NUG News

0 0
Read Time:4 Minute, 18 Second

အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် မူးယစ်ဆေးဝါးသုံးစွဲမှ စစ်တိုက်နိုင်သည်ဟု ဝန်ခံပြော ကြား၊ သိမ်းဆည်းရရှိသည့် ပမာဏကို ကြည့်ခြင်းအားဖြင့် ၎င်းတို့ကိုယ်တိုင်ရောင်း ဝယ်ဖောက်ကား နေသည်ဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရမည်မွန်ပြော

 

D Day News

အောက်တိုဘာလ ၁၅

 

အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် မူးယစ်ဆေးဝါးသုံးစွဲမှ စစ်တိုက်နိုင်သည်ဟု ဝန်ခံပြော ကြားခဲ့ကြောင်းနှင့် သိမ်းဆည်းရရှိသည့် ပမာဏကို ကြည့်ခြင်းအားဖြင့် ၎င်းတို့ကိုယ်တိုင်ရောင်း ဝယ်ဖောက်ကား နေသည်ဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရမည်မွန်က ပြောဆိုလိုက်သည်။

 

ပင်လည်ဘူး မြို့သိမ်းစစ်ဆင်ရေးတွင် သိမ်းဆည်းရရှိခဲ့သော ဘိန်းဖြူ ဆပ်ပြာခွက် (၁၃၅၂) ခွက်၊ ဘိန်းဖြူထုတ် (၁၂၈၅) ထုတ်နှင့် ဘိန်းမဲ ၁၈ထုတ် (တထုတ်လျှင် ၁ ပိဿာ ခန့်မှန်း) တို့ကို မီးရှို့ ဖျက်ဆီးခဲ့ခြင်း အခမ်းအနားတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

ပြည်သူ့တော်လှန်ရေး ရဲဘော်များကို ကူညီ စောင့်ရှောက်ပေးသည့် ရပ်မိရပ်ဖများကို အထူးကျေးဇူး တင်ကြောင်း၊ ဖမ်းဆည်း ရမိထားသည့် စစ်သုံ့ပန်းများကို မေးမြန်းရာတွင် မူးယစ်ဆေးဝါး သုံးစွဲထား ကြောင်းနှင့် မူးယစ်ဆေးဝါး သုံးစွဲမှ စစ်တိုက် နိုင်သည်ကို ဝန်ခံကြကြောင်း၊ စစ်ကောင်စီ တပ်သား များ သည် မူးယစ်ဆေးဝါးများ ကိုယ်တိုင်သုံးစွဲရုံ သာမက ယခု သိမ်းဆည်းရမိသည့် ပမာဏကို ကြည့် ခြင်းအားဖြင့် ၎င်းတို့ ကိုယ်တိုင် ရောင်းဝယ် ဖောက်ကားဖြန့်ချီနေကြောင်း NUG ၊ ပြည်ထောင်စုဝန် ကြီး ကာ ကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် သိမ်းပိုက်ရရှိ ထားသည့် မြို့၊ ရွာများတွင် ပြည်သူ့အုပ် ချုပ် ရေးကို ဖော်ဆောင်နေပြီး ပြည်သူ့အုပ်ချုပ်ရေးသည် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းဖြစ်ကြောင်း (တနည်းအားဖြင့်) ပြည်သူကို အလုပ်အကျွေးပြုရန် ဖြစ်ကြောင်း၊ တာဝန်ပေးထားသော စစ်ဘက်၊ အရပ်ဘက် တာဝန်ရှိသူများ၏ မဟုတ် မမှန်သည့် လုပ်ဆောင်ခြင်းများ ကိုလည်း တိတိကျကျ ကိုင်တွယ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆက်လက်ပြောဆိုသည်။

 

အကြမ်းဖက် စစ်တပ်၏ အကြိမ်ကြိမ် အာဏာသိမ်းမှုများကြောင့် ပြည်သူများနှင့်လူငယ်များ၏ ဘဝ များ ဆုံးရှုံးနစ်နာမှုကြီးမားခဲ့ပြီး တိုင်းပြည် သည်လည်း မည်သည့်နိုင်ငံနှင့်မှ မယှဥ်နိုင်ပဲ မျက်နှာငယ် ခဲ့ရ ကြောင်း၊ ၂၀၂၁ စစ်အာဏာသိမ်းမှုသည် အကြွင်းမဲ့ စစ်အာဏာလွှမ်းမိုးရေး ရည်ရွယ်ကြောင်း ထင်ရှားသည့်အတွက် လက်နက်ကိုင်ခုခံတွန်းလှန်စစ်ကို မဖြစ်မနေ ဆင်နွှဲခဲ့ရကြောင်း၊ ခုခံတွန်းလှန် မှု မပြုလုပ်လျှင် နိုင်ငံအနာဂါတ်ပျောက်မည် ဖြစ်သည့်အတွက် ခေတ်သမိုင်း၏ တာ ဝန်ပေးချက် အရ လက်နက်နှင့် အကြမ်းဖက်နေသူကို လက်နက်နှင့်တွန်းလှန်တိုက်ဖျက်မှရမည်ဟု သန္နိဋ္ဌာန် ချမှတ် ကာ တိုက်ပွဲဝင်နေခြင်း ဖြစ်ကြောင်း NUG ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။

 

အဆိုပါ မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားကို အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် ဦးဆောင်ကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဒေသနေပြည်သူများက လည်း အတူတက်ရောက်ခဲ့ကြောင်း၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို အမျိုးသားညီညွတ်ရေး အစိုးရ နှင့်ပြည်သူများ လက်တွဲညီညီ တိုက် ဖျက်သွားရန် လိုအပ်သည်ဟု NUG ကာကွယ်ရေးဝန်ကြီးက တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *