Sagaing News

0 0
Read Time:1 Minute, 57 Second

ယင်းမာမြို့အထွက်၌ ကင်းပုန်းဝပ်နေသော စစ်သားများကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး (ရုပ်သံ)

 

D Day News

အောက်တိုဘာလ ၁၅

 

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့အထွက်၌ ကင်းပုန်းဝပ်နေသော အကြမ်းဖက်စစ်သားများကို ၂ ကြိမ် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Chindwin Toe Na Yar PDF တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ အောက်တိုဘာလ ၁၄ ရက် ညနေပိုင်းက ယင်းမာပင်မြို့တောင်ဘက်အထွက်၌ ကင်းပုန်း ဝပ်‌ သော အကြမ်းဖက်စစ်သားများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး ဒဏ်ရာရရှိပြီး သေဆုံးမှု ရှိ ၊ မရှိသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း၊ အလားတူ အောက်တိုဘာ လ ၁၁ ရက်နေ့ကလည်း ယင်းကင်းပုန်းစစ်သားများကို သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေ ဆုံးခဲ့ကြောင်း သိရသည်။

“ယင်းမာပင်မြို့တောင်ဘက်အထွက်မှာရှိတဲ့ စခ ကင်းပုန်းနဲ့ ထိတွေ့မှုဖြစ်တာ။ ၁၁ ရက်နေ့က ထိ တွေ့ မှုဖြစ်တာမှာ စစ်ခွေး ၂ ကောင်သေတယ်၊ ထိခိုက်ဒဏ်ရာရရှိမှုတွေလည်း ရှိတယ်။ ပြည်သူ့ ကာကွယ်ရေး ရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု Chindwin Toe Na Yar PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုများကို Chindwin Toe Na Yar PDF (တိုက်နယ် ၇ ပကဖ) ၊ ဗျူဟာ ၄၃ နှင့် ယင်းမာပင် မြို့နယ် ပလဖ တို့ပူးပေါင်းကာ သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *