0
0
Read Time:45 Second
ကဗျာကဏ္ဍ “သီတင်းကျွတ် ဆုမွန်”
ပျိုးကြဲလက်
သီတင်းဝါ တခါကျွတ်ပြီမို့
ပြည်တမွတ် ကောင်းမှုဝေ ။
နေတရာ ပမာကဲတယ်
ရင်ထဲကနွေ ။
စစ်နွံက ရတက်ပွေ
ဗွေကောင်တွေ မာဆဲ ။
အားငယ်သူ ဖေးမလို့
တော်လှန်ကြမြဲ ။
ဇေယျတု ငွေခရု
ပြည်ယခု ငြိမ်းပါစေ ။
ကျင့်ဝတ်သိက္ခာ ရင်မှာကိန်းလို့
ထိန်းလျှောက်စို့လေ ။
ကောင်းမှုနဲ့ မေတ္တာဝေ
ဘဝအထွေထွေ အေးစေငြား ။
စပါးဆန်ရေ ပြည်တကြောမှာ
ပေါပြည့်စေသား ။ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက် နံနက် ၇ နာရီ ၄၈ မိနစ်
D Day News