Magway News

0 0
Read Time:2 Minute, 50 Second

ရေစကြိုမြို့ ခလရ ၂၅၆ တပ်ရင်းမှ ထွက်လာသော စစ်ကြောင်းကို ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်မှု စစ် သား ၁ ဦးသေဆုံးပြီး ကံသစ်ကျေးရွာမှ ပြည်သူ့နေအိမ် ၁၀ လုံးခန့်ကို စစ်တပ်က မီးရှို့ဖျက်ဆီး

 

D Day News

အောက်တိုဘာလ ၁၅

 

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ခလရ ၂၅၆ တပ်ရင်းမှ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး အကြမ်းဖက်စစ်သားများက ကံသစ် ကျေးရွာရှိ ပြည်သူ့နေအိမ် ၁၀ လုံးခန့်ကို မီးရှို့ဖျက်ဆီးသွားကြောင်း ရေစကြို ပကဖ ထံမှ သိရသည်။

 

ယမန်နေ့အောက်တိုဘာလ ၁၄ ရက် နံနက် ၈ နာရီခန့်တွင် ရေစကြိုမြို့ လခရ ၂၅၆ တပ်ရင်းမှ အင် အား ၆၀ ခန့်ဖြင့် ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ပညင်းကျေးရွာနှင့် ကံသစ် ကျေးရွာကြားအရောက် ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်များက အသင့်စောင့် ဆိုင်းကာ မိုင်းဆွဲတိုက် ခိုက်ခဲ့ကြောင်း၊ အလားတူ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန်တွင် ကံသစ်ကျေး ရွာနှင့် ကြည့်ကန်ကျေးရွာ အကြားအရောက် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“မိုင်းဆွဲတာက ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တာ၊ မနက် ၈ နာရီလောက်မှာ တစ်ကြိမ်၊ နေ့လည် ၂ နာရီ ခွဲလောက်မှာတစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တာ၊ ၁ ယောက်သေပြီးတော့ ၂ ယောက်ဒဏ်ရာရသွား တာ။ သူတို့ဘက်က ပြန်ပစ်တာတော့ရှိတယ်။ ကျနော်တို့ရဲဘော်တွေအားလုံးဘေးကင်းပါတယ်။  မိုင်းဆွဲ တိုက်ခိုက်ခံရပြီးတော့ ကံသစ်ကျေးရွာအနီးက တောတိုက်တွေထဲမှာရှိတဲ့ အိမ် ၁၀ လုံး လောက်ကို မီးရှို့ သွားတာ။ အဲဒါပြီးတော့ တောင်အိုတာတိုင်ဘက်စစ်ဆေးရေးဂိတ်ကို တစ်ဖွဲ့ ထွက်သွားတယ်၊ ခလရ ၂၅၆ ဘက်ကို တစ်ဖွဲ့ပြန်သွားတယ်။” ဟု ရေစကြို ပကဖမှတာဝန် ရှိသူ တစ်ဦးက ပြောကြားသည်။

 

ထိုသို့ မိုင်းဆွဲတိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးကာ ၂ ဦးအပြင်းအထန် ဒဏ် ရာရရှိပြီး အထိနာသွားသော အကြမ်းဖက်စစ်သားများက ကံသစ်ကျေးရွာရှိ အပြစ်မဲ့ ပြည်သူ့ နေအိမ် ၁၀ လုံးခန့်ကို မီးရှို့ဖျက်ဆီးသွားကြောင်း၊ထို့နောက် စစ်သားအချို့မှာ ခလရ ၂၅၆ တပ်ရင်းသို့လည်း ကောင်း၊ ကျန်စစ်သားအချို့မှာ တောင်အိုတာတိုင်စစ်ဆေးရေးဂိတ်သို့လည်းကောင်းအသီးသီး ဝင် ရောက်သွားကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *