Shan State News

0 0
Read Time:2 Minute, 41 Second

လားရှိုးမြို့၊ အမှတ် ၁ ရပ်ကွက် နားမခေါ်ကားဂိတ်အနီးကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်း ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၁ ဦးပွဲချင်းပြီး သေဆုံး

 

D Day News

အောက်တိုဘာလ ၁၅

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ အမှတ် ၁ ရပ်ကွက်၊ နားမခေါ်ကားဂိတ်အနီးကို အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးပွဲချင်းပြီးသေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း MNDAA က ထုတ်ပြန်သည်။

 

ယမန်နေ့ အောက်တိုဘာလ ၁၄ ရက် ညနေ ၆ နာရီ ၃၁ မိနစ်တွင် လားရှိုးမြို့၊ အမှတ် ၁ ရပ်ကွက် နားမခေါ်ကားဂိတ်အနီးကို မင်းအောင်လှိုင်၏ အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးသီး ၃ လုံးကြဲချတိုက်ခိုက်ခဲ့ရာ ဆိုင်ကယ်မောင်းနှင်သူ ပြည်သူ ၁ ဦးသေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။

 

ထို့အပြင် လျှပ်စစ်မီးကြိုးများလည်း ပျက်စီးခဲ့ပြီး လားရှိုးမြို့တွင်းနေရာအချို့၌ လျှပ်စီး ပြတ်တောက် မှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီသည် စစ်ရေးနှင့်သက်ဆိုင်ခြင်းမရှိ၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် လားရှိုးမြို့ ကို လေကြောင်းဖြင့် အကြိမ်ကြိမ်ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ အရပ်သားပြည်သူများ ထိခိုက်သေဆုံး၊ ဒဏ်ရာရရှိသူများရှိကြောင်း၊ ယမန်နေ့ အောက်တိုဘာလ ၁၄ ရက် တနေ့တည်း လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

အောက်တိုဘာလ ၁၄ ရက်နေ့ နံနက်အစောပိုင်းအချိန် ၁၂ နာရီ ၁၀ မိနစ်တွင်း လားရှိုးမြို့အနီးရှိ အီနိုင်းကျေးရွာကို အကြမ်း ဖက်စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ၂ လုံးအပါအဝင် စုစုပေါင်းဗုံး ၇ လုံး ကြဲချခဲ့ရာ ပြည်သူ အမျိုးသား ၃ ဦး သေဆုံးခဲ့ပြီး အမျိုး သမီးကြီး ၁ ဦးနှင့် အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ဘုရားကျောင်းအဆောက်အအုံများ၊ စာသင်ကျောင်း များနှင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း သိရသည်။

Photo – အကြမ်းဖက်စစ်ကောင်စီတပ်က လားရှိုးမြို့အနီးရှိ အီနိုင်းကျေးရွာကို ဗုံးကျဲတိုက်မှုကြောင့် ပျက်စီးသွားသော အဆောက်အအုံများ

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *