AA News

0 0
Read Time:4 Minute, 18 Second

ပင်လယ်ပြင်၌ ဓားပြအတိုက်ခံရပြီး ဘင်္ဂလားပင်လယ်အော်တစ်နေရာ၌ စွန့်ပစ်ထားခဲ့သော ဘင်္ဂလား ဒေ့ရှ် နိုင်ငံသား (၁၆) ဦးကို AA တပ်ဖွဲ့က ဘင်္ဂလားဒေရှ့်နယ်ခြားစောင့်တပ်ထံ လွှဲပြောင်းပေးအပ် (ရုပ်သံ)

 

D Day News

အောက်တိုဘာလ ၁၅

 

ပင်လယ်ပြင်၌ ဓားပြအတိုက်ခံရပြီး ဘင်္ဂလားပင်လယ်အော်တစ်နေရာ၌ စွန့်ပစ်ထားခဲ့သော ဘင်္ဂလား ဒေ့ရှ် နိုင်ငံသား (၁၆) ဦးကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ကမ်းခြေစောင့်တပ်မှ ကယ်တင် ပြီး သက်ဆိုင်ရာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲထံသို့ လွှဲပြောင်းပေးအပ်ပြီဖြစ်ကြောင်း ရခိုင့် တပ်တော် – AA က သတင်းထုတ်ပြန်သည်။

 

စက်တင်ဘာလ ၂၈ ရက်နေ့ နံနက် ၉ နာရီအျချိန်ခန့်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘာဇာခရိုင်၊ ကော့ဘာ ဇာမြို့၊ ပါဟားတူလီအစ္စလာမ်ပူ (ခ) ရှားဟာ့နိုရို နော်ဂေါ် ကျေးရွာမှ (၁၄) ဦး၊ ဘင်္ဂလား ဒေ့ရှ်နိုင်ငံ၊ ကော့ဘာဇာခရိုင်၊ တိုင်ကာနာမြို့၊ ဆားပြင်ပင်ဆိုး ရီကျေးရွာမှ (၁) ဦး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ကော့ဘာဇာခရိုင်၊ ကော့ဘာဇာမြို့၊ ဖီးချားရီက ကျေးရွာမှ (၁) ဦး တို့သည် မော်တော်ဘုတ် တစ်စီးဖြင့် ဘင်္ဂလားပင်လယ်အော်အတွင်းသို့ ငါးရှာရန် ထွက်လာခဲ့ကြောင်း သိရသည်။

၎င်းတို့သည် နှစ်ပတ်ခန့်ကြာမြင့်မည့် ငါးဖမ်းလုပ်ငန်းကို “ဟာမာအူလာစ်” မှ ဦးဆောင်လာခဲ့ခြင်း ဖြစ်ပြီး တစ်ပတ်ခန့်အကြာ အောက်တိုဘာလ (၄) ရက်နေ့၊ ညနေ (၆) နာရီခန့် အချိန်တွင် အမည် မသိ လက်နက်ကိုင် ဘင်္ဂလီ (၆၀) ဦးခန့်ပါဝင်သော ပင်လယ်ဓားပြအဖွဲ့တစ်ဖွဲ့က မော်တော်ဘုတ် ၃ စီး ဖြင့် ဓားပြတိုက်ခြင်းကို ခံခဲ့ရကာ ၎င်းတို့၏ မော်တော်ဘုတ်အတွင်း၌ပင် ဖမ်းဆီးလှောင်ပိတ်ခြင်း ကို ခံခဲ့ရကြောင်း သိရသည်။

 

အဆိုပါ အမည်မသိလက်နက်ကိုင် ပင်လယ်ဓားပြအဖွဲ့သည် ဟာမာအူလာစ်တို ဘုတ်အား ၎င်းတို့၏ မော်တော်ဘုတ် (၃) စီးဖြင့် ဝိုင်းရံပြီး လက်နက်များဖြင့် ပစ်ခတ်သတ်ဖြတ်ရန် ခြိမ်းခြောက်ကာ ရေ လုပ် သားငါးဖမ်းသမားများအား သေနတ်ဒင်၊ ဒုတ်များဖြင့် ရိုက်နှက်ခဲ့ကြောင်း၊ ထို့အပြင် ဘုတ်တွင် ပါလာ သမျှသော ပိုက်ဆံ၊ ဖုန်း၊ ရေနံဆီ၊ စားသောက်ကုန်၊ ရိက္ခာ၊ ဆန်၊ ဆီ၊ ဆား၊ ပိုက်ကွန်များ အား လုံး ကို ယူဆောင်သွားကာ ဟာမာအူလာစ်နှင့် ရေလုပ်သားငါးဖမ်းသမား များအားလုံးကို မော်တော် ဘုတ်၏ ဝမ်းဗိုက်အတွင်း မည်သည့်အစားအစာ၊ ရေမျှ မတိုက်ကျွေးဘဲ နှစ်ရက်ခန့် ပိတ်လှောင်ထား ခဲ့ကြောင်း သိရသည်။

 

အောက်တိုဘာလ (၇) ရက်နေ့၊ နံနက် (၄) နာရီခန့်အချိန်တွင် ပင်လယ်ဓားပြများမှ အာရက္ခဒေသ၊ မောင်တောမြို့၊ ကျောက်ပန္ဒူကမ်းခြေအနီး၌ ကမ်းတင်ရန်စီစဉ်ထားခဲ့ရာ အာရက္ခ ကမ်းခြေစောင့် တပ်က နံနက် (၆) နာရီခွဲခန့်အချိန်တွင်တွေ့ရှိ၍ အဆိုပါ ကမ်းတင်ဘုတ်တွင်ပါလာသော ဟာမာအူ လာစ် နှင့် ရေလုပ်သားငါးဖမ်းသမား (၁၆) ယောက်စလုံးကို ကယ်တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

 

အာရက္ခတပ် ကမ်းခြေစောင့်တပ်မှ ကယ်တင်ထားစဉ် ပင်လယ်ဓားပြများ၏ ရိုက်နှက်မှုများကြောင့် ဒဏ်ရာရလာသူများကို ဆေးကုသမှုပေးထားပြီး ကောင်းမွန်စွာ စောင့်ရှောက်ပေးပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ နယ်ခြားစောင့်တပ်ဖွဲ့နှင့် သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ ဆက်သွယ်ကာ အောက်တို ဘာလ ၁၄ ရက် ညနေ ၆ နာရီ ၁၅ မိနစ်အချိန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ Shaporir ဆိပ်ကမ်း၌ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့များထံသို့ ကောင်းမွန်စွာပြန်လည်အပ်နှံပေးခဲ့ကြောင်း အာရက္ခ တပ်တော် -AA က ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *