Sagaing News

0 0
Read Time:4 Minute, 25 Second

အနောက်မြောက်တိုင်းစစ်ဌာနချုပ် -နမခ တပ်အတွင်း ဒုချုပ်စိုးဝင်းရောက်ရှိစဉ် ကာမီကာဇေ ဒရုန်း ၂ စီးဖြင့် ဗုံးခွဲတိုက်ခိုက်မှု ထိရောက်စွာ ပေါက်ကွဲရှိ

 

D Day News

အောက်တိုဘာလ ၁၅

 

စစ်ကိုင်းတိုင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် – နမခ တပ်အတွင်း ဒုချုပ်စိုးဝင်းရောက်ရှိစဉ် ကာမီကာဇေ ဒရုန်း ၂ စီးဖြင့် ဗုံးခွဲတိုက်ခိုက်ခဲ့ရာ ထိရောက်စွာပေါက်ကွဲမှုရှိခဲ့ကြောင်း ဒေါင်းတမာန် လေကြောင်း စစ်ဆင်ရေးအဖွဲ့ထံမှ သိရသည်။

 

ယနေ့ အောက်တိုဘာလ ၁၅ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် မုံရွာအခြေစိုက် အနောက် မြောက်တိုင်း စစ်ဌာနချုပ် -နမခ တပ်အတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်မှ ဒုတိယဗိုလ်ချုပ်မှူး ကြီး စိုးဝင်းသည် ရဟတ်ယာဉ်ဖြင့် ရောက်ရှိလာပြီး စစ်ရုံးချုပ်ထဲ၌ ၎င်း၏လက်အောက်ငယ်များကို တွေ့ဆုံနေစဉ် ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေးအဖွဲ့မှ ကာမီကာဇေ ဒရုန်း ၁ စီးဖြင့် လည်း ကောင်း၊ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်တွင် နမခ တပ်အတွင်းရှိ ဒုချုပ်စိုးဝင်း၏ ရဟတ်ယာဉ် ရပ် နားထားသည့်နေရာကို ကာမီကာဇေ ဒရုန်း ၁ စီးဖြင့်လည်းကောင်း ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း သိရ သည်။

“ဒုချုပ်စိုးဝင်းရောက်နေတယ်ဆိုပြီး သတင်းရရချင်း ပြင်းဆင်ပြပြီး တိုက်ခိုက်ခဲ့တာပါ။ ပေါက်ကွဲသံ ကတော့ ၂ ခါလွှတ်တာ၊ ၂ ကြိမ်လုံးကြားရတယ်။ ကျနော်တို့က ပစ်မှတ်တွေနဲ့ အနီးဆုံးနေရာကနေ ကြားခဲ့ရတာပါ။ ထိခိုက်မှုအခြေအနေကတော့ စုံစမ်းနေဆဲပါပဲ။ လုံခြုံရေးလည်းအထူး တင်းကြပ် ထားတယ်” ဟု ဒေါင်းတမန်စစ်ဆင်ရေးတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ထိုသို့ ဗုံးခွဲတိုက်ခိုက်မှုအတွင်း ထိရောက်စွာပေါက်ကွဲမှုရှိခဲ့ပြီး ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ပြီး နောက် နမခတပ်အတွင်းမှ ရဟတ်ယာဉ် တစ်စီးဖြင့် ကင်းပတ်ပျံဝဲကာ လုံခြုံရေးယူပြီး နောက်ထပ် ရဟတ်ယာဉ် ၂ စီးလည်း ပျံတက်မောင်းနှင့်ထွက်ပြေးသွားကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ဒေါင်းတမန် စစ်ဆင်ရေးအဖွဲ့များသည် Shar Htoo Waw နည်းပညာ တပ်ဖွဲ့ ၏ Team (3) PDAF (ဧရာဝတီတိုင်း) (ပကဖ) ဒရုန်းတပ်ဖွဲ့-(၂) ၊ Shar Htoo Waw နည်းပညာတပ် ဖွဲ့ ၏ Team (4) SSTF ၊ Eagle Wing Drone Force ၊ ဗေဒါပျံ (Drone Team) ဧရာဝတီတိုင်း ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ Union Brothers-UB (ပြည်သူ့အကျိုးဆောင်အဖွဲ့ ၊ “ငါတို့”ထောက်ပို့အဖွဲ့ ၊ ခွန်အားမျှပါ သိန်း(၅၀၀၀)ထောက်ပို့အဖွဲ့နှင့် ဒေသခံတပ်ရင်း၊တပ်ဖွဲ့များပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိ ဘေးကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

 

“ကျနော်တို့ ဒေါင်းတမာန်အဖွဲ့သားတွေအားလုံး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းနိုင်ရေး အတွက်ကြိုးစားဆောင်ရွက်နေကြပါတယ်။ မိဘပြည်သူတွေ အနေနဲ့လည်း ပူးပေါင်းပါဝင်ကူညီပေး ကြပါအုံးလို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေးတာဝန်၇ှိသူတစ်ဦးက ပြောဆိုသည်။

 

ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေးသည် ရရှိသည့် ပစ္စည်း၊ ရရှိသည့် နည်းလမ်းပေါင်းများစွာဖြင့် စစ်အာဏာရှင်စနစ်ကို အစွမ်းကုန်တွန်းလှန်တိုက်ခိုက်နေ ခြင်းဖြစ်ပြီး မိဘပြည်သူများ အနေဖြင့် Drone အစီးရေ များများ၊ စွမ်းအားပြင်းယမ်းအများအပြားကို အသုံးပြု၍ အာဏာရှင် ဖက်ဆစ်စစ် တပ် ကို အမြစ်ပြတ်တိုက်ခိုက်နိုင်ရန်အတွက် ပူးပေါင်းပါဝင်ပေးကြပါရန်နှင့် ဒေါင်းတမန်လေ ကြောင်းစစ်ဆင်ရေးအဖွဲ့သားများအနေဖြင့်လည်း စစ်အာဏာရှင်စနစ် အမြန်ဆုံးနိဂုံးချုပ်သည်အထိ မလျော့သောဇွဲ၊လုံ့လဖြင့် ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *