Human Right News

0 0
Read Time:3 Minute, 31 Second

သာယာဝတီအကျဉ်းထောင်၌ ထောင်တွင်းဆေးဝါးကုသခွင့်လုံလောက်ပေးအပ်ခြင်းမရှိသဖြင့် နိုင်ငံ ရေး အကျဉ်းသား ကိုဌေးအောင်ကျော် ကျဆုံး

 

D Day News

အောက်တိုဘာလ ၁၅

 

ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်အတွင်း၌ ထောင်တွင်း ဆေးဝါးကုသခွင့် လုံလောက်စွာ မရရှိ သဖြင့် နိုင်ငံရေးအကျဉ်းသား ကိုဌေးအောင်ကျော် ကျဆုံးခဲ့ရကြောင်း မြန်မာနိုင်ငံ လုံးဆိုင်ရာနိုင်ငံ ရေး အကျဉ်းသားများကွန်ရက် (PPNM) ထံမှ သိရသည်။

 

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ဘာအံမြို့နယ်အတွင်း၌ ဖမ်းဆီးခံရသူ အသက် ၄၁ နှစ် အ ရွယ် ကိုဌေးအောင်ကျော်သည် အကြမ်းဖက်စစ်ကောင်စီတပ်သားများ၏ စစ်ကြောရေးတွင် ညှင်းပန်း နှိပ်စက်ခံရပြီးနောက် ပုဒ်မ ၅၀ (ဂ) ပုဒ်မ ၅၀ (ည) တို့ဖြင့် ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံရကာ တောင် ကလေးအကျဉ်းထောင်အတွင်း၌ ချုပ်နှောင်ခံခဲ့ရကြောင်း သိရသည်။

 

ထို့နောက် ဖားအံမြို့နယ်၊ တောင်ကလေးအကျဉ်းထောင်မှ တဆင့် ကျိုမရော အကျဉ်းထောင်သို့ ၂၀၂၂ ခုနှစ်တွင် ပြောင်းရွှေ့ပို့ဆောင်ခံခဲ့ရကာ ကျိုက်မရောထောင်မှ သာယာဝတီထောင်သို့ ထောင် ပြောင်းရွှေ့ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

သာယာဝတီ‌ထောင်တိုက်ထဲ ဖမ်းဆီးချုပ်နှောင်ခံထားရစဉ် ကျန်းမာရေးထိခိုက်ပြီး နေမကောင်း ဖြစ်သည့်အတွက် ထောင်ဆရာဝန်ဖြင့် ပြသရာတွင် တီဗီရောဂါဖြစ်ကြောင်း ထောင်ဆရာဝန်မှ ပြော ဆို၍ တီဗီဆေးများကို သုံးလနီးပါးသောက်သုံးခဲ့ရကြောင်း၊ အမှန်တကယ်တွင်မှု ကိုဌေးအောင်ကျော် တွင် အသဲရောဂါရှိနေခြင်းဖြစ်သည်ကို နောက်ပိုင်းအချိန်ကြာမှ သိရှိရသည်ဟု ဆိုသည်။

 

ရောဂါပြင်းထန်လာသည့် ကိုဌေးအောင်ကျော်ကို ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် ထောင်ပြင်ပဆေးရုံသို့ ပို့ ပေးခဲ့ပြီး စက်တင်ဘာလတွင် ရောဂါပြန်လည်သက်သာလာကြောင်း ပြော၍ သာယာဝတီထောင်သို့ ပြန်လည်ခေါ်ဆောင်ချုပ်နှောင်ခဲ့ကြောင်း သိရသည်။

 

ထောင်ထဲတွင် နှစ်ပတ်ကြာခန့် ပြန်လည်နေထိုင်ရစဉ် အသဲရောဂါပိုမိုဆိုးရွားလာပြီး ထောင်ပြင်ပ ဆေးရုံသို့ ပြန်လည်ပြသရန်လိုအပ်လာခဲ့သော်လည်း အချိန်မှီ ထောင်ပြင်ပရှိ ဆေးရုံသို့ပို့ဆောင်နိုင် ခြင်း မရှိသည့်အတွက် ထောင်ပြင်ပဆေးရုံသို့ရောက်ရှိချိန်တွင် သတိလစ်မေ့မျောကာ အောက်တို ဘာလ ၁၃ ရက်နေ့ ညနေ ၆ နာရီ ၂၀ မိနှစ်ခန့်တွင် သတိလုံးဝပြန်လည်လာ ခြင်းမရှိ တော့ပဲ ကျဆုံးခဲ့ ရကြောင်း သိရသည်။

 

၂၀၂၄ ခုနှစ် ဇန်ဝနဝါရီလမှ အောက်တိုဘာလ(၁၅)ရက်နေ့အထိ အကျဉ်းထောင်တွင်း ဆေးဝါးစောင့် ရှောက်မှု လုံလောက်စွာမရရှိ၍ နိုင်ငံရေးအကျဉ်းသားကိုဌေးအောင်ကျော်အပါအဝင် နိုင်ငံရေးအ ကျဉ်းသား၊ အကျဉ်းသူ (၁၄) ဦး ကျဆုံးခဲ့ရပြီဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေး အကျဉ်း သား များကွန်ရက် (PPNM) က ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *