Tanintharyi News

0 0
Read Time:2 Minute, 32 Second

မြိတ်မြို့နယ်တွင် စစ်ကောင်စီတပ်က မတရားဖမ်းဆီးပြီး စစ်မှုထမ်းစေခိုင်းခံရသူ စစ်သား ၅ ဦး အလင်းဝင်

 

D Day News

အောက်တိုဘာလ ၁၅

 

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီက မတရားဖမ်းဆီးပြီး စစ်မှုထမ်းရန် စေခိုင်းခံရသူ စစ်သား ၅ ဦးအလင်းဝင်ရောက်လာခဲ့ကြောင်း မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – မြိတ် ပကဖထံမှ သိရသည်။

 

အောက်တိုဘာလ ၁၃ ရက်န့က ကော့သောင်းမြို့နယ် အခြေစိုက် ၊ ခမရ ၄၃၁ တပ်ရင်းမှ ရဲဘော် ၃ ဦး သည် မြိတ်မြို့ ခလရ ၁၀၃ တပ်ရင်းသို့ရောက်ရှိနေစဉ် ထွက်ပြေးလာပြီး မြိတ်ပကဖထံ ဝင်ရောက် ခိုလှုံခဲ့ကြောင်း၊ ထိုသို့ အလင်းဝင်ခိုလှုံလာသူများမှာ ဧရာဝတီတိုင်း ၊ ဓနုဖြူမှ တစ်ဦး၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှ ၂ ဦးဖြစ်ပြီး အကြမ်းဖက်စစ်ကာင်စီက မတရားစစ်မှုထမ်းခိုင်းရန် မဲနှိုက်ရွေးခဲ့ရာက မဲပေါက်ပြီး ဝင်ရောက်ခဲ့ရသူများဖြစ်ကြောင်း သိရသည်။

အလားတူ အောက်တိုဘာလ ၁၁ ရက်နေ့ကလည်း တိုက်/စည်း (ရွှေဒူး)တပ်မှ မတရားဖမ်းဆီးပြီး အတင်းအဓမ္မစစ်မှုထမ်းရန် စေခိုင်းခံရသူ တပ်သား ၁ ဦးသည် ထွက်ပြေးလာပြီး အောက်တိုဘာလ ၁၃ ရက်နေ့တွင် မြိတ်ပကထံသို့ ဝင်ရောက်ခိုလှုံခဲ့ကြောင်း သိရသည်။

 

၎င်းသည် မြိုတ်မြို့တွင် လုပ်အားခ ရှင်းပြီး အိမ်အပြန်လမ်းလျှောက်လာ နေစဉ် ညနေ ၅ နာရီ ၃၀ မိ နစ် ခန့်တွင် ဖမ်းဆီးခံရကာ ခြိမ်းခြောက်ပြီး အတင်းအဓမ္မစစ်သားစုဆောင်းခံရသူ ဖြစ်ကြောင်း သိရ သည်။

 

အာလးတူ စက်တင်ဘာလ ၂၁ ရက်နေ့ကလည်း မြိတ်မြို့နယ်၊ ခလရ- ၁၀၃ တပ်ရင်း၊ တုံးဗျောကြီးစ ခန်းမှ စစ်မူထမ်းအပတ်စဉ် ၁ သင်တန်းဆင်း ရဲဘော်တစ်ဦးသည် MA 2 အမျိုးအစား သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၂ လုံး၊ ကျည် ၁၈၄ တောင့် နှင့်အတူ မြိတ်ပကဖထံ အလင်းဝင်ခဲ့ကြောင်း သိရ သည်။

 

ထိုသို့ အလင်းဝင်ရောက်လာသူအားကို မြိတ်ပကဖမှ နွေးထွေးစွာ ကြိုဆိုကာ ကောင်းမွန်စွာ စောင့် ရှောက်ပေးထားကြောင်း၊ စစ်ကောင်စီဘက်တော်သားများအနေဖြင့် အမှန်တရား ကို သိမြင်၍ပြည် သူ့ထံ အလင်းဝင်လိုပါက မြိတ်ပကဖအဖွဲ့ထံ ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *