်ရန် စီစဉ်နေသည့် အတုအယောင်ရွေးကောက်ပွဲအား ပြင်းပြင်းထန်ထန်ကန့်ကွက်လျက်ရှိပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့်လည်း မြန်မာ ပြည် သူများနည်းတူ ကန့်ကွက်ရန်နှင့် စစ်တပ်၏အတုအယောင် ရွေးကောက်ပွဲ ပြုလုပ်မည့်အစီအစဉ်ကို ကူညီမှုသည် မြန်မာပြည်သူများ၏ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို ဖျက်လို ဖျက်ဆီး ပြုလုပ်ခြင်း ဖြစ် ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြောကြးသည်။

 

မြန်မာနိုင်ငံသည် ပြည်သူများ၏ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို အခြေခံသည့် ကိုလိုနီနယ်မြေများ လွတ် မြောက်ရေး ကမ္ဘာလုံးဆိုင်ရာရည်မှန်းချက်အား အစဉ်အမြဲထောက်ခံကြောင်း၊ မြန်မာ ပြည်သူများ၏ ဆန္ဒနှင့် မညီသည့် နိုင်ငံရေးဆွေးနွေးမှု၊ အစီအစဉ်များသည် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ဆောင်ကျဉ်းနိုင်မည်မဟုတ်ကြောင်း၊ မြန်မာပြည်သူများ ဉီးဆောင်သည့်၊ မြန်မာ ပြည်သူများ ပိုင်ဆိုင်သည့် ရေရှည်တည်မြဲသည့် အဖြေဖြစ်ရန်မှာ ပြည်သူ့တို့၏ အသံ၊ ဆန္ဒနှင့် အကျိုး စီးပွားကိုဗဟိုပြုသည့်၊ ပြည်သူတို့၏ ဆန္ဒကို ဖြည့်ဆည်းပေးသည့် လုပ်ဆောင်မှုမှ စတင်ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ သို့မှသာ မြန်မာနိုင်ငံ၏ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ထောင်ရာ တွင် ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် ရှိရေးအတွက် သေချာမှု ရှိနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြော ကြားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *